ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆုတ်(၆)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ည(၁၀း၅၅)နာရီအထိ ဗုဒ္ဓဟူးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ် ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ် အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။သမားညိုရက်၊ ရက်ယုတ်မာနဲ့ တိုက်ဆိုင်နေတာမို့ရှောင်လိုက်တာကောင်းပါတယ်။
ဒီနေ့ဟာ ရက်ယုတ်မာ၊ သမားညို၊ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ည(၁၀း၅၅)နာရီအထိ လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ဒီလိုနေ့ရက်မှာ အိမ်ပြင်ခြင်း၊ အိမ်တတ် လုပ်ခြင်း၊ဆံသခြင်း၊ခေါင်းဆေးခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်းပါ တယ်။
အိမ်ထောင်ပရိဘောဂများဖြစ်တဲ့ ခန်းဝင်ပစ္စည်းများ ၊ဧည့်ခန်းပစ္စည်းများ၊ စားပွဲကုလားထိုင်များ ဝယ်ယူလို့ အထူး ကောင်းနေတတ်ပါတယ်။ဆေးဖော်ခြင်း၊ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ဒီနေ့မှာဆောင်ရွက်လို့ အဆင်ပြေ အောင်မြင်တတ်ပါ တယ်။ လယ်ယာစိုက်ပျိုးခြင်းများစတင်ဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။
သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ဖျော် ဖြေရေးနဲ့ပတ်သက်သောလုပ်ငန်းများ၊ ဂီတ၊သီချင်း၊ရုပ်ရှင်များလဲ အထူး အဆင်ပြေအောင်မြင်တတ်ပါတယ်။ ဒီနေ့မှာဘုရားတည်တာ၊ထီးတင်တာ