ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၁၀)ရက်၊ သောကြာနေ့ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၁၄)ရက်၊သင်္ကြန်အကျနေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၀)နာရီဖြစ်ပြီး ၊ ညနေ(၆:၂၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၉)လုံး ပယ်ရှင်းခြင်းအတွက်သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာဈေးအသစ်ဖွင့်ခြင်း၊ ဆိုင်အသစ်ဖွင့် ခြင်းများအထူးကောင်းပါတယ်။ ကျန်းမာရေးကတော့ ဒီနေ့မှာအထူး ကောင်းနေပါလိမ့်မယ်။ နာတာရှည်ခံစားနေရ သူများ သက်သာခွင့်ရလာပါလိမ့်မယ်။
ဥတ္တရာသဠ်နက္ခတ်ဖြစ်ပြီးတော့ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ် တင်ခြင်း၊ ပန်းချီ ပန်းပု လုပ်ငန်းလုပ်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်း ခရီးသွား လာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူခြင်း ကောင်း၏။
ဝေးကွာနေတဲ့မိတ်ဆွေတွေနဲ့ပြန်ဆုံရတတ်ပါတယ်။ ကျေးဇူးရှိတဲ့သူက ကျေးဇူးသိတတ်ပြီးလာရောက်ကန်တော့ တာမျိုးတွေအထူးကြုံရတတ်ပါတယ်။ ပျိုးကြဲတာမျိုးတွေ၊ သီးနှံမျိုးစေ့ကြဲတာမျိုးတွေစတင်ဆောင်ရွက်လို့ ကောင်း တဲ့နေ့ပါပဲ။
စားသောက်ကုန်လုပ်ငန်းများ စတင်ဖွင်လှစ်ရောင်းချခြင်း၊ ဆေးခန်း၊ဆေးဆိုင်များ ဖွင့်လှစ်ခြင်းတွေဆောင်ရွက်နိုင် တဲ့နေ့ရက်ပါပဲ။ကျောက်မျက်ရတနာများ ဝယ်ယူခြင်းတွေ ရောင်းချခြင်းတွေလဲ အထူးကောင်းပါတယ်။မိမိဝယ်ထားတဲ့ ခြံမြေတွေကို မြေသန့်မင်္ဂလာပြုလုပ်ခြင်းများ အထူးဆောင် ရွက်လို့ကောင်းပါတယ်။
ဒီနေ့မှာ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုတွေရှောင်လိုက်စေချင်ပါတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေဝယ်တာပဲဖြစ်ဖြစ်၊ အလဲ အထပ်လုပ်တာပဲဖြစ်ဖြစ်သေချာစွာ စစ်ဆေးပါ။အနာအဆာပါတတ်ပါတယ်။ငွေကြေးအပေးအယူကိစ္စများ အငြင်း ပွားဖွယ်ရာကိစ္စတွေမဖြစ်အောင် သတိနဲ့လုပ်ပါ။ တာဝန်ခံပေးခြင်း၊ အာမခံပေးခြင်းရှောင်ပါ။ပြဿနာဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာ မြန်မာစံတော်ချိန် ညနေ(၆း၁၂)နာရီအချိန်ကာလတွင် အခက်အခဲပြဿနာများကို ဖြေရှင်းအောင်မြင် နိုင်ပါတယ်။ အရပ်ဝေးနှင့် ဆက်စပ်သောကိစ္စများ ဆောင်ရွက်ရန် အခါသင့်သည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ဆက် စပ်သော လုပ်ငန်းတို့မှ အကျိုးကောင်းများ ရရှိမည်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၈နာရီ၁၉မိနစ် မှ ၉နာရီ၀၂မိနစ်ထိ၊ည၇နာရီ၀၈မိနစ်မှည၇နာရီ၅၂မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၇:၅၁)နာရီမှ နံနက်(၈:၄၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မကာရစန်း၊ ဥတ္တရာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿ ရာသီ ဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းကြတယ်။ အမြဲတမ်းပြုံးရွှင်နေတတ် သူတွေမို့ လူချစ်လူခင်လဲသိပ်ပေါများကြ တယ်။ မိသားစုအတွက်အနစ်နာခံကြရသူတွေများပါတယ်။ သားကြီး သမီး ကြီး ဖြစ်မယ်ဆို ညီ၊ညီမတွေရဲ့နှိပ်စက် တာ ကိုခံရတတ်ပါတယ်။ ဂီတနယ်ပယ်၊နည်းပညာနယ်ပယ် ထူးချွန်ကြ တဲ့ သူတွေဖြစ်ပါတယ်။ ထူးထူးခြားခြားကိစ္စကတော့ ‘’ကား’’ကိုချစ် မြတ်နိုးတဲ့သူတွေဖြစ်နေတာကိုလဲတွေ့ရတတ် တယ်။စိတ်ကူး အယူအဆကောင်းတယ်ဗျ။ အတွေးကောင်းတယ်။ ခင်တတ်မင်တတ်တယ်။ ကူညီမဲ့သူတွေပေါများ တယ်။ငွေကြေး နဲ့ပတ်သက်ပြီးအကူအညီကောင်းတွေရလွယ်ကြသူတွေဖြစ်တယ်ဗျ။ ထူးခြားတာကမိခင်ရဲ့အကျိုး ကျေးဇူး ကို အထူး ခံစားရတဲ့သူတွေအဖြစ်တွေ့ရတယ်။ ကြိုးစားဖို့လိုတာက သက်လတ်ပိုင်းကာလတွေပဲဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကံပေးချိန်တွေမို့လို့ အသက် ၂၇ကစလို့ လုပ်တိုင်းဖြစ်တဲ့ပန်းပန်ချိန်ကာလတွေပဲဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၃၂) နာရီမှ မွန်းလွဲ(၁၂:၀၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၀၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဒိန်ချဉ်သောက် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။