ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လဆုတ်(၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ အောင်မြင်ခြင်း၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ စွမ်းအား တွေပေးတဲ့ ဇယျာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ ဒီနေ့ဟာ ဆေးဝါးဖော်စပ်ခြင်း၊ ထုတ်လုပ်ခြင်းတွေကို ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး ဆေးစစ်၊ဆေးကု၊ရောဂါရှာဖွေခြင်းများဒီနေ့မှာ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ အလုပ်စီးပွားတွေနဲ့ပက်သက်ပြီး team workရှိတဲ့အလုပ်တွေက ပိုမိုအောင် မြင်နိုင်ပါတယ်။ တစ်ဦးတစ်ယောက်ထက် အဖွဲ့အစည်း၊ဂရုရှိ တဲ့အလုပ် မျိုးတွေပိုမိုအဆင်ပြေတတ်တဲ့နေ့ရက်ပါပဲ။
အတိုက်အခိုက်ရှိမှတိုးတတ်တယ်..ဆိုတာဒီနေ့ကိုပြောတာပါ။လုပ်ငန်းတူတွေရဲ့တိုက်ခိုက်မှုကနေတဆင့်အကြံ ကောင်း၊ စိတ်ကူးကောင်းတွေရလာတတ်ပါတယ်။ မိမိရဲ့ကိုယ်စွမ်းကိုယ်စကို ထုတ်သုံးပြီးတော့လဲ အောင်မြင် အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ မိမိရဲ့ငုပ်လျှို့နေတဲ့အစွမ်းအစတွေကိုထုတ်သုံးသင့်ပါတယ်။
အလုပ်အကိုင်ပြပွဲများပြသခြင်းတွေ၊ ပညာရေးနဲ့ပက်သက်တဲ့ဟောပြောပွဲများဟောပြောခြင်းတွေ ပညာရေး နဲ့ပတ် သက် သောကိစ္စအ၀၀ဆောင်ရွက်ခြင်းတွေအထူးကောင်းပါတယ်။ လေကြောင်းခရီးသွားလာလှုပ်ရှားခြင်းတွေ အထူး ဆောင် ရွက်လို့ကောင်းပါတယ်။ ဒီနေ့အတွက် ခရီးကိစ္စများဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ကုန်ကူး ခြင်း၊ ကုန် သွယ်ခြင်း၊များ ဆောင်ရွက်နိုင်သလိုအပျော်ခရီး များ၊ဘုရားဖူးခရီးများလဲ သွားလို့ကောင်း တဲ့နေ့ပါပဲ။
ကြော်ငြာဆိုင်းဘုတ်များ၊ကြော်ငြာတဲ့ BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်း ခြင်းဝယ်ခြင်းအလုပ်များ၊ကြားကနေအဆင်ပြေအောင်အကျိုးဆောင်ပေးရတဲ့အလုပ်များပိုမိုအဆင်ပြေ တတ်ပါ တယ်။
စာပေအနုပညာနှင့်ပတ်သက်သောကိစ္စအ၀၀ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ စာရေးခြင်း၊ကဗျာစပ်ခြင်း၊ စာအုပ်ထုတ် ဝေခြင်းများလုပ်ဆောင်နိုင်တဲ့နေ့မျိုးပါ။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပတ်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်။
ရေဝတီနက္ခတ်သည်ဘေးနှစ်ဖက်မြင်နက္ခတ်ဖြစ်တာမို့ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ်စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချိရေး လုပ် ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်း၏။စစ်လက်နက်ဝယ်ယူခြင်းများ၊ စစ်ရေးလေ့ ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။ ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ပိုမို ကျွမ်းကျင်အောင်သင်တန်းပေးခြင်းများလဲပြု လုပ်နိုင်ပါ တယ်။
သတိထားသင့်တာတွေကတော့ဒီနေ့မှာ မြေပြိုခြင်း၊မြေပိခြင်း၊ တောင်ပြိုခြင်းတွေအထူးဖြစ်ရတတ်ပါတယ်။ မိုးများ တဲ့နေရာတွေမှာ ပိုမိုသတိထားကြပါဒီနေ့ဟာ အိုးအိမ် တည်ဆောက်ပြင်ဆင်ခြင်းများ လုံးဝမပြုသင့်သော နေ့ရက် ဖြစ်နေ့ပါတယ်။ ပြုလုပ်ပါက မီးလောင် ဆုံးရှုံးတတ်သည်။ ဆေးဝါးကုသခြင်းအတွက် ဆောင်ရွက်ရန် ရက်ကောင်း ဖြစ်နေပါတယ်။ သမားပြသခြင်း၊ ဆေးစစ်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၅း၄၇း၀၁)နာရီမှ နံနက်(၆း၃၈း၃၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မိန်စန်း၊ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ နံနက်(၈)နာရီ (၃၈)မိနစ်လွန် စန်း မိဿရာသီသို့ ပြောင်းသည်။ ပြိဿရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက်အခဲတွေကိုကောင်းစွာကျော်လွှား နိုင်ကြသူတွေဖြစ်တယ်။ ရန်အားကြီးသလို အောင်မြင်အားလဲ ကြီးမားကြပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ က မောက်ကမ ဖြစ်လွယ်တဲ့ဇာတာရှင်ဖြစ်တာမို့ သမီးမိန်းကလေးရင်သွေးငယ်ဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ရေးအထူး သတိထားရလိမ့်မယ်။ ကျန်းမာရေးအားကောင်းကြပေမဲ့ ဘဝမှာအရေပြားရောဂါတွေ၊ အစားမှားဆေးမှားခြင်းတွေ မဖြစ်ဖို့တော့ မိဘတွေကဂရုစိုက်ပေးရပါလိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၂) နာရီမှ မွန်းလွဲ(၁:၃၈)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၀၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပဲပြားကြော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက်ဆွမ်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
တစ်နေ့တာ အချစ်ရေး ကံတရားများ…..
တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.တစ်နေ့တာ အကျိုးပေးအရောင်များ
တစ်နေ့တာ အကျိုးပေးဂဏန်းများ
အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695