ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လဆန်း(၁၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄:၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၄၁)နာရီဖြစ်ပြီး ၊ ညနေ(၆:၂၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညပိုင်း(၉း၂၆)နာရီအထိ ကြာသပတေးမြေခံအဖြစ် ကျရောက်နေတာဖြစ်ပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံ အဖြစ်သို့ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၉း၂၆)နာရီအထိ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေအဖြစ် ကျရောက် နေတာ ဖြစ်ပြီး လွန်လျှင် လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါ တယ်။ ကြည်လင်မှု၊စိတ်လက်အေးချမ်းမှုတွေကိုပေး တဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ဒါကြောင့် ဒီလိုနေ့ရက်မျိုးမှာတော့ဘာသာရေးဆိုင်ရာမြင့်မြတ် သောကိစ္စတွေကို အထူးအလေးပေးဆောင်ရွက်နိုင်ပါတယ်။ အခက်အခဲ ပြဿနာတွေကိုငြိမ်းချမ်းအောင်ဖြေရှင်းဖို့ ရက်ကောင်းလဲဖြစ်ပါတယ်။မင်းစိုးရာဇာနှင့် ဆက်စပ်သောကိစ္စ ရပ်များ ဆောင်ရွက်ရန်ကောင်းသောအချိန်အခါနေ့ ရက်ဖြစ်ပါတယ်။ အလုပ်လျှောက်ထားခြင်းများဆောင်ရွက်လို့ ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။
ငွေကြေးရင်းနှီးမြုပ်နှံခြင်းတွေကိုလဲဆောင်ရွက်နိုင်ပါတယ်။ လက်ကားအလုပ်များ၊ ကိုယ်စားလှယ်အလုပ် များနှင့် ဖြန်ချီရေးဖြန့်ဖြူးရေးအလုပ်များ ပိုမိုအားကောင်းမဲ့နေ့ရက်ပါပဲ။ ပညာဖြင့်ရပ်တည်အသက်မွေးသူများက တော့ဒီနေ့မှာ အဘက်ဘက်ကတိုးတတ်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့ဟာတီထိုးလို့အထူးပဲကောင်းပါတယ်။ ၁၊၅၊၈ ဂဏန်းများများ ပါတဲ့ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။
အစုရှယ်ယာဝင်ခြင်းတွေ၊ အသင်းအဖွဲ့စတင်ဖွဲ့စည်းခြင်းတွေ၊စုပေါင်းပရဟိတလုပ်ခြင်းတွေဆောင်ရွက်လို့ အထူး ကောင်းပါတယ်။ ကုမ္ပဏီများ ဝန်ထမ်းတွေကို သင့်တော်သလိုနေရာချထားခြင်းတွေ၊ လုပ်ငန်းနဲ့ပက်သက် ပြီးရာထူး အပြောင်းအလဲလုပ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ဒီလို နေ့မျိုးဟာ သမထဘာဝနာပွားများခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ ပုတီးစိပ်ခြင်း၊ဂါထာမန္တာန်ရွတ် ဖတ် ခြင်း၊အစီအရင်များပြုလုပ်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ အိုးအိမ်တည်ဆောက်ဖို့အတွက် အိမ် ဆောက် ပစ္စည်းဝယ်ယူခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။
အလှူအတန်းအလုပ်များ၊ကုသိုလ်ရေးနဲ့ပက်သက်သောအလုပ်များဆောင်ရွက်နိုင်ပါတယ်။ ဘုရားဖူးခရီးများ အလှူနဲ့ ပတ်သက် သောခရီးတွေအလွန်ကောင်းပါတယ်။ နိုင်ငံခြားသားများနှင့် ပက်သက်ဆက် နွယ်သောအလုပ် များ၊ နယ်စပ် ဒါမှမဟုတ်နိုင်ငံရပ်ခြားမှာစီးပွားရှာခြင်းများ အဆင်ပြေကောင်းမွန်တဲ့နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်း များ မိမိတို့ ထုတ်ကုန်များကို အွန်လိုင်းကနေကြော်ငြာခြင်း၊ပြည်တွင်းပြည်ပသို့ဖြန့်ဖြူးရောင်းချ ခြင်းများကောင်း ပါတယ်။
