loading

7.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 7.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၄)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၆)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  နေ့လယ်(၁၁း၂၁)နာရီအထိ ကိတ်မြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင်ရာဟုမြေခံအဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူး ကောင်းပါတယ်။

နေ့လယ် ၁၁နာရီခွဲကျော်ပါကရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ် အနှောင် ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာ မျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ၊ဝါရမိတ္တူကြီးရက် ကျရောက်နေတာ ဖြစ်ပါတဘ်။

ဒီနေ့ဟာ တီထိအရတော့  နေ့လည်(၁၁း၂၁)နာရီအထိ လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက်နေပြီးလွန်လျှင် လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျ ရောက် နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ဒီလို နေ့ရက်တွေမှာတော့ မိမိဖြစ်ချင်တာတွေကိုဖြစ်အောင် လုပ်နိုင်မဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။ ကျက်သရေမင်္ဂလာကို ပေးတဲ့တီထိဖြစ်တာ ကြောင့် ကျက်သရေယုတ်စေမဲ့ကိစ္စမှန်သမျှရှောင်လေ အဆင်ပြေလေပါပဲ။

ဒီနေ့မှာအေးဆေးစွာလုပ်ကိုင်ရသော ဥယျဉ်ခြံလုပ်ငန်းများ၊စာပေရေးသားခြင်း၊ဓာတ်ပုံရိုက်ခြင်း၊ပန်းချီဆွဲခြင်းများ လဲ အထူးဆောင်ရွက်လို့သင့်ပါတယ်။မွေ့ယာကုတင်နှင့် အိမ်ထောင်ပရိဘောဂလုပ်ငန်းများ တဖြည်းဖြည်းတိုးတတ် လာပါ လိမ့်မယ်။တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ခြင်းတွေ၊ခေါင်းလျှော်ခြင်းတွေ၊အလှပြုပြင်ခြင်းတွေအလေးပေး ဆောင် ရွက် နိုင်ပါတယ်။ အသင်းအဖွဲ့များစတင်ဖွဲ့စည်းခြင်း၊ ပါတီတည်ထောင်ခြင်းတွေ၊ ကိစ္စတစ်ခုခုကိုစုပေါင်းဖြေ ရှင်းခြင်း တွေအထူးကောင်းပါတယ်။ အထည်လုပ်ငန်းများလုပ်ငန်းများ၊ ထီးဖိနပ်လုပ်ငန်းများတိုးတတ်လာနိုင်တဲ့ နေ့ရက်ပဲ ဖြစ် ပါ တယ်။

            အသစ်တစ်ခုကိုဖန်တီးပြလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ မိမိလုပ်ကိုင်တဲ့အရာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းအသစ် ပဲဖြစ်ဖြစ် စာအုပ်အသစ်ပဲဖြစ်ဖြစ်ချပြလို့ မိတ်ဆက်လို့အထူးကောင်းပါတယ်။မိမိကုန်ပစ္စည်းကို ကြောငြာခြင်းတွေ၊ မိမိကုန်ပစ္စည်းကို Marketing ဆင်းခြင်းတွေကိုလဲ အထူးအလေးပေးဆောင် ရွက်နိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့်မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စ တွေ အားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြော ခြင်း များလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။ဒီနေ့ဟာ ရောင်းဝယ်ကတိ သတိရှိသင့်တဲ့ နေ့ရက်ဖြစ်နေပါတယ်။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။ ဈေးကွက်အပြောင်းအလဲနှင့် ကုန်စည်စီးဆင်းမှု အပြောင်းအလဲများနှင့် ကြုံတွေ့ရမည်။ အရောင်းအဝယ်ကိစ္စမှန်သမျှ သတိရှိပါ။ ပစ္စည်းဈေးနှုန်းတန်ဖိုးတို့ကို စနစ်တကျ လေ့လာပြီးမှ ရောင်းဝယ်ခြင်းများ ပြုလုပ်ပါ။

စိတြနက္ခတ်ဖြစ်တာကြောင့် အနေကဇာတင်ခြင်း၊ ရှင်ပြုနားသခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေး စကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်းအဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ်လုပ်ခြင်း၊ မိတ်ဆုံ ပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၈:၁၉)နာရီမှ နံနက်(၉:၁၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါ ထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၅နာရီ၃၈မိနစ် မှ ၆နာရီ၂၆မိနစ်ထိ၊ညနေ၅နာရီ၃၉မိနစ်မှည၆နာရီ၂၇မိနစ်အတွင်းဖြစ်ပါတယ်။ဒီအချိန်ကာလ အတွင်း က တော့ အရေး ကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  တူစန်း၊စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေး သူများဟာ အနစ်နာခံတတ် ကြသူတွေဖြစ်ပါတယ်။ ကောင်းသောစိတ်လေးတွေရှိတတ်ကြပြီး တစ်ပါးသူကို ကူညီ လိုစိတ်တွေ များပြားကြပါတယ်။ ကျန်းမာရေးအားနည်းချက်တချို့ပါလာတတ်ပေမဲ့ အဆိုးကြီးမဟုတ်ပါဘူး။ လူချစ် လူခင်များပြီးအရာရာကူညီတတ်တာ ကြောင့် အလုပ်လုပ်ရာမှာလဲ မိတ်များ၊ဖောက်သည်များမဲ့သူတွေဖြစ်ပါတယ်။ အသက်၂၈နေ အသက်၄၂အတွင်း အအောင်မြင်ဆုံးဘဝကိုတည်ဆောက်နိုင်မဲ့သူတွေဖြစ်ပါတယ်။ အသုံးအဖြုန်း နားလည်ဖို့ပဲလိုပါတယ်။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ရှိကြသူတွေဖြစ်ပါတယ်။ အေးချမ်းစွာနေပြီဆိုရင် လွန်စွာမှ သည်းခံတတ်ပြီးတော့ မိမိကိုအဘက်ဘက် ကဒုက္ခပေးလာရင်လဲ ကလဲ့စားပြန်ချေရမှကျေနပ်သူတွေဖြစ်ပါတယ်။ မိမိရဲ့အစွမ်းအစတွေကိုထုတ်နှုတ်ပြီးတော့ မိမိ ဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်ဖို့လိုပါတယ်။ အဘက်ဘက်က တော်ပေမဲ့ အံဝင်ခွင်ကျအသုံးမချတတ်တာက မိမိတို့ရဲ့အားနည်းချက်ဖြစ်ကြောင်းပါဗျ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၃၅) နာရီမှ မွန်းလွဲ(၁၂:၀၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင်နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊ လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင် တော့အာလူးဟင်းစားသွား  ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကျောက်ကျောဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *