ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၁၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၁၀း၂၈)နာရီအထိ မိတ္တုမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
နံနက်(၁၀း၂၈)နာရီကျော်ပါကကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိ ပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၁၀း၂၈)နာရီအထိ လဆုတ်တီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လုံခြံရေးနဲ့ပတ်သက်သောကိစ္စများ အထူးဆောင်ရွက်လို့ကောင်းနေပါလိမ့်မယ်။ အိမ်ခြံစည်းရိုး ခတ်ခြင်း၊ လုံခြုံရေးဝန်ထမ်းခန့်အပ်ခြင်း၊ မီးခံသေတ္တာဝယ်ယူခြင်း၊ ခြုံလုံရန် ခွေးဝယ်ယူမွေးမြုခြင်းများ ဒီနေ့မှာ ဆောင်ရွက်လို့ သင့် တော်ပါတယ်။
အရည်နှင့်ဆိုင်သော အချိုရည်၊အအေး၊ရေသန့်လုပ်ငန်းများ အထူးတိုးတတ်ပါလိမ့်မယ်။ စားသောက်ကုန် လုပ်ငန်းများ ဒီနေ့မှာပိုမိုအောင်မြင်တတ်သလို အစားအသောက်နဲ့ဆိုင်သော လုပ်ငန်းများစတင်ဖွင့်လှစ်မယ်ဆိုလဲ အလွန်ကောင်းပါ တယ်။
လက်ထပ်ထမ်းမြားခြင်း၊စေ့စပ်ခြင်း၊မဂ်လာစကားပြောခြင်း၊ရုံးတတ်လက်မှတ်ထိုးခြင်းစတဲ့မင်္ဂလာကိစ္စများ လဲဆောင်ရွက်နိုင်ပါတယ်။ အိမ်တတ်မင်္ဂလာပြုလုပ်ခြင်း၊မိမိခြံမြေတွေကို မြေသန့်မင်္ဂလာပြုလုပ်ခြင်းများ၊နာမည် ပေးကင်းပွန်းတပ်မဂ်လာပြုလုပ်ခြင်းများဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဘုရားထီတင်ခြင်းများ၊ ဘုရား စတင် တည်ခြင်းများနှင့်ပက်သက်ပြီးတော့ စတင်ဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။
မိရိုးဖလာရိုးရာနတ်တွေကို ပူဇော်ခြင်း၊ပသခြင်းများဆောင်ရွက်နိုင်ပါတယ်။ရန်ပဋိပက္ခတွေရှိရင်လဲငြိမ်းချမ်း အောင် ဆောင် ရွက်နိုင်ပါလိမ့်မယ်။
ရှောင်သင့်တာတွေကတော့ အရေးကြီးတဲ့စာချုုပ်စာတန်းတွေဒီနေ့မှာချုပ်ဆိုလို့မသင့်ပါဘူး။ခရီးကိစ္စများလဲ စတင် ဆောင်ရွက်လို့မသင့်ပါဘူး။ အထူးသဖြင့် အလုပ်နဲ့ပတ်သက်သောခရီးများ၊စီးပွားရေးနဲ့ပတ်သက်သောခရီး များလဲ အဆင်မပြေဖြစ်ရတတ်ပါတယ်။ယာဉ်၊ကားများလဲ ဝယ်ယူလို့မကောင်းသေးတဲ့နေ့ရက်ပါပဲ။ရေတွင်းရေကန်များ၊ အဝီစိ တွင်းများ စတင်တူးဖော်ခြင်းမျိုးဒီနေ့မှာ ရှောင်လိုက်စေချင်ပါတယ်။ဒီနေ့ဟာအစာချက်မှုကို အားနည်းစေတတ်ပါ တယ်။ ရင်ပြည့်ရင်ကယ်နဲ့ နေမထိထိုင်မသာအလွန်ဖြစ်ရ တတ်ပါ တယ်။စားပိုနှင့်အောင်မစားလိုက်ပါနဲ့။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှု တွေကိုရရှိပါ လိမ့်မယ်။
ဒီနေ့ဟာ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ တည်ဆောက်နိုင်ပါတယ်။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီကြား ဆောင်ရွက်သောကိစ္စများ အောင်မြင်မည်။ အရောင်းထိုင်း ပစ္စည်းများ အရောင်းအဝယ်သွက်လက်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၀၀း၅၂)နာရီမှ နံနက်(၄း၅၂း၂၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရေဝတီနက္ခတ်သည်ဘေးနှစ်ဖက်မြင်နက္ခတ်ဖြစ်တာမို့ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ်စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချိရေး လုပ်ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ မိန်စန်း ညနေ(၄)နာရီ (၅၃)မိနစ်လွန် စန်းမိဿရာသီသို့ ပြောင်းသည်။ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် အာရုံစူးစိုက်မှုအား ကောင်းကြသူတွေဖြစ်ပါတယ်။ ငယ်ရွယ်စဉ် အလယ်တန်းကျောင်းသာဘဝကတည်းက ကြီးလာရင်ဘာလုပ်မယ်ဆိုတာ မိဘမတိုက်တွန်းရဘဲသိနေတတ်ပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်အားကောင်းတာကိုလဲ တွေ့ရပါတယ်။ ငွေကြေး စီးပွားအားကောင်းကြသူတွေဖြစ်ပါတယ်။ အားနည်းချက်က အမျိုးသမီးတွေနဲ့ပတ်သက်ရင် ကံဆိုးမှုတွေကြုံရ တတ်ပါတယ်။ ရေလမ်းခရီးနှင့် စိတ်မချရတဲ့နေရာတွေမှာ ရေဆော့ခြင်းမျိုးတွေအထူးရှောင်ပါ။ပညာရေးကံမှာလဲ နီးနီးနားနားကျောင်းထက် အိမ်နဲ့ဝေးတဲ့ကျောင်းတွေ၊သင်တန်းတွေမှာ တက်ရောက်ရတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၂၂) နာရီမှ ညနေ(၅:၀၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၈၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ထီးဆောင်း သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပိန္နဲသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695