ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆုတ်(၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၃)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့် တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ည(၈း၄၀)နာရီအထိ ကိတ််မြေခံကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက် နေပါသည်။ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်း ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ရက်ကန်း၊နဂါးပေါ် နှင့် မွန်းလွဲချိန်လူ့ပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ည(၈း၄၀)နာရီအထိ လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေသောနေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါသည်။ အလုပ်အကိုင်နဲ့ပက်သက်ပြီး ရှာဖွေခြင်း၊ CV ဖောင်တင်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ မိမိတို့ ရဲ့မိရိုးဖလာရိုးရာနတ်များအားပူဇော်ခြင်း၊ပသခြင်းများလဲ ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။
စက်ပစ္စည်းရောင်းဝယ်ခြင်းများ၊ ဒီနေ့မှာဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ဆေးဝါးအသစ်မှာစတင်ဖော်စပ် ခြင်းများလဲအထူးကောင်းပါတယ်။ ဆံသဆိုင်၊BEAUTY SALOON ၊အလှကုန်ပစ္စည်းအရောင်းဆိုင်များလဲဒီနေ့မှာ အဆင်ပြေချော့မွေ့တာတွေ့ရပါတယ်။
အိမ်ပြောင်းခြင်း၊နေရာထိုင်ခင်းပြောင်းရွှေ့ခြင်း၊ အလုပ်ရုံးခန်းပြောင်းရွှေ့ခြင်းများလဲ ဆောင်ရွက်သွားနိုင်တဲ့နေ့ ရက်ပါ ပဲ။ကလေးနာမည်ကင်ပွန်းတပ်ခြင်း၊ဆိုင်နာမည်၊လုပ်ငန်းနာမည်ဆိုင်းဘုတ်တင်ခြင်းများ ဒီနေ့မှာဆောင်ရွက်နိုင်ပါ လိမ့်မယ်။ဒီနေ့မှာခရီးကိစ္စလေးတွေကတော့ အနည်းငယ်အားနည်း ချက်ရှိနေတာကိုတွေ့ရပါတယ်။ အခြားကိစ္စတော် တော် များများ ကတော့ အညံ့ကင်းနေတဲ့နေ့ပါပဲ။
ယနေ့တွင် သစ်ပင်မခုတ်အံ့။ ယနေ့တွင် ခေါင်းဆေး၊ ခေါင်းလျှော်ပြုလျှင် အနာရောဂါများ ကင်းရှင်းအံ့။ ပြဿနာဟောင်းများကို ဖြေရှင်းအောင်မြင်နိုင်ပါသည်။ အလုပ်စီးပွားများ စတင်ဆောင်ရွက်ရန် အခါမသင်းသေးပါ။ မင်းအစိုးရနှင့် ပတ်သက်သော အလုပ်ကိစ္စများ ပြောဆိုရန် အထူးကောင်းပါသည်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။ မျက်မြင်ကိုယ် တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရောင်းဝယ်ကတိ သတိရှိရမည့်နေ့ရက် ဖြစ်နေပါတယ်။ အရှေ့အရပ်သို့ ဦးတည်သွားလာစဉ် အထူးသတိ ရှိပါ။ နံနက်(၇း၃၀)နာရီမှ (၉း၀၀)နာရီကြားကာလများတွင် မတော်တဆ ထိခိုက်မှုများ အထူးသတိရှိပါ။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၁နာရီ၅၅မိနစ် ကနေ မနက်၂နာရီ၄၆မိနစ်အတွင်း၊မွန်းလွဲ၂နာရီ၄၂မိနစ်မှမွန်းလွဲ၃နာရီ၃၃မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၁၀:၁၇)နာရီမှ နေ့လယ်(၁၁:၀၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဥတြဘရဂုဏီနက္ခတ်ဖြစ်တာမို့ဒီနက္ခတ်သည်အထက်မျှော်နက္ခတ်ဖြစ်ပြီးဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ ကျောက် ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ပန်းချီပန်းပုလုပ်ငန်း လုပ်ခြင်း၊အိမ်တက် မင်္ဂလာ လုပ်ခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ၀င်းခြံကာခြင်းများကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ သိဟ်စန်းနံနက်(၉)နာရီ (၅၃)မိနစ်လွန် စန်းကန်ရာသီသို့ပြောင်းသည်။ ကုမ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနည်းငယ် လူမှုရေးခေါင်းပါးကြသူများပါတယ်။ ရေလိုက်ငါးလိုက် မနေတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေအပေါင်းအသင်းအားနည်းပါတယ်။ ကိုယ်ပိုင်စီးပွားအကျိုးပြုမှု နည်းပါးပြီးတော့ အောင်မြင်မှုအတွက်ကျဆုံးမှုတွေများစွာ အရင်ဆုံးရင်ဆိုင်ရတတ်ပါတယ်။ ကံကောင်းတာက ကူညီမဲ့ သူတွေပေါများတယ်။ ကောင်းသောကံတွေကလဲ မကြာခဏအခွင့်အရေးအနေနဲ့ တံခါးလာခေါက်လေ့ရှိကြတယ်။မိမိ ကခံယူတတ်မယ်ဆိုရင်တော့ ဘဝမှာသေချာပေါက်အောင်မြင်လိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့ အလုံးစုံလွှမ်းမိုးခြင်းကို ခံရတတ်တဲ့ဇာတာမို့ စိတ်ဓာတ်ယုတ်ညံ့တဲ့ အိမ််ထောင်ဘက်ကိုရွေးမိရင်တော့ တစ်သက်လုံးစိတ်မချမ်းသာရ နိုင်ပါ ဘူး။ပညာရေးအတွက် အားရစရာ ကောင်းတဲ့ဇာတာပဲဖြစ်ပါတယ်။
ငွေကြေးလာဘ်လာဘပေါများကြသူတွေဖြစ်သလို လူမစွမ်းနတ်မဆို သလို မိမိမစွမ်းရင်တောင် ထောက်ပံ့မဲ့သူတွေ ကူညီမဲ့သူတွေပေါများနေတတ်ပါတယ်။ မကြိုက်တဲ့အချက်ကငွေကို အောက်လမ်းနည်းနဲ့ရှာချင်စိတ်ရှိတယ်။ လောင်း ကစား၊ အောက်ဆိုက်ရှာခြင်း၊မကောင်းမှုနဲ့အသက်မွေးခြင်းတွေကို ပိုမိုအားသန်သွားတတ်တာမို့ မိဘကအဆုံးအမတွေ ကို သေချာပေးနိုင်ဖို့လိုပါတယ်။ဒီနေ့မွေးရင်သွေးငယ်များရဲ့ဟောစာတမ်းအကျယ်ကိုဖတ်လိုပါက ➡️#https://www.facebook.com/awbarmoeastro မှာ ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၇) နာရီမှ မွန်းလွဲ(၁:၄၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၉၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရွှေထမင်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695