ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆုတ်(၄)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၈)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညပိုင်း(၉း၅၁)နာရီအထိ ရာဟုမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် စနေမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါတယ်။ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ် အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာ မျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ အမြိတ္တစုတ်၊သမားညို၊သမားဖြူ၊ ရှမ်းရက်ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၉း၅၁)နာရီအထိ လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေသောနေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကို ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက်ဟာ ကျော်ကြားခြင်း၊ငြိမ်းချမ်းခြင်းတွေကိုပေးတဲ့ ဘဒြာ တီထိကျရောက်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်သော ကိစ္စများ၊ ပြည်တွင်းငြိမ်းချမ်းဖို့ ကိစ္စများ၊ နိုင်ငံခြားနိုင်ငံတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေး ပွဲများလုပ်နိုင်တဲ့နေ့ရက်ပါပဲ။ မိမိစိုက်ပျိုးထားတဲ့သစ်ပင်ပန်းမန်တွေကို ဓာတ်မြေသြဇာကျွေးခြင်းများ အထူးကောင်း ပါတယ်။
စိတ်ချမ်းသာပျော်ရွှင်မှုတွေကိုရလာတတ်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ စိတ်ပျော်နေတဲ့အတွက်လဲ အရာရာကိုအဆင် ပြေအောင်လုပ်နိုင်ပါလိမ့်မယ်။ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများ၊ အိမ်၊ခြံမြေရောင်းဝယ်ခြင်းလုပ်ငန်း များအထူးကောင်းပါတယ်။
အထည်အဝတ်ထုတ်လုပ်ခြင်း၊ အဝတ်အစားဒီဇိုင်းသစ်တီထွင်ခြင်းများ အထူးကောင်းပါတယ်။ ပျိုရွယ်သူများ စန်းပွင့် နေတတ်ပါတယ်။အိမ်ထောင်သည်များကတော့ကာမဂုဏ်မကြူးအပ်ပေ။ ပြဿနာဟောင်းတွေကိုကောင်း စွာဖြေရှင်း နိုင်ပါလိမ့်မယ်။
ဘဏ်စာရင်းဖွင့်၍ ငွေကြေးစတင်စုဆောင်းခြင်း၊ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကံကောင်းနေတတ်ပါတယ်။ မိမိ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အလှူကိစ္စများ၊ဘာသာရေးကိစ္စများ အထူးဆောင်ရွက်နိုင်ပါ တယ်။ ရှင်ပြုခြင်းနားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲအထူးအဆင်ပြေပါလိမ့်မယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။ဆိုင်းဘုတ်သစ်တင်ခြင်းတွေ၊ လုပ်ငန်းသစ်စတင်ခြင်းတွေအထူးကောင်းပါတယ်။ မိမိကုန်ပစ္စည်းကို မိမိလုပ်ငန်းကို ကြော်ငြာခြင်းတွေကို အထူးကောင်းပါတယ်။
ဒီနေ့ဟာ အိုးအိမ်အသစ်များ စတင်တည်ဆောက်ခြင်းမပြုရပါ။ မီးဘေးသစ်၍ ပျက်စီးဆုံးရှုံးရတတ်သည်။ စတင် ဆောင် ရွက်သောကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ရင်းနှီးမြှုပ်နှံမှုများ မလုပ်ရ။ ဆုံးရှုံးနစ်နာရတတ်သည်။ ရောင်းမှား၊ ဝယ်မှားကိစ္စများ ငွေကြေးအပေးအယူမှားယွင်းမှုများနှင့် အငြင်းပွားစရာများ ကြုံတွေ့ရတတ်သည်။ ငွေကြေးနှင့် စာရွက်စာတမ်းလက်ပြောင်း၊ လက်လွှဲကိစ္စများ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၁၀:၁၃)နာရီမှ နေ့လယ်(၁၁:၀၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ကန်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်း ရှိတယ်။စွန့်စားရဲတယ်။ သူများမလုပ်ဘူးနဲ့နယ်ပယ်ကနေ ဖောက်ထွက်လုပ်ကိုင်ရဲကြသူတွေဖြစ်ပါ တယ်။ ဘာသင်သင် တက်လွယ်ကြတယ်။ မိမိထက် အဘက်ဘက်က အဆင့်အတန်းမြင့်တဲ့ဖူးစာဖက်နဲ့ကြုံတွေ့ရ တတ်တဲ့ဇာတာပဲဖြစ်ပါ တယ်။ အသက် ၂၀ကျော်ချိန်ကစလို့ ကောင်းသောကံတွေစတင်ပေါ်ထွန်းပါတယ်။ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက မိမိကိုယ်ရောင်ကိုယ်ဝါနဲ့ တောက်ပနိုင်တဲ့ဖွားဇာတာရှင်ပဲဖြစ်ပါတယ်။ငယ်ရွယ်စဉ်မှာကြောက်တတ် တယ်။ စိတ်ပူတတ်တယ်။ လူရှိန်ပြီးစကားနည်းတဲ့သူတွေဖြစ်တတ်ပါတယ်။ ကံကောင်းတာက လူချစ်လူခင်ပေါတယ်။ ငယ်ရွယ်စဉ်ကတည်းက ဝိုင်းဝန်းထိန်းမဲ့သူတွေပေါများတာမို့ မိဘတွေသက်သာပါလိမ့်မယ်။ ပညာကိုချစ်မြတ်နိုးတာမို့ ဘယ်ကပညာရရ ယူမယ်ဆိုတဲ့သူတွေမို့ အတတ်ပညာ၊အသိပညာအားကောင်းတဲ့သူတွေဖြစ်ပါတယ်။ မိဘတွေက ပညာတက်အသိုင်းအဝိုင်းကဖြစ်မယ်ဆို ဒီရင်သွေးငယ်အတွက် သိပ်ကောင်းပါတယ်။မိန်းကလေးဖြစ်စေ၊ယောကျာ်း လေးဖြစ်စေ အိမ်ထောင်ရေးကံအားကောင်းတာမို့ မိမိထက်သာလွန်တဲ့ အိမ်ထောင်ဘက်မျိုးကိုရတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၆) နာရီမှ ညနေ(၃:၁၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၃နာရီ၂၂မိနစ် ကနေ မနက်၄နာရီ၁၃မိနစ်အတွင်း၊မွန်းလွဲ၃နာရီ၅၈မိနစ်မှညနေ၄နာရီ၄၈မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဟဿတနက္ခတ်ကျရောက်တာမို့အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ရှင်ပြုနားသ၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေဖြန့်ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်းဝယ်ပြုလုပ်ခြင်း ကောင်း၏။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ရာဟု၊ ဗုဒ္ဓဟူး၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၆၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကိတ်ခြောက်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တည်သီးဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695