ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆုတ်(၅)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၂)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၉)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညပိုင်း(၁၀း၃၉)နာရီအထိ စနေမြေခံကျရောက်နေပြီး လွန်လျှင် သောကြာမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါတယ်။စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့် ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သမားညို၊မဟာရက်ကြမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၁၀း၃၉)နာရီအထိ လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၄)လုံး ပယ်ရှင်းခြင်းအတွက်သုံးရန်ပေးသောနေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါတယ်။ ဒီလိုနေ့ရက်တွေမှာ ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေ တိုးတတ်မှုတွေရှိ တတ်ပါတယ်။ ကားနှင့်ယန္တရားလုပ်ငန်းများ၊တွင်းထွက်ပစ္စည်းတူးဖော်ရှာဖွေရေးလုပ်ငန်းများလဲ အောင်မြင်မှုတွေ ရလာ တတ်ပါတယ်။ ဆေးပညာများအသစ်များစူးစမ်းရှာဖွေခြင်း၊ ဆေးဝါးသစ်ထုတ်လုပ်ခြင်း၊နည်း ပညာနဲ့ ပတ်သက်ပြီး အားထုတ်လုပ်ကိုင်ခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။
စာမေးပွဲကိစ္စများ၊အင်တာဗျုးကိစ္စများ ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက် ရင်လဲ ရောဂါရှာဖွေခြင်းများ၊ ဆေးစား၊ဆေးသောက်လုပ်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့လဲဖြစ်ပါတယ်။ စိတ် ဓာတ် ရင့်ကျက်စေသော သင်တန်းများ၊ခန္ဓာကိုယ်ကြံခိုင်စေသောသင်တန်းများ စတင်သင်ယူခြင်းများဆောင်ရွက် နိုင်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
နောင်အခါလုပ်ဆောင်ရမဲ့အလုပ်ကိစ္စများ၊ သွားရမဲ့ခရီးများအတွက် စီစဉ်ခြင်းများလဲ အထူးဆောင်ရွက်လို့ ကောင်း ပါ တယ်။ဋ္ဌာနဆိုင်ရာနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ မြန်မာလက်ရာ အနုပညာ ပစ္စည်းများ ရောင်းဝယ်လို့အလွန်ကောင်းပါတယ်။
ဂီတနှင့်ပတ်သက်သော၊ရုပ်ရှင်အနုပညာနှင့်ပတ်သက်သောအလုပ်များ ဆောင်ရွက်လို့အထူးကောင်းပါ တယ်။ ခရီးကိစ္စများလဲ အဆင်ပြေပါတယ်။ ခရီးသွားပြီးလုပ်ကိုင်ဆောင်ရွက်ရတဲ့ကိစ္စများ အဆင်ပြေချောမွေ့ပါလိမ့် မယ်။
မနက် ၇နာရီနောက်ပိုင်းစိတြနက္ခတ်ဖြစ်တာကြောင့် အနေကဇာတင်ခြင်း၊ ရှင်ပြုနားသခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေး စကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်းအဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ်လုပ်ခြင်း၊ မိတ်ဆုံ ပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။
ဒီနေ့ဟာ အသွားအလော၊ အနေအထိုင် အထူးဂရုစိုက်ရမည့် နေ့ရက် ဖြစ်နေပါတယ်။ ယာဉ်၊ ကား မောင်းနှင်မှု အထူး ဂရုစိုက်ပါ။ တောင်အရပ်သို့ အပျော်ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပါ။ နေ့(၁၂း၀၀)နာရီမှ (၁း၃၀)နာရီကြားကာလ များ တွင် အသွားအလာ၊ အနေအထိုင် အထူးပြုဂရုစိုက်ပါ။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်သည်။ ယနေ့ ဖေါ်စပ်သော ဆေးဝါးတို့တွင် ထူးခြားသောအကျိုးအာနိသင်များ ဝင်ရောက်နေမည်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၄နာရီ၂၈မိနစ် ကနေ မနက်၅နာရီ၁၇မိနစ်အတွင်း၊ညနေ၄နာရီ၅၂မိနစ်မှညနေ၅နာရီ၄၂မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၁၀:၀၉)နာရီမှ နေ့လယ်(၁၁:၀၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ကန်စန်း ည(၆)နာရီ (၅၂)မိနစ်လွန် စန်း တူရာသီသို့ ပြောင်းသည်။ ကုမ် ရာသီ ဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာကံကောင်းတာက မိဘဆွေမျိုးတွေရဲ့ သည်းသည်းလှုပ်အချစ်ခံရတတ် ပါတယ်။ ဆိုးတာက စည်းကမ်းတွေ၊ဘောင်တွေကိုကျော်လွန်ပြီးလုပ်လေ့ရှိကြသူတွေဖြစ်ပါတယ်။ ဒါမလုပ်နဲ့လို့တားရင် ရအောင်ခိုးလုပ်တတ်သူတွေဖြစ်ပါတယ်။ အပေါင်းအသင်းဝင်ဆန့်တယ်။ အချိတ်အဆက်ကောင်းတယ်။ နည်းပညာ အလုပ်များနှင့် စက်ကားယန္တရားကို ဝါသနာထုံသူတွေဖြစ်ကြတယ်။ ရပ်ဝေးကိုခရီးဆန့်လိုတယ်။ အားတိုင်းကမ္ဘာအနှံ ခရီးသွားလိုသူတွေဖြစ်ကြတယ်။ ကံကောင်းတာက ဘဝကဘယ်တောအခါမှ ဆိုးဆိုးဝါးဝါးနိမ့်ကျသွားလေ့မရှိတဲ့ဇာတာ ရှင်ရင်သွေးများပဲဖြစ်ပါလိမ့်မယ်။ အခက်အခဲတွေကိုရင်ဆိုင်ပြီးမှ ဘဝအောင်မြင်မှုတွေရတတ်ပါ တယ်။ မိဘအုပ် ထိန်း မှု ကောင်းမှ ဘဝအခြေအနေကောင်းနိုင်တဲ့ဇာတာရှင်အဖြစ်တွေ့ရတယ်။ ကျန်းမာရေးက အရွယ်သုံးပါး တစ်ပါး ပါးမှာ အပြင်းအထန်ဒုက္ခပေးတတ်ပါတယ်။ ဆိုဆုံးမမှုနည်းပြီး အလိုလိုက်လွန်းတဲ့မိဘတွေ လက်ထဲရောက်သွားရင် ပေါ့ပေါ့နေပေါ့ပေါ့စားပြီး တစ်ဘဝလုံးမရေမရာဖြစ်သွားနိုင်တဲ့ဇာတာရှင်ဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးရှာဖွေရ လွယ် ကူသူတွေ၊အလုပ်ပေါသူတွေဖြစ်တယ်။ ဒါကြောင့် လွယ်လွယ်ရ လွယ်လွယ် သုံးမိတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၄၇) နာရီမှ မွန်းလွဲ(၁၂:၁၆)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၁၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နာနတ်ယိုစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သခွားမွှေးဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695