loading

22.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 22.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆန်း(၅)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညနေ(၆း၂၈)နာရီအထိ တနင်္ဂနွေမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် မိတ္တုမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညနေ(၆း၂၈)နာရီအထိ လဆန်းတီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ် ပါတယ်။ယနေ့ ဘာသာရေးဆိုင်ရာ အလှူအတန်းကိစ္စများ ဆောင်ရွက်နိုင်သည်။ ပညာအတတ်တို့ကို စတင် သင်ကြား ရန် ရက်ကောင်း ဖြစ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်း မပြုရပါ။ ဆုံးရှုံးနိုင်သည်။ ရှေးဟောင်းပစ္စည်းများ လက်မှုလက်ရာပစ္စည်းများ အရောင်းအဝယ်ပြုက အထူးအကျိုးရှိမည်။ ဆိုင်းငံ့ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်က ပြီးမြောက်အောင်မြင်မည်။ ဒီလိုနေ့ရက်တွေမှာ မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီး နှံတွေကို ပိုးသတ်ဆေးဖြန်းခြင်း၊ များ ဆောင်ရွက်နိုင်ပါတယ်။ အဖျောယမကာများ၊အရက်များ စတင်ချက်လုပ်ခြင်း များလဲ စတင်ဆောင်ရွက်နိုင်ပါတယ်။

ခွဲစိပ်ကုသရမဲ့ရောဂါများရှိပါက ဒီနေ့မှာ operation ဝင်ပြီးတော့ ခွဲစိပ်ကုသလိုက်ခြင်းဖြင့် အဆင်ပြေအောင်မြင် သွားတ်ပါတယ်။ ဒီနေ့မှာခရီးသွားစရာကိစ္စများရှိပါက မနက်၆း၂၀မိနစ်မတိုင်ခင် စတင်ထွက်ခွာတာက ပိုမိုအဆင် ချောအောင်မြင် တတ်ပါတယ်။ ကလေးကင်းပွန်းတပ်ခြင်း၊ကလေးကို အာဟာရစတင်ကျွေးခြင်းများဒီနေ့မှာလုပ်ဆောင် သွား နိုင်ပါ လိမ့်မယ်။ စပ်တူအလုပ်များ ၊ရှယ်ယာဝင်ခြင်းများ၊အထူးအဆင်ပြေတဲ့နေ့မျိုးပါပဲ၊

ပရဟိတအလုပ်များလဲ ဒီနေ့မှာဦးစားပေးဆောင်ရွက်သွားခြင်းဖြင့် ကံပိုမိုမြင့်မားသွားတတ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပက်သက်သောဆက်စပ်ပစ္စည်းများ  ရောင်းပန်းဝယ်ပန်းတွေပွင့်နေတတ်ပါတယ်။ ကျောက်မျက်ရတနာ၊ရေနံ၊ဓာတ် သတ္တုများတူးဖော်ခြင်းတွေစတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ကုန်ပစ္စည်းအသစ်များစတင်မိတ်ဆက် ခြင်း တွေ အထူးဆောင်ရွက်နိုင်ပါတယ်။မီဒီယာမှာကြော်ငြာခြင်း၊online မှာကြော်ငြာခြင်းများလဲ စတင်ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။ဆေးလုပ်ငန်းလုပ်ကိုင်သူများ၊ဒီနေ့များဆေးဝါးသစ်များ စတင်ဖော်စပ်ခြင်းများ ဆောင်ရွက်သင့် တဲ့နေ့ရက်တွေပါပဲ။

အဿလိဿနက္ခတ်မို့ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဓာတ်သတ္တုရှာဖွေ တူးဖော်ခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ကျောက်မျက်ရတနာတူးခြင်းလုပ်ငန်းများ ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၂၅း၂၉)နာရီမှ နံနက်(၄း၁၇း၀၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ကရကဋ်စန်း၊အဿလိဿနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မေထုန်  ရာသီဖွား ဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေဘယ်လိုပဲရှိနေပါစေ …ကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ ပညာ အရာမှာ အထွတ်အထိပ်ကိုရောက်နိုင်တာမို့ မိဘတွေကသာ supportလုပ်နိုင်မယ်ဆို အတိုင်းထက်အလွန်အောင် မြင်နိုင်ကြသူတွေဖြစ်ပါတယ်။အနာဂတ်ကိုတွေးခေါ်နိုင်စွမ်းမြင့်မားကြတယ်။ ငယ်စဉ်အချိန်တွေမှာမိဘတွေရဲ့ အလုပ်ကြောင့် အဖေ(သို့မဟုတ်) အမေနဲ့ အနေဝေးရတတ်ပါတယ်။ နာမည်ပေးမှန်ကန်ရင်တော့ ကြီးကျယ်တဲ့ချမ်း သာအောင်မြင်မှုကိုရရှိပြီးတော့ နာမည်ပေးမှာရင်တော့ အပေါင်းအသင်းအပျော်အပါးများပြီးတော့ မဟုတ်တဲ့ကိစ္စတွေ မှာ အချိန်ကုန်သွားတတ်ပါတယ်။ ယောင်္ကျားလေးတွေဆိုရင် ယစ်ထုပ်ကြီးဘဝရောက်သွားတတ်ပါတယ်။ နာမည်ကို နားလည်တတ်ကျွမ်းတဲ့ဆရာတွေဆီမှာသေချာမေးဖို့လိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၆) နာရီမှ ညနေ(၃:၂၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၅၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကံ့ကော်ညွှန့် ၂ညွှန့် ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တည်သီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *