ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၀၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၂)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၈း၁၈)နာရီအထိ ကြာသပတေးမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ဗုဒူဟူး မြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ ရသေ့ကျော်၊ အမြိတ္တစုတ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၈း၁၈)နာရီအထိ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်း၊ကြွယ်ဝခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။
ဇေဌနက္ခတ်မို့အချစ်ရေး ၊ မေတ္တာရေး စကားပြောခြင်း၊ ထီထိုးခြင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကား ရောင်းဝယ်ခြင်း၊ ပညာစ၍သင်ခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ စာရေးသားခြင်း၊ ပန်းချီ ၊ ပန်းပု ထုခြင်း၊ ကျောက်ဆစ်ထုခြင်း၊ သံထည်ကြေးထည်များ သွန်းလောင်းခြင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ကောင်း၏။
ရပ်တန့်ထားသောတစ်ပိုင်းတစ်ဖြစ်နေသောအလုပ်များလဲ ပြီးဆုံးအောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ အထူးဝင်ငွေတိုးတတ်နိုင်တဲ့နေ့ရက်မျိုးပါပဲ။ပြဿနာဟောင်းများကိုလဲကောင်းစွာဖြေရှင်းနိုင် ပါလိမ့်မယ်။
အလှူမင်္ဂလာကိစ္စတွေဖြစ်တဲ့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်းချခြင်းကိစ္စများလဲ အထူးပဲဆောင်ရွက်လို့သင့်တော်ပါလိမ့်မယ်။သောကြာဂြိုဟ်အုပ်စိုးတဲ့နေ့ရက် ဖြစ်တာ ကြောင့် အကအခုန် ၊အတီးအမှုတ်များ၊ ပွဲလမ်းသဘင်နှင့် ဖျော်ဖြေရေးကိစ္စများ အထူးဆောာင်ရွက်နိုင်ပါ တယ်။
ပညာရပ်အသစ်တစ်ခုကို စတင်သင်ကြားခြင်းများ အထူးကောင်းပါတယ်။ ထီဝါသနာပါသူများကတော့ 3/5/7 များများပါသောထီလက်မှတ်ကိုရွေးချယ်ကံစမ်းလို့အထူးကောင်းပါတယ်။ ဆေးဝါးအသစ်ဖော်စပ်ခြင်းများ၊ ဆေးဝါးနှင့် ပက်သက်သော စူးစမ်းလေ့လာခြင်းများဆောင်ရွက်နိုင်ပါတယ်။ ဆေးကုသမှုခံယူခြင်း၊မေ့ဆေးပေးခြင်း များလဲ ပြု လုပ်နိုင်တဲ့နေ့ရက်ပါ။ ဖြတ်လမ်းမလိုက်ဘဲ ဖြေးဖြေးမှန်မှန်တိုး တတ်ခြင်းကိစ္စတွေကိုလဲ အထူး ဆောင်ရွက် နိုင်ပါလိမ့်မယ်။ လယ်ယာကိုင်းကျွန်းစတဲ့ စိုက်ပျိုးရေးနှင့်ပက်သက် သောကိစ္စမှန်သမျှဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာ ရာဇမင်းထံ ဝင်ထွက်သွားလာခြင်း မပြုသင့်သော နေ့ရက် ဖြစ်နေပါတယ်။ ငွေကြေးကိစ္စ၊ စာရွက်စာတမ်း ကိစ္စများ ပြောဆိုဆောင်ရွက်မှုများ အဆင်ပြေအောင်မြင်မည်။ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၈:၀၃)နာရီမှ နံနက်(၈:၅၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာ ဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်း အကျိုး သွား များ ရရှိနိုင်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၂နာရီ၅၉မိနစ် မှ ၃နာရီ၄၄မိနစ်ထိ၊ညနေ၂နာရီ၁၄မိနစ်မှညနေ၂နာရီ၅၉မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဗြိစ္ဆာစန်း နေ့စက်(၁)နာရီ (၁၅)မိနစ်လွန် စန်း ဓနုရာသီသို့ ပြောင်းသည်။ မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာသူတစ်ပါးတွေရဲ့အကူအညီတွေကိုရဖို့ခဲယဉ်းကြသူတွေ အရာ ရာကို ကိုယ် ကပဲ တည်ဆောက်ယူကြရတယ်။ အမွေရတာမျိုး၊ထောက်ပံ့တာမျိုး၊အသိအမှတ်ပြုခံရတာမျိုးသိပ် ရှား တယ်။ တော်တော်ကြီးသူများကိုကူညီရင်တောင်နည်းနည်းပဲအသိအမှတ်ပြုခံကြရသူတွေပါ။ကောင်းတာဘယ် လောက် လုပ် လုပ်မုန်းသူတွေလဲ ရှိနေတတ်ကြပါတယ်။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားခဲ့ရတာကြောင့်ပဲ ဘဝမှာအောင်မြင် မှုခိုင် မာ တယ်။ ပညာရဲရင့်ပွဲလည်တင့်တယ်။အောင်မြင်ပြီးဆို ဘယ်သူမှလိုက်မမှီအောင် မြင့်မားသွားတတ်ပါ တယ်။လူ အများ ကိုစာနာနားလည်ခြင်း၊အများအကျိုးကိုကြည့်ခြင်း၊ မိဘကျေးဇူးကိုနား လည် ခြင်းစသော ကောင်းသော စရိုက်တွေ ပါလာတတ်သလို၊သူတစ်ပါးကိုစတတ်နောက်တတ် ခြင်း၊သူများကို ရုပ် တည်နဲ့ကြပ်တတ်ခြင်း၊ လူများ များနဲ့မှ ပျော် တတ်ခြင်းဆိုတဲ့အားနည်းချက်တွေပါရှိလာပါတယ်။ ဘဝစုံသလို အတွေ့ အကြုံ တွေစုံကြသူတွေ ဖြစ် ကြတယ်။ ဘဝအဓိပ္ပါယ်ကိုသိနားလည်ပြီးရိုးရှင်းစွာနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၄) နာရီမှ ညနေ(၄:၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၁၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ချဉ်ပေါင်ကြော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သာကူပြင်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။