ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၁၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၉း၄၈)နာရီအထိ ကိတ်မြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိ ပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူး ကောင်းပါတယ်။
နံနက်(၉း၄၈)နာရီကျော်ပါကရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင် ခံရတတ်ခြင်း စသော အကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်း တံတားတွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူး ရှောင်သင့်ပါသည်။
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၉း၄၈)နာရီအထိ လဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေ တာ ဖြစ်ပါတယ်။ အလှူအတန်း များ၊ ဘာသာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းဆိုရန် ကောင်းပါ သည်။ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ ကောင်းသော အကျိုးဆက်များ ရရှိမည်။
ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်နေပါတယ်။ ကြော်ငြာခြင်း၊ မိတ်ဆက်ခြင်းများ ပြု နိုင်သည်။ ပဋိပက္ခများ ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်မည်။ အရပ်ဝေးနှင့် ဆက်စပ်သောကိစ္စများ ဆောင်ရွက် နိုင် သည်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်ကိတ်မြေခံအချိန်မှာသာ အဆောက်အဦးကိစ္စဆောင်ရွက်ပါ။
ဒီလိုနေ့မျိုးမှာတော့ အဆောင်လက်ဖွဲ့တွေကို သိဒ္ဓိတင်ခြင်းများ ဆောင်ရွက်လို့အလွန်ပဲကောင်းပါတယ်။ ပယောဂ များ ၊အမှောင်အနှောက်အယှက်များကို စတင်ကာကွယ်ခြင်း၊ကုသခြင်းများ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။
အနာရောဂါများအတွက် ခွဲစိပ်ကုသခြင်းများလဲ ဆောာင်ရွက်နိုင်ပါတယ်။ အနုပညာလုပ်ငန်းတွေဖြစ်တဲ့ ရုပ်ရှင်၊ဂီတ သီချင်း၊စာပေစတဲ့ကိစ္စများလဲ အောင်မြင်ထွန်းပေါက်တတ်တဲ့နေ့ရက်ပါပဲ။ အနာရောဂါများအတွက် ခွဲစိပ်ကုသခြင်း များလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်သည်။ ကြော်ငြာခြင်း၊ မိတ်ဆက်ခြင်းများ ပြုနိုင်သည်။ ပဋိပက္ခများ ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ပါတယ်။ အရပ်ဝေးနှင့်ဆက်စပ်သောကိစ္စများ ဆောင်ရွက်နိုင်ပါတယ်။
ရင်သွေးအမည်ပေးခြင်း၊ ဆိုင်အမည်ပေးခြင်း၊လုပ်ငန်းအမည်ပေးခြင်းများလဲ နီးစပ်ရာဆရာတွေဆီမှာ မေးမြန်း အတည် ပြုလို့အဆင်ပြေမဲ့ နေရက်ပါပဲ။အလှူမဂ်လာနှင့်ဆိုင်သော ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများလဲ အထူးဆောင်ရွက်သွားနိုင်ပါ လိမ့်မယ်
ရှောင်သင့်တာတွေကတော့ဒီလိုနေ့ရက်တွေမှာ ရာဂများ၊ကာမဂုဏ်များလွန်ကြူးလို့ လုံးဝမသင့်ပါဘူး။ စည်းစိမ် အရမ်းခံတာမျိုးတွေလဲ ဒီနေ့မှရှောင်စေချင်ပါတယ်။ ငွေကြေးချေးငှားခြင်းများမလုပ်ပါနဲ့။ ဒီနေ့မှာ ချေးလိုက်ရင် ဆုံးပါးသွားတတ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၅၆း၅၆)နာရီမှ နံနက်(၄း၄၈း၃၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။
.
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မိဿစန်း၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ငွေကြေးကံအားကောင်းကြသူတွေဖြစ်ပါတယ်။ စီးပွားကိုတစ်မျိုးမကဘဲ ကျယ်ပြန့် စွာရှာနိုင်သူတွေဖြစ်ပါတယ်။ အလုပ်နှစ်မျိုးသုံးမျိုးလုပ်ရခြင်း၊အလုပ်တစ်ခုထဲကိုပဲဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်လုပ်ကိုင် ရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ စီးပွားရေး ငွေကြေးကံ ပညာရေး အထူးကောင်းတဲ့ ဇာတာရှင်ပါပဲ။ အဲ……အား နဲချက် ကတော့ မေတ္တာရေးပါပဲ။ ဘယ်လိုနည်းနဲ့ပဲတွက်တွက် ….မေတ္တာရေးကံအားနဲချက်ကတော့ အနဲနဲ့အများ ရင် ဆိုင် ကြရမယ့်ကလေးငယ်ပါ။ အချစ်ရေးကံခေတတ်ခြင်း ၊ ချစ်သူကသစ္စာမဲ့ခြင်းမျိုးတွေကြုံရပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မွေးရင်သွေးများဟာ မိန်းကလေးဖြစ်မယ်ဆိုရင်နာမည်ပေးမမှားအောင် သေချာမှည့်ပေးဖို့လိုပါတယ်။ နာမည်ကို ဗုဒ္ဓဟူးအစ တနင်္လာအဆုံးနာမည်တွေကိုအထူးရှောင်ပြီးမှည့်စေချင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၆) နာရီမှ မွန်းလွဲ(၁:၄၄)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၃၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းယိုစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ရှမ်းခေါက်ဆွဲ ယတြာကတော့ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်း အကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်း စကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695