ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၃)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၇)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ည(၇း၀၇)နာရီအထိ မိတ္တုမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲကျရောက် နေပါသည်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်း ဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရက်ယုတ်မာရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ည(၇း၀၇)နာရီအထိ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁)လုံး ပျော်ရွင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲ ကျရောက်နေပါတယ်။ ဒီလိုနေ့မျိုးမှာတော့ မိမိတို့ဖြစ်ချင်တာတွေကိုအားထည့်လုပ်သွားနိုင်ပါလိမ့် မယ်။ အထိုင်အလုပ်တွေပဲဖြစ်ဖြစ်၊ လှုပ်ရှားရုန်းကန်ရတဲ့အလုပ် တွေပဲဖြစ်ဖြစ်တိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့် မယ်။ဒါကြောင့်ပဲမိမိတို့ အလုပ်ထဲမှာအားထည့်ရင်ထည့် သလောက် တိုးတတ်နိုင်ပါလိမ့်မယ်။
ကဗျာစပ်ခြင်း၊စာရေးခြင်း၊ဝတ္ထုဆောင်းပါးရေးသားခြင်းတွေကိုဆောင်ရွက်ခြင်းဖြင့် စာကောင်းတစ်ပုဒ် ဖြစ်လာတတ် ပါတယ်။မင်္ဂလာကိစ္စအ၀၀လဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျန်းမာရေးကတော့အထူး အား ကောင်းပါတယ်။ ဆေးဝါးဓာတ်စာစားခြင်းတွေ စတင်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။
ကလေးငယ်တွေကို ထမင်းခွံခြင်း၊ အာဟာရစတင်ကျွေးမွေးခြင်းတွေကို အထူးကောင်းပါတယ်။ အသက် ၆၀ကျော် ပြီးတွေဖြစ်တဲ့လူကြီးတွေအတွက် ဖြည့်စွက်စာများမှီဝဲခြင်းမျိုးအထူးကောင်းပါတယ်။
ဒီလိုနေ့ရက်တွေမှာတော့သီလစောင့်တည်ခြင်း၊ ဘဝနာပွားများခြင်း၊ ဘုရားဖူးထွက်ခြင်းများ အထူးဆောင် ရွက်လို့ ကောင်းပါတယ်။ပန်းချီဆွဲခြင်း၊ပန်းပုထုခြင်း၊မြန်မာမှုလုပ်ငန်းစတဲ့အနုပညာနဲ့နွယ်တဲ့အလုပ်တွေကိုလဲလုပ်ကိုင် ဆောင် ရွက်လို့အထူးကောာင်းပါတယ်။
ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။
မိမိတို့ မိရိုးဖလာကိုးကွယ်တဲ့ နတ်တွေကို ပသတာ၊တင်မြောက်တာမျိုးတွေအထူးပဲဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။ အအေး၊အချိုရည်၊ရေသန့် စတဲ့အရည်နဲ့ပက်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ ထုတ်လုပ်ဖြန့်ချီ ခြင်းများလဲ အထူးကောင်းပါတယ်။
ပဋိပက္ခများလဲ ဖြေရှင်းရန်အထူးကောင်းပါတယ်။ မြှပ်နှံထားတဲ့ငွေကြေးတွေလဲ ပြန်ဖော်လာနိုင်မဲ့နေ့ရက်ပဲ ဖြစ်ပါ တယ်။ အရောင်းထိုင်းပစ္စည်းများလဲ ဈေးကွက်မှာပြန်လည်အရောင်းသွက်လာမဲ့နေ့ရက်ပါပဲ။ ရှေ့ဟောင်းပစ္စည်းများ တန်ဖိုးတတ်မဲ့နေ့ရက်ပါပဲ။
ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့် လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ဟာ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။ သူတစ်ပါးအပေါ် ယုံကြည်လွှဲအပ်ပြီး လုပ်သောကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ ရပ်ဝေးခရီးသွားလာခြင်းနှင့် ဆိုင်သောကိစ္စများ ဆောင်ရွက်ရန် သင့်ပါသည်။ လုပ်ငန်းခွင်မှ ပြဿနာဟောင်းများ ဖြေရှင်းနိုင်မည်။ ပဋိပက္ခဟောင်းများ ပြန်လည်ဖြေရှင်းနိုင်မည်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၀၀နာရီ၀၈မိနစ် ကနေ မနက်၁နာရီ၀၁မိနစ်အတွင်း၊မွန်းလွဲ၁နာရီ၀၃မိနစ်မှမွန်းလွဲ၁နာရီ၅၆မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၁၀:၂၁)နာရီမှ နေ့လယ်(၁၁:၂၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေးရင်သွေးငယ်များဟာရာဇဖွား၊သိဟ်စန်း၊ ပြုဗ္ဗဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊အရှေ့တိုင်းနိရာယနစနစ်အရ ကုမ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ထက်မြက်တယ်။ ပါးနပ်တယ်။ ရန်မလိုဘူး။ ထိန်းသိမ်းနိုင်စွမ်းရှိတယ်၊ မိမိစိတ်ကမကောင်းတာကို မလုပ်မိအောင်တားနိုင်တယ်။ ဒါကြောင့်ဘဝမှာ အမှားနည်းကြသူတွေဖြစ်ကြတယ်။ အား နာတတ် သူတွေဖြစ်ပါတယ်။ တစ်ခုခုဒေါသထွက်စရာကြုံလဲ ခဏသာဒေါသထွက်ပြီး စိတ်ပြေလွယ်သူတွေဖြစ်ပါ တယ်။ တစ်ခုခုစလုပ်တဲ့အချိန်တွေမှာ အခက်အခဲများရတတ်ပြီး လွယ်လွယ်နဲ့လက်လျောပါက ဘဝမှာယောင်ချာ ချာဖြစ် လွယ်ပါလိမ့်မယ်။ အစအဦးအခက်အခဲတွေကို ကောင်းစွာကျော်ဖြတ်နိုင်မှသာ အောင်မြင်မှုအထွဋ်အထိပ် ကိုရောက် ပါလိမ့်မယ်။ ကျန်းမာရေးအားကောင်းပြီး တော်ရုံရောဂါမဝင်တဲ့ဖွားဇာတာမျိုးပဲဖြစ်ပါတယ်။ ကျန်းမာရေး လိုက်စား သူတွေအသက်ကြီးသည်အထိ ကျန်းမာရေးဒေါင်ဒေါင်မြည်နိုင်တာကိုလဲတွေ့ရပါတယ်။ ငွေကြေးရှာဖွေ နိုင် စွမ်း ရှိပြီး လူများစွာကိုထောက်ပံ့နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ကြတယ်။ တမိပေါက်တစ်ယောက်ထွန်းဆို သလို မိဘ ဆွေမျိုး အသိုင်းအဝိုင်းအတွင်းမှာ ဘယ်သူမှမလုပ်ဘူးတဲ့အလုပ်နဲ့အောင်မြင်တတ်ပါတယ်။ အများနဲ့ မဆန့် ကျင်ပေမဲ့ သဘောထားမတိုက်ဆိုင်သူကိုအချိန်ပေးပြီးပေါင်းလေ့မရှိတာမို့ အပေါင်းအသင်းနည်းတယ်။ အတွေးများသူ ဖြစ်တယ်။ ဒါကြောင့် လက်တွေ့ဆန်ဆန်ထက် စိတ်ကူးဥာဏ်ကွန့်ပြီးလုပ်ရတဲ့အလုပ်တွေနဲ့ အောင်မြင်ကျော်ကြားလေ့ ရှိကြ တယ်။ဒီနေ့မွေးရင်သွေးငယ်များရဲ့ဟောစာတမ်းအကျယ်ကိုဖတ်လိုပါက➡️#https://www.facebook.com/awbarmoeastro မှာ ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၅) နာရီမှ ညနေ(၄:၄၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၄၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီဟိုစေ့လှော်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နွားနို့ယို(သို့)နို့ခဲဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695