ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လပြည့်နေ့ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါ တယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၁း၅၁)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၅၁)နာရီအထိ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ စွမ်းအားများ၊အောင်မြင်မှုများကို ယူဆောင်လာပေးမဲ့ ဇယျာတီထိကျရောက်တဲ့ နေ့ရက်ပါပဲ။
ဒီလိုနေ့မျိုးမှာ မိမိကုန်ပစ္စည်းအတွက် ကြေငြာဆိုင်းဘုတ်များထောင်ခြင်း၊ လက်ကမ်းစာရွက်များ ၊ပန်းဖလက်များ ဝေ ခြင်းမျိုးတွေလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အစုရှယ်ယာလုပ်ကိုင်ခြင်းများ၊ ဘဏ်စာရင်းဖွင့်ပြီးငွေစတင်စုခြင်း များလဲ ဆောင်ရွက်နိုင်ပါတယ်။ဖုန်းရောင်းဝယ်ခြင်း၊ ဖုန်းအပိုပစ္စည်းရောင်းဝယ်ခြင်းများ၊ ပညာရေးနဲ့ပတ်သက် သောစာအုပ် စာတန်းများ ရောင်းချခြင်းများလဲ ဆောင်ရွက်လို့အထူးအောင်မြင်တတ်ပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ သမားတော်နဲ့ပြသခြင်း၊ဆေးဝါးမှီဝဲခြင်း၊ ဆေးစစ်ခြင်း၊ ခွဲစိပ်ကုသခံယူခြင်းများ စတင် ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ မလုပ်ဖြစ်ဘဲ ရပ်တန့်ထားတဲ့လုပ်လက်စ အလုပ်တွေ ရှိရင်လဲ ဒီနေ့မှာ ပြန်လည်လုပ်ကိုင်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာ လပြည့်နေ့နှင့် သောကြာနေ့တိုက်ဆိုင်နေပေရာ ဘုရားအနေကဇာတင်ရန် ရက်ကောင်းရက်မြတ် ဖြစ်နေပါ တယ်။ အနေကဇာ ဂါထာတော်ရွတ်ဆိုခြင်း၊ ဓမ္မဒါနလှူဒါန်းခြင်းတို့ကို ပြုလုပ်ရန် ရက်ကောင်း ဖြစ်နေပါတယ်။ နယုန်လပြည့်နေ့တွင် ပိတောက်(၂)လံကို (၄)ပိုင်းပိုင်းကာ ခြံထောင့်(၄)ထောင့်တွင် စိုက်ခြင်းဖြင့် ဓါးပြ၊ သူခိုးရန်မှ ကင်းစင်မည်။ အပူ(၁၁)မီး ငြိမ်းမည်။ ပိတောက်(၂)လံ မရပါက ပိတောက်ပင်ပေါက် (၄)ပင်ကို စိုက်ပျိုးရမည်။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်သည်။ သမားပြခြင်း ဆေးစစ်ခြင်းများ ပြုလုပ်နိုင်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၄၄း၀၇)နာရီမှ နံနက်(၅း၃၅း၄၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဝိသာခါနက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန် များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။
ဤနက္ခတ်သည် အောက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊သတ္တုမိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပု ပညာ ၊ အနုပညာ၊ အရေးအသား ၊သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ တူစန်း၊ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး ရင်သွေးများဟာ အများနဲ့မတူ သူတို့အတွေးအခေါ်တွေက မူလလူအများအတွေးတွေနဲ့ကွဲထွက်နေတတ်ပါတယ်။ဆန်း သစ်တယ်။ခေတ်ရှေ့ပြေးကြတယ်။ မိဘလက်ငုတ်အလုပ်တွေကို လုပ်ဖို့စိတ်ဝင်မစားကြသူတွေဖြစ်ပါတယ်။ အတွေး အခေါ်ကောင်းပြီး အသက် ၂၁ထိ မိဘက မလုပ်နဲ့ဆိုရင် လက်တည့်စမ်းပြီးလုပ်လိုစိတ်ရှိကြသူတွေဖြစ်ပါတယ်။ ငွေကြေးအကူအညီတွေရလွယ်ကြသူတွေဖြစ်သလို၊ မိမိတို့ထက်အဘက်ဘက်ကသာလွန်သော အိမ်ထောင်ဘက်များ လဲရရှိတတ်ပါတယ်။ အသက်၂၂ကနေ အသက် ၂၈အတွင်း လုပ်ငန်းခွင်မှာ ထူးထူးခြားခြားရာထူးတိုးတတ်ခြင်း၊ကိုယ် ပိုင်စီးပွားသမားများ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရရှိတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၂၆) နာရီမှ မွန်းလွဲ(၁၂:၀၄)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြည်ပြာရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရေအေးအေးလေး သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့မလိုင် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695