loading

24.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 24.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆန်း(၇)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညပိုင်း(၁၁း၁၅)နာရီအထိ ကိတ်မြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့ အချိန်အခါရွေးပြီးမှသာ ဆောင်ရွက်ပါ။

ဒီနေ့ဟာ သမားညို၊ ဝါရမိတ္တူကြီးရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညပိုင်း(၁၁း၁၅)နာရီအထိ လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ပျော်ရွင်မှုကိုထပ်ပြန်ရ သောတီထိဖြစ်သလို၊ ကြွယ်ဝခြင်းကောင်းမြတ်ခြင်းကို ပေးတဲ့နန္ဒတီထိပဲဖြစ်ပါ တယ်။

ဘာသာရေးနှင့်ဆိုင်သောကိစ္စအ၀၀တွေဖြစ်တဲ့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ  ပြုလုပ်ဆောင် ရွက်နိုင် ပါလိမ့်မယ်။  ဒါ့အပြင်ဘုရားဖူးထွက်ခြင်း၊ဥပုသ်သီလဆောက်တည်ခြင်း၊ဘာသာရေးအလှူအတန်းပွဲများ  ကျင်းပခြင်း တွေလဲ ဆောင် ရွက်နိုင်ပါလိမ့်မယ်။

မိရိုးဖလာကိုးကွယ်နေတဲ့နတ်များအားပူဇော်ခြင်း၊ပသခြင်းများဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ အလုပ်စီးပွား သစ်များ စတင်ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့တစ်နေ့ပါပဲ။ ရပ်ဝေးမှာချဲ့ထွင်ထားတဲ့အလုပ်တွေက ပိုမိုအောင်မြင်မှု တွေရ လာတတ်ပါတယ်။ အလုပ်ရှာခြင်း၊ အလုပ်သစ်လျှောက်ခြင်းကဒီနေ့မှာအချိန်ကောင်းပါပဲ။

စာပေ၊ပန်းပု၊ပန်းချီ၊ကဗျာ၊သရုပ်ဆောင်၊ဂီတစတဲ့အနုပညာအလုပ်တွေကဆောင်ရွက်လို့အလွန်ပဲကောင်းတတ်ပါ တယ်။ အမည်ဆိုင်းဘုတ်အလုပ်ဆိုင်းဘုတ်များတင်ခြင်းကိစ္စများ မနက်၁၁း၄၀ မတိုင်ခင်ဆောင်ရွက်လို့ အထူးကောင်း တဲ့ အချိန်အခါပါပဲ။ ကုန်သွယ်ခြင်း၊ကုန်ကူးခြင်း၊ကုန်ရောင်းကုန်ဝယ်လုပ်ခြင်းများလဲ ဒီနေ့မှစတင် ဆောင်ရွက်နိုင်ပါ တယ်။ 

အရည်နှင့်ပတ်သက်သောရေသန့်၊အအေး၊အချိုရည်လုပ်ငန်းများ အဆင်ပြေအောင်မြင်မှုတွေရလွယ်ပါ တယ်။အိမ် သစ် တတ်ခြင်း၊ဘုရားနေကဇာတင်ခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ရှောင်သင့်တာတွေကတော့ကျောက်မျက်ရတနာ၊ရွှေငွေ၊ရေနံနှင့်သတ္တုတူးဖော်ခြင်းကိစ္စများဒီနေ့မှာစတင်လို့မကောင်း သေးပါဘူး။နွေစပါးစိုက်ပျိုးခြင်းများ၊သစ်သီးဝလံစတင်စိုက်ပျိုးခြင်းများ ဒီနေ့မှာဆောင်ရွက်လိုက်ရင်အဆုံး အရှုံး များ နိုင် ပါတယ်။

ယာဉ်ကားများ၊ဝယ်ယူခြင်းများလဲ ဒီနေ့မှာရှောင်သင့်ပါတယ်။ ငွေကြေးကိစ္စတွေဖြစ်တဲ့ ငွေပေးခြင်း၊ငွေယူ ခြင်း၊ ငွေချေးငှားခြင်းများနှင့် အာမခံကိစ္စများ တတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။

ဒီနေ့ဟာ ကုန်ပစ္စည်းများ စတင်ဖြန့်ချီရန် ရက်ကောင်းဖြစ်သည်။ မိတ်ဆက်ခြင်း၊ ကြော်ငြာခြင်းများ ပြုနိုင်သည်။ မင်္ဂလာကိစ္စမှန်သမျှ ဆောင်ရွက်ရန်မသင့်ပါ။ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စဖြစ်မည်။ ဝယ်ယူသောပစ္စည်းမှန်သမျှကို စစ်ဆေးပြီးမှ လက်ခံပါ။ အပျက်အစီးများ ပါလာတတ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၁၇း၃၇)နာရီမှ နံနက်(၄း၁၉း၁၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ သိဟ်စန်း၊ပြုပ္ဗဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မေထုန်  ရာသီဖွားဖြစ် ပါသည်။ဒီနေ့မွေးသူများဟာဘာသာစကားစွမ်းရည်ပြည့်ဝပြီး မိခင်ဘာသာစကားအပြင်၊အခြားဘာသာစကားများကို အနည်းဆုံးနှစ်မျိုးလောက်တက်မြောက်ကြလိမ့်မယ်။ ဘာသာစကားသင်တန်းတွေတက်ဖို့ ကလေးကတောင်းဆိုရင် မိဘတွေခွင့်ပြုပေးသင့်ပါတယ်။ အများအားဖြင့်စိတ်ကူးအကြံဥာဏ်ကြီးမားကြပါတယ်။ လိုအင်ဆန္ဒတွေများပြား နေတတ် ပါတယ်။ငွေကြေးရှာဖွေရလွယ်ကူပါတယ်။ အားနည်းချက်က ဘဝအောင်မြင်ရေးနောက်ကျသူတွေ ဖြစ်ပါ တယ်။ အသက်၄၀ကျော်မှသာ ဘဝအောင်မြင်ရေးအားကောင်းကြတာကိုတွေ့ရပါတယ်။ သူတစ်ပါးကို ကောင်းစွာ ထောက်ပံ့ နိုင်သော စွမ်းရည်မျိုး ရှိတတ်ကြပြီး..နယ်လုပွဲတွေ၊.နေရာလုပွဲတွေမှာ လက်ဦးအောင် တိုက်ခိုက်နိုင် စွမ်း လည်း ရှိတတ် ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈:၅၁) နာရီမှ နံနက်(၁၀:၂၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စေန သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၅၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပန်းအဖြူတစ်ပွင့်ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *