ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆန်း(၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင် ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။
ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁၁း၀၆)နာရီအထိ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူး မြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
နေ့လယ်(၁၁း၀၆)နာရီကျော်ပါကဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်း အကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့် အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ ရက်ပုပ်၊ သမားဖြူ၊ မဟာရက်ကြမ်း၊ ဝါရမိတ္တူကြီးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လည်(၁၁း၀၆)နာရီအထိ လကွယ်တီထိ ပြည့်ဝခြင်း ကို ပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျ ရောက်နေ တာ ဖြစ်ပါတယ်။
မိဂသီ နက္ခတ်သည် အစပြုခြင်း ၊ ခရီးများများအတွက် သင့်တော်ပါ သည်။ ဤနက္ခတ် သည် နူးညံ့ သိမ်မွေ့သော သဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ၀တ်စုံသစ် ဝတ်ဆင်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်မှု၊ ပွဲတော်များ၊ လယ်ယာ လုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသောနက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည် ကင်ပွန်း တပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုးခြင်း များ ကောင်း၏။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေ အားလုံး ရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကားပြော ခြင်း များလဲ ရှောင်သင့်ပါ တယ်။
အလုပ်နဲ့ပတ်သက်ပြီးတော့ အထိုင်အလုပ်ပဲဖြစ်ဖြစ်၊လှုပ်ရှားလုပ်ကိုင်ရသောအလုပ်ပဲဖြစ်ဖြစ် အဆင် ပြေ အောင်မြင် တတ်ပါတယ်။ မိမိစိုက်ပျိုးထားတဲ့သစ်ပင်ပန်းမန်တွေကိုဓာတ်မြေသြဇာကျွေးခြင်း၊ စိုက်ပျိုးမဲ့မြေ ကို မြေဆီကျွေး ခြင်း များအထူးပဲဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့ဟာ အသွားအလာ၊ အနေအထိုင် အထူးသတိပြုရမည့်နေ့ရက် ဖြစ်နေ ပါတယ်။ မတော်တဆ ထိခိုက်မှုများ ဖြစ် တတ် သည်။ မြောက်အရပ်သို့ ဦးတည်သွားလာစဉ် အန္တရာယ်ရှိတတ် သည်။နံနက်/ည (၁၀း၃၀)နာရီမှ (၁၂း၀၀) နာရီကြား အထူးသတိရှိရမည်
ပညာအမွေခံခြင်း၊ပညာသင်ခြင်းမျိုး အထူးပဲကောင်းပါတယ်။ ရေတွင်း၊ရေကန်တူးခြင်း၊အဝီစီတွင်းတူးခြင်းများ အထူး ပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။စာပေများဖြန့်ချီခြင်း၊အလှကုန်ပစ္စည်းများဖြန့်ချီခြင်းတွေဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါတယ်။အင်တာဗျူးဖြေခြင်း၊အလုပ်သစ်ရှာခြင်းများအထူးပဲဆောင်ရွက်နိုင်ပါတယ်။ရှင်ပြုနားသခြင်း၊ပဉ္ဇင်းခံခြင်းများစတဲ့အလှူနဲ့ပက်သက်သောကိစ္စများဆောင်ရွက်နိုင်ပါတယ်။
ကျောက်သွေးခြင်း၊ကျောက်ဖြတ်ခြင်း၊ကျောက်မျက်ရတနာများရောင်းဝယ်ခြင်းတွေ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ မေတ္တာရေးကံကောင်းတဲ့နေ့ဖြစ်တာကြောင့်မေတ္တာတောင်းခံခြင်းတွေ၊ချစ်ရေးဆိုခြင်း၊အချစ်ရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ကိစ္စများကို ဆောင်ရွက်နိုင်ခြင်းတွေအထူးကောင်းပါတယ်
တိရစ္ဆာန်များကို ရောင်းခြင်း၊ ဝယ်ခြင်း၊စတင်မွေးမြုခြင်းများအထူးကောင်းပါတယ်။အိမ်နဲ့ပတ်သက်သော အိမ်ပြု ပြင် ခြင်း၊အိမ်ခန်းဖွဲ့ခြင်းများဆောင်ရွက်နိုင်ပါတယ်။ အနုပညာနဲ့ပတ်သက်သောအလုပ်များလဲစတင်နိုင်ပါတယ်။ ငွေကြေး ငွေပေးငွေယူခြင်းတွေ ၊အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေအဆင်ပြေပါလိမ့်မယ်။
အတတ်ပညာများ စတင်သင်ကြားရန် အထူးကောင်းပါသည်။ ဂါထာမန္တန်များ သင်ကြား ခြင်း၊ ရွတ်ဖတ်ခြင်း ပြုက အထူးကောင်းပါသည်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများ အဆင်ပြေအောင်မြင် မည်။ စတင်ဆောင်ရွက်သော ကိစ္စတို့မှ ထူးခြားသော အကျိုးရလဒ်ကောင်းများ ခံစားရပါမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၄၁း၁၂)နာရီမှ နံနက်(၄း၃၂း၅၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ပြိဿစန်း နံနက်(၆)နာရီ (၁၅)မိနစ်အလွန် စန်း မေထုန်ရာသီသို့ ပြောင်းသည်။ မိဂသီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မေထုန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စီးပွားကံနှင့် ပညာကံ အထူးကောင်းကြတာကိုတွေ့ရပါတယ်။ဓာတ်သဘောအရ အပူအားကြီးတာမို့ ဘုန်းတို့၊တေဇတို့၊ နေမင်းတို့၊နေရောင် တို့စတဲ့ အပူသဘောဆောင်တဲ့နာမည်မျိုးတွေကို လုံးဝမမှည့်သင့်ပါဘူး။ ငွေကြေးကံအားကောင်းကြသူတွေဖြစ်ပြီး တော့ ငယ်ငယ်ကတည်းက မိသားစုအထောက်အပံ့တွေကို ရလာနိုင်တာကိုတွေ့ရပါတယ်။ရပ်ဝေးနိုင်ငံခြားကံအား ကောင်းကြသူတွေဖြစ်တာမို့ ရပ်ဝေးသွားပြီး စီးပွားရှာခြင်းများ၊ နိုင်ငံခြားပညာသင်ပြီး နိုင်ငံခြားမှာပဲ စီးပွားရှာကြသူများ အဖြစ်တွေ့ရလေ့ရှိပါတယ်။ပညာရေးအားကောင်းကြသူတွေဖြစ်တာမို့ မိဘတွေအနေနဲ့သေချာပညာရေးကို ထောက်ပံ့ ပေးနိုင်ရင်အထူးကောင်းပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅:၀၂) နာရီမှ ညနေ(၆:၄၀)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ရွှေအိုရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၀၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပဲပြားကြော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်ဆွဲကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695