ဒီနေ့ဟာရှောင်သင့်တာတွေကတော့အပျော်ခရီးသွားခြင်းမျိုးတွေအထူးရှောင်သင့်ပါတယ်။ လောင်းကစား လုပ်ခြင်း၊ အကုသိုလ်အလုပ်တွေလုပ်ခြင်း၊ သီလပျက်မဲ့ကိစ္စတွေလုပ်ကိုင်ခြင်းမျိုးတွေအထူးရှောင်ရှားသင့်တဲ့နေ့ရက် ပဲဖြစ်ပါတယ်။ ဝိသမလောဘနဲ့ စီးပွားရှာသူများဆုံးရှုံးနစ်နာစရာတွေများတတ်ပါတယ်။
ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။ လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၂နာရီ၁၈မိနစ် မှ မနက်၃နာရီ၁၀မိနစ်ထိ၊ညနေ ၃နာရီ၂၀မိနစ်မှညနေ၄နာရီ၁၃မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။
ဒီနေ့ဟာ ကာမကျူးလွန်ခြင်းကို အထူးသတိထား ရှောင်ကြဉ်ရမည့် နေ့ရက် ဖြစ်နေပါတယ်။ မင်္ဂလာကိစ္စများ ဆောင်ရွက် ရန် မသင့်ပါ။ ငွေပေး၊ ငွေယူကိစ္စ သတိရှိပါ။ ဝယ်ယူသော ကုန်ပစ္စည်းများကို သတိနှင့် စစ်ဆေးပြီးမှ လက်ခံပါ။ ပြဿနာဟောင်းများကို ပြန်လည် ဖြေရှင်းနိုင်ပါတယ်။ ရပိုင်ခွင့်ဟောင်းများကို ပြန်လည် တောင်းခံနိုင် ပါတယ်။ အလုပ်လျှောက်၊ အလုပ်ရှာရန် ရက်ကောင်း ဖြစ်နေပါတယ်။ အရပ်ဝေးနှင့် ဆက်စပ်သော ကိစ္စများ ဆောင်ရွက် လုပ်ကိုင်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၆:၄၉)နာရီမှ နံနက်(၇:၄၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ သိဟ်စန်း၊ မာဃနက္ခတ်နှင့်စန်းယှဉ်မွေးသူ၊ မိဿရာသီဖွားဖြစ်ပါသည်။ဒီလို နေ့ရက်တွေမှာ မွေးဖွားလာကြသူတွေဟာ အများအားဖြင့် ပညာစရိုက်အားကြီးကြပါတယ်။ မိဘတွေသာ ပံ့ပိုးပေးရင် ပညာအရာမှာ အထွဋ်အထိပ်ကိုရောက်နိုင်ကြပါလိမ့်မယ်။ အသက် ၂၁နှစ်အထိ မေတ္တာရေးကံတည်ငြိမ်မှု အားနဲသလို..၊ အသက် ၃၀ကနေ ၄၆နှစ် ကြား သက်လတ်ပိုင်းကာလတစ်လျှောက်မှာတော့ ပညာဖြင့် ကောင်းစွာ အသက်မွေးနိုင်သော ကံအနေအထား ပါရှိလာကြသော ကလေးသူငယ်ပါပဲ။ ဓနဥစ္စာကံ နဲ့ ပညာကံမှာတော့ …မူလကံ အရကိုပင်လျှင် အားသာချက် ပါရှိလာသော ဇာတာရှင်ကလေးငယ်ပဲ ဖြစ်ပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်း ပေါ များ ခြင်း နဲ့ …ပညာရှင်များ၏ ပံ့ပိုးပေးမှုကို ခံစားရတတ်ခြင်း ကံများ …ကိုလည်းတွေ့ရကြောင်းပါဗျ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၄၉) နာရီမှ ညနေ(၆:၂၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ငွေရောင်နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၇၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သင်္ဘောသီးမှည့်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို…နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နား ဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695