loading

28.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 28.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆန်း(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ပြည့်စုံခြင်းကိုပေးတဲ့  ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ဒီနေ့ဟာမြေသန့်မဂ်လာပြုလုပ်ခြင်း၊ ပန္နက်တင်ခြင်း၊ အိမ်တတ်ခြင်း၊ အိမ်ပြောင်း၍အိမ်သစ်မှာစတင်နေထိုင်ခြင်း  ကိစ္စများ  ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ဆံသ ခြင်း၊ အလှပြုပြင်ခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။ ဒီလို နေ့မျိုးဟာ သမထဘာဝနာပွားများခြင်း ကိစ္စများအထူး ဆောင်ရွက်နိုင်ပါတယ်။ ပုတီးစိပ်ခြင်း၊ဂါထာမန္တာန်ရွတ်ဖတ် ခြင်း၊အစီအရင်များပြုလုပ်ခြင်းတွေအထူးဆောင်ရွက် နိုင်ပါတယ်။

အိုးအိမ်တည်ဆောက်ဖို့အတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။ အလုပ် သစ် လျှောက်ခြင်း၊ဆိုင်ခန်းသစ်ဖွင့်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ စားသောက်ကုန်အလုပ်များ၊သစ်သီး ရောင်းချခြင်းအလုပ်များ အဆင်ပြေနိုင်ပါတယ်။

ဒီလိုနေ့မျိုးမှာတော့ အလှူအတန်းအလုပ်များ၊ကုသိုလ်ရေးနဲ့ပက်သက်သောအလုပ်များဆောင်ရွက်နိုင်ပါတယ်။ ဘုရား ဖူး ခရီးများ အလှူနဲ့ပက်သက်သောခရီးတွေအလွန်ကောင်းပါတယ်။ နိုင်ငံခြားသားများနှင့် ပက်သက်ဆက် နွယ်သော အလုပ်များ၊ နယ်စပ်၊ဒါမှမဟုတ်နိုင်ငံရပ်ခြားမှာစီးပွားရှာခြင်းများ အဆင်ပြေကောင်းမွန်တဲ့နေ့ရက်ပါပဲ။

စီးပွားရေးလုပ်ငန်းများမိမိတို့ထုတ်ကုန်များကို  အွန်လိုင်းကနေကြော်ငြာခြင်း၊ပြည်တွင်းပြည်ပသို့ဖြန့်ဖြူးရောင်းချ ခြင်းများကောင်းပါတယ်။ဒီနေ့တွင် မင်္ဂလာယူပြီးဆောင်ရွက်ရမည့်ကိစ္စများ နေ့လည် (၁၂း၀၀)နာရီအတွင်း ပြီးမြောက်အောင် ဆောင်ရွက်လုပ်ကိုင်ပါ။ နေ့(၁း၁၂)နာရီမှ ညနေ(၃း၃၆)နာရီအတွင်း ဖြစ်ပေါ်လာသော ပြဿနာများ ပြန်လည်ဖြေရှင်းနိင်မည်။

ဒီနေ့ဟာ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရက်ရာဇာရက် ကျရောက်နေတာ ဖြစ်ပါတယ်။

မွန်းလွဲလူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မွန်းလွဲချိန်ကစလို့ မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာမွန်းတည့် ၁၂နာရီအထိရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့ လက်မှတ် ထိုး ခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာ မင်္ဂလာအခမ်းအနားကျင်း ပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၀၁း၅၃)နာရီမှ နံနက်(၃း၅၃း၃၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နေ့လယ် ၂နာရီထိစိတြနက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်လွန်ပါက သွာတိနက္ခတ်ဖြစ်တာမို့ စာအုပ်စာရေးကိရိယာ လုပ်ခြင်း၊ စာပေဖြန့်ချိရေး လုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ် ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မေတ္တာစကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွား လာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံ ပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်း ဝယ်ခြင်း၊ ဆံသ လုပ်ငန်း၊ ဆိုင်ကယ်၊ ဆိုက်ကား ရောင်းဝယ် ပြုလုပ်ခြင်း ကောင်း၏။ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ တူစန်း၊နေ့လယ် ၂နာရီထိစိတြနက္ခတ်နဲ့စန်းယှဉ်ပြီးတော့ ထိုအချိန်ကျော် လွန်ပါက သွာတိနက္ခတ်နဲ့စန်းယှည်မွေးသူ၊မေထုန်  ရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ အခက်အခဲတွေကို ကောင်းစွာ ကျော်လွှားနိုင်ကြသူတွေဖြစ်ကြပါတယ်။ စီးပွားရေးအမြင်ရှိတယ်။ ထိုး ဖောက်နိုင်စွမ်းမြင့်မားကြပါတယ်။ ကံကြမ္မာအရ သက်လတ်ပိုင်း အသက် ၂၈ကနေ အသက် ၄၆အတွင်း အကောင်း ဆုံး၊အအောင်မြင်ဆုံးဘဝကိုရရှိ တတ်ပါတယ်။ရာဇယုဂ် ပါသော ကလေးငယ်လို့ မုချဆိုရပါလိမ့်မယ်။ ဘ၀မှာ ခေါင်းဆောင်၊ အကြီးအကဲ ဖြစ်ဖို့ကံ သည် အထူးအားကောင်းနေတာက သူ့ရဲ့ထူးခြားတဲ့ကံပါပဲ။ ငွေကြေးနဲ့ ပညာအတွက်လည်း ….အင်အားကောင်းမွန် သော ဇာတာရှင်ပါ။ဘ၀ရဲ့ ဒုတိယအရွယ်မှာ …အတိတ်ကံဒါနအလျောက်… မုချမသွေ..ပြည့်စုံအောင်မြင်ရတတ်သော ကံလေးတွေကိုလည်း သယ်ဆောင်လာသော ကလေးသူငယ်လေး ပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၉) နာရီမှ မွန်းလွဲ(၁:၄၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဦးခေါင်းကို လက်နဲ့ထိပြီး တော့ အရဟံဂုဏ်တော် သက်စေ့ရွတ်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငှက်ပျော်ကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *