ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လကွယ်နေ့ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင် ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၁၀း၁၁)နာရီအထိ သောကြာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကြာသပတေး မြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါ များ ခြင်း အကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။
နံနက်(၁၀း၁၁)နာရီနောက်ပိုင်းလဲကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက် အဦးတွေ၊ ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာ မျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၁၀း၁၁)နာရီအထိ လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန်ပေးတဲ့ နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လကွယ်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့ဟာ မင်္ဂလာတရားတော်နှင့် ပြည့်စုံသော ရက်ကောင်း၊ ရက်မြက် ဖြစ်နေပါတယ်။ မင်္ဂလာကိစ္စ မှန်သမျှ ဆောင်ရွက်ရန် သင့်သည်။ ပြဿနာအခက်အခဲများ ဖြေရှင်းသင့်သည်။ ပညာအတတ်များ စတင်သင်ကြားရန် ရက်ကောင်း ဖြစ်သည်။ အိုးအိမ် တည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်သည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းဆိုနိုင် သည်။ ကုန်ပစ္စည်းများ ဝယ်ယူသိုလှောင်၍ အကျိုးရှိမည်။
ခရီးသွားခြင်း၊ကုန်သွယ်ခြင်း၊ကုန်ကူးခြင်းတွေအထူးကောင်းပါတယ်။ မိမိလုပ်ငန်းအတွက်ဆိုင်းဘုတ် ထောင်ခြင်းများ ၊ကြေငြာခြင်းများ၊လက်ကမ်းစာစောင်များဝေခြင်းတွေ၊ ပန်းဖလက်များဝေခြင်းတွေအထူးပဲ ဆောင် ရွက်နိုင်ပါလိမ့်မယ်။
ဆံသခြင်းများ၊ အလှပြုပြင်ခြင်းများ၊ဆောင်ရွက်နိုင်ပါတယ်။ ဆေးဝါးသစ်မိတ်ဆက်ခြင်းတွေ၊အလှကုန် ပစ္စည်းများ စတင်ဖြန့်ချီခြင်းတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။သစ်ပင်စိုက်ခြင်းမျိုးစေ့ကျဲခြင်းများ၊ဓာတ်မြေသြဇာကျွေးခြင်းများ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။အနု ပညာအလုပ် များ စတင် ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဆေး ဆိုင်၊ဆေးခန်းအလုပ်များ၊ ပညာရေးနဲ့ပက်သက် သောအလုပ် များအဆင်ပြေအောင်မြင်မှုတွေရတတ်ပါတယ်။
ယနေ့တွင် တွင်းတူးခြင်း၊ ကျင်းတူးခြင်းများ မပြုအပ်ပါ။ ယနေ့တွင် သမားပြသခြင်း၊ ဆေးကုသခြင်းများ ပြု လုပ်နိုင်သည်။ ရပိုင်ခွင့်များလည်း ပြန်လည်တောင်းခံနိုင်သည်။ အခက်အခဲများ ဖြေရှင်းအောင်မြင်နိုင်သည်။ အကြီး အကဲများထံ ဝင်ထွက်သွားလာရန် အချိန်အခါကောင်းကျရောက်နေပါသည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီ ကြားကာလများတွင် ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ အရပ်ဝေးနှင့် ဆက်စပ်သော လုပ်ငန်းများ ဆောင်ရွက်နိုင်သည်။
ရက်ကောင်းဖြစ်တဲ့အတွက် လက်ထပ်ထိမ်းမြားခြင်း၊မင်္ဂလာဆွမ်းကျွေးခြင်း၊အိမ်တက်ဘုရားနေကဇာတင်၊ကုမ္ပဏီ ဖွင့် ၊ဆိုင်ဖွင့်ကိစ္စများအလေးပေးဆောင်ရွက်နိုင်ပါတယ်။ မင်္ဂလာမည်သော ကောင်းသောကိစ္စများအလေးပေး ဆောင်ရွက် နိုင်တဲ့နေ့တစ်နေ့လဲဖြစ်ပါတယ်။
ဒီနေ့ဟာရောဟဏီနက္ခတ်ဟာ ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက် ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ ရေရှည်တည်တံ့သော သို့မဟုတ် ထာဝရအကျိုး သက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များအတွက် သင့်လျော်သည်။ ဤနက္ခတ်သည် အထက်သို့မျက်နှာ မူသော နက္ခတ် ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ် )၊ အထပ်မြင့် အဆောက်အဦး /အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၄၅း၀၈)နာရီမှ နံနက်(၄း၃၆း၄၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြိဿစန်း၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ဒီ နေ့မွေးသူများဟာအများအားဖြင့် စိတ်ချမ်းသာမှုကိုလိုလားကြပါတယ်။ ပျော်ပျော်ပါးပါးနဲ့ စိတ်လက်ကြည်သာစွာနဲ့ဘဝ ကိုဖြတ်သန်းလိုကြသူတွေဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစိုးရိမ်စရာမရှိပေမဲ့ အသုံးအဖြုန်းကြမ်းတဲ့ မိမိစိတ်ကို တော့ပြုပြင်ဖို့အထူးလိုအပ်ပါတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ကံခေတတ်သူတွေဖြစ်တာမို့ ဒီနေ့မွေးရင်သွေးဟာ ယောကျ်ားလေးဖြစ်မယ်ဆိုရင် အိမ်ထောင်ရေးမှာ အားနည်းချက်ဖြစ်ပေါ်လာတတ်ပါတယ်။ ဘာသာစကားသင်ကြားရ လွယ်ကူတဲ့သူတွေဖြစ်တာမို့ မိခင်ဘာသာစကားအပြင်အခြားဘာသာစကားတွေကိုလဲ ထူးထူးခြားခြားတက်မြောက်မဲ့ သူတွေအဖြစ်တွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈:၅၀) နာရီမှ နံနက်(၁၀:၂၈)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မိုးပြာရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၅၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မြေပဲကြော်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးယို ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695