ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆန်း(၁၃)၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၆)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၄)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၁၀း၁၁)နာရီအထိ ဗုဒ္ဓဟူးမြေခံ ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံသို့ ပြောင်းလဲ ကျရောက် နေပါသည်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်း အကျိုး ကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့် အဆောက် အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူ တာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၁၀း၁၁)နာရီအထိ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက် နေပါသည်။ မိတ်ဆွေသစ်များတိုးပွားစေသော၊ကံကောင်းခြင်းတွေကိုပေးသော ဘဒြာ တီထိကျရောက်နေတဲ့ နေ့ရက်လဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက်တွေမှာ မိမိရဲ့ရပိုင်ခွင့်တွေတောင်းဆိုလို့ အထူးကောင်းပါတယ်။ လုပ်အားခတွေ၊လုပ်ပိုင်ခွင့်တွေကစလို့ ရစရာရှိတဲ့အကြွေးတွေထိ တောင်းဆိုလို့အဆင်ပြေ ပါတယ်။
စစ်ချီခြင်း၊စစ်ထွက်ခြင်းတွေစတင်လို့ကောင်းသလို အိမ်သစ်တတ်ခြင်းများလဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ စိုက်ပျိုး ထားတဲ့အသီးအနှံတွေကို ဆွတ်ခူးခြင်း၊ ရိတ်သိမ်းခြင်းတွေကို ပြုလုပ်ဆောင်ရွက်လို့ကောင်းပေမဲ့ သစ်ပင်စတင် စိုက်ပျိုးခြင်းတွေကိုတော့ တတ်နိုင်သလောက် ရှောင်လိုက်စေချင်ပါတယ်။
မိမိအိမ်အားအလှဆင်ခြင်း၊မိမိခန္ဓာကိုယ်အားအလှဆင်ခြင်းတွေ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ခန္ဓာကိုယ် အားနှိပ်နယ်ခြင်း၊အညောင်းအညာဖြေလမ်းလျှောက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။
အာမခံလုပ်ငန်းတွေ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ဘဏ်လုပ်ငန်းတွေကတော့ အဆင်ပြေပါလိမ့်မယ်။ စာချုပ် ချုပ်ဆိုခြင်းတွေ၊ အလုပ်ရှင် အလုပ်သမား၊အိမ်ရှင်အိမ်ငှားစာချုပ်ချုပ်ဆိုတာတွေကို အထူးပဲဆောင်ရွက်နိုင်ပါတယ်။
အလှကုန်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်း၊ စပ်တူအစုစပ်လုပ်ငန်းတွေတိုးတတ်မှုတွေကြုံရတတ်ပါတယ်။ အသင်း အဖွဲ့တွေစတင်ဖွဲ့စည်းခြင်း၊ ပါတီတည်ထောင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်နေရာသွားပြီး လူမှုရေးပရဟိတ လုပ်ကိုင်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။အနုပညာအလုပ်များ၊ရုပ်ရှင်စတူဒီယိုအလုပ်များ၊ရုပ်သံလိုင်းများ ထပ်မံတိုးချဲ့လုပ်ကိုင်ခြင်းများ အထူးဆောင်ရွက် လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ဒီနေ့ဟာ ငွေကြေးအပေးအယူကိစ္စမှန်သမျှ အထူးသတိရှိသင့်သော နေ့ရက်ဖြစ်ပါတယ်။ အငြင်းပွားရတတ်သည်။ စာရင်းဇယားများ မှားယွင်းတတ်သည်။ ကတိပျက်တတ်သည်။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် ရက်ကောင်း ဖြစ်သည်။ရောဂါဝေဒနာဖြစ်ကမပေါ့ဆအပ်ပါ။ နံနက်(၁၀း၃၀)နာရီမှ နေ့(၁၂း၀၀)ကြားကာလများတွင် အသွားအလာ၊ အနေအထိုင် အထူးဂရုစိုက်ပါ။ အန္တရာယ်များ ကြုံတွေ့ရတတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နေ့လည်(၁၀:၃၇)နာရီမှ နေ့လည်(၁၁:၂၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မေထုန်စန်းနံနက်(၁၁)နာရီ (၃၇)မိနစ်လွန် စန်းကရကဋ်ရာသီသို့ ပြောင်း သည်။ ကုမ်ရာသီဖွားဖြစ်ပါသည်။စိတ်ကူးကောင်းတယ်။ အပေါင်းအသင်းမက်တယ်။ ယာဉ်ကားနဲ့ ခရီးသွားနေရတာ ကိုမြတ်နိုး ကြသူတွေဖြစ်တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရှာဖွေရလွယ်သလို အသုံးလဲကြမ်းသူဖြစ်တယ်။ အိုင်တီပညာ အားကောင်းကြ ပြီး ခေတ်ရှေ့ပြေးကြသူတွေအဖြစ်မြင်ရလေ့ရှိတယ်။ စန်းအားကောင်းပြီး လူချစ်လူခင်များကြတယ်။ အထက်၊အောက် ညီအကိုတွေနဲ့ မတည့်တာ၊ဆွေမျိုးတွေနဲ့ ရန်သူသဖွယ်ဖြစ်ကြတာမျိုးကြုံရ လိမ့်မယ်။အထူးသိထား ရမှာက ရုတ်တရက်ကံကောင်းခြင်းဆိုတဲ့ကံကိုပိုင်ဆိုင်ကြထားတယ်။
မထင်မှတ်ဘဲ မုတ်ဆိတ်ပျားဆွဲကံပါ လာကြသူ တွေဖြစ်တယ်။ မွေးချိန်ပေါ်မူတည်ပြီး ကံကောင်းခြင်းအချိန်ကာလ ကွာနိုင်သည်။ ကောင်းတဲ့အချက်က ဘာသင်သင် တက်လွယ်တယ်။ ပညာနဲ့အသက်မွေးလို့ရတဲ့ကံကိုဖြစ်စေနိုင်ပါ တယ်။ အိမ်ထောင်ကျနောက်ကျတတ်ပြီး အိမ်ထောင် စောကျရင်လဲ မြဲဖို့ခက်ခဲတဲ့ ဇာတာပဲဖြစ်ပါတယ်။ အသက်ကြီး ပိုင်းမှနိုင်ငံခြားကံပေါ်တဲ့သူတွေအဖြစ်လဲတွေ့ရတယ်။ မှာလိုတာက အပျော်အပါးနှင့် အပေါင်းအသင်းမက်ခြင်းကို လျော့ချထားရင် ဘဝအောင်မြင်မှုပိုနိုင်တဲ့ ဇာတာပဲဖြစ် ပါတယ်။
ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ် ခြင်း၊ သူငယ်ချင်းများနှင့်လည်ပတ်ခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ် ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုး ခြင်းများ ကောင်း၏။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၄၉) နာရီမှ မွန်းလွဲ(၁၂:၁၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားကတော့ တနင်္ဂနွေသားသမီးပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သာကတော့ သောကြာ၊စနေသားသမီးပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ စိမ်းပြာရောင်နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ(၇)ရက်သားသမီးများအားလုံးအတွက်အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊၀၊၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်သောက် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695