ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၁၃)ရက်၊ တနင်္လာနေ့ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၁၇)ရက်၊နှစ်ဆန်းတစ်ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၀၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၄၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၂၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညနေ(၄း၄၅)နာရီအထိ ရာဟုမြေခံအဖြစ်ကျရောက်နေတာဖြစ်ပြီး လွန်လျှင် စနေမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ် ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်း တွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက် တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ရက်တံခွန်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ(၄း၄၅)နာရီအထိ လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျ ရောက် နေတာ ဖြစ်ပါတယ်။ ကံကောင်းခြင်း၊ကျက်သရေရှိခြင်းကိုအထူးပေးတဲ့ ဘဒြာ တီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီနေ့မှာ မည်သည့်နေ့သားမဆို ခေါင်းဆေးခြင်း၊ခေါင်းလျှော်ခြင်း များ ဆောင်ရွက် လို့အထူးကောင်းပါတယ်။
ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း၏။
ဒီလိုနေ့ရက်မျိုးမှာတော့ အိမ်တွင်းရေး၊ အိမ်ထောင်ရေး၊လူမှုရေးတွေမှာ ပဋိပက္ခတွေရှိရင်ဖြေရှင်းနိုင်ပါလိမ့် မယ်။ ငြိမ်းချမ်းရေးလက်မှတ်ထိုးခြင်းများ၊ အလုပ်ရှင် အလုပ်သမား၊အိမ်ရှင် အိမ်ငှား စာချုပ်ချုပ်ဆိုခြင်းတွေအထူး ကောင်း ပါတယ်။
ဒီနေ့မှာ လယ်ယာကိုင်းကျွန်း၊ဥယျဉ်ခြံတွေကို ဓာတ်မြေသြဇာတွေကျွေးခြင်း၊ ရွက်ဖြန်းအားဆေးပက်ဖြန်းခြင်း များလဲ ဆောင်ရွက်နိုင်ပါတယ်။ တပည့်မွေးခြင်း၊သင်တန်းသားလက်ခံခြင်း၊ ပညာပေးဝေခြင်းများလဲဆောင်ရွက်နိုင် တဲ့ေ န့ရက်ပါပဲ။ ရင်သွေငယ်မွေးဖွားခြင်းများ၊ ရောဂါဝေဒနာအတွက် ခွဲစိပ်ခန်းဝင်ကုသခြင်းများ၊အထူးကောင်း မွန်အဆင် ပြေပါလိမ့်မယ်။
နည်းပညာနဲ့ပတ်သက်သော ဟောပြောပွဲများ၊ အောင်မြင်ရေးနဲ့ပက်သက်သော ဟောပြောပွဲများ ဆောင်ရွက် အောင်မြင်နိုင်ပါလိမ့်မယ်။ဆေးဝါးအသစ်များမိတ်ဆက်ခြင်း၊ဈေးကွက်အတွင်းသို့စတင်ဖြန့်ဖြူးရောင်းချခြင်းများလဲ အလွန်ကောင်းပါတယ်။
ယနေ့တွင် သစ်ပင်မစိုက်ရ။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ အရေးကြီး သော စာရွက်စာတမ်းများ ပျောက်ရှတတ်သည်။ အတွင်းရေးရာ သတင်းစကားနှင့် လျှို့ဝှက်ချက်များ ပေါက်ကြား တတ်သည်။ အခက်အခဲများ ရင်ဆိုင်ဖြေရှင်းရန် အခါကောင်း ကျရောက်နေပါသည်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာ အရာရာ အထူးသတိရှိရမည့် နေ့ရက် ဖြစ်နေပါတယ်။ ဒီနေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပေရာ ကုသိုလ်ကောင်းမှု အလုံးစုံ ပြုလုပ်ရန် ရက်ကောင်း ရက်မြတ် ဖြစ်နေပေသည်။ မင်္ဂလာယူပြီးဆောင်ရွက်မည့် ကိစ္စ အလုံးစုံကို ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။ စတင်ခြင်းမှန်သမျှ ကောင်းသောအကျိုးဆက်များ ပေါ်ထွန်းလာနိုင်ပါ သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၇:၄၀)နာရီမှ နံနက်(၈:၃၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၀နာရီ၅၈မိနစ် မှ ၁နာရီ၄၁မိနစ်ထိ၊နေ့လယ်၁၁း၄၅နာရီမှမွန်းလွဲ၁၂နာရီ၂၈မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ကုမ်စန်း ည(၉)နာရီ(၆)မိနစ်လွန် စန်း မိန်ရာသီသို့ ပြောင်းသည်။ ပြဗ္ဗာ ဘဒြပိုဒ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများ ရန်အတိုက်အခိုက်နဲ့ယှဉ်ပြီးတော့ ကြိုး စားရတတ်ပါ တယ်။ ဘဝအတက်အကျများတယ်။ဘဝစုံတယ်၊အတွေ့အကြုံများလိမ့်မယ်။ လူဝင်စားဖြစ်နိုင်ခြေများ တယ်။ နှစ်ဆန်းတစ်ရက် နေ့မွေးတာမို့လို ကူညီမဲ့သူတွေပေါများကြတယ်။ငွေကြေးပြည့်စုံကြတယ်။ အားနည်းချက်က ဘဝမှာကြီးကြီးမားမားခွဲစိတ်ကုသ ရမဲ့ကံဝဋ်ကြွေးပါလာတယ်။ဒီနေ့မွေးသူများဟာအများမတူ ထူးခြားတဲ့စွမ်းရည်ရှိ ကြသူတွေပါပဲ။ ပညာရပ်တစ်ခုခုအပေါ်အလေးအနက်ထား လိုက်စားပြီးတစ်ဖက်ကမ်းခတ်တတ် မြောက်ပါလိမ့်မယ်။ ထိုပညာနဲ့ပဲ ဘဝမှာ အကောင်းဆုံးရပ်တည်သွားနိုင်တာမျိုးကြုံရတတ်ပါတယ်။အသက်၂၃ထိက ဘဝက နိမ့်လိုက်မြင့် လိုက် နဲ့ လှိုင်းပမာဖြစ်နေပေမဲ့ အသက်၂၄ကစလို့ ဘဝကတိုးတတ်မှုတွေအရှိန်အဟုန်နဲ့ ရလာ တတ်တဲ့ကာလပဲ ဖြစ်ပါတယ်။ အားနည်းချက်က အပူအောင်းလွယ်ပြီး ရေချိုးမပျင်းဖို့လိုပါတယ်။ မိမိဇာတိထက် အရမ်းအေးလွန်းတဲ့ နေရာတွေကိုသွားရင် သတိထားရပါလိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၂၃) နာရီမှ နံနက်(၈:၅၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၉၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဇီးဖျော်ရည်သောက် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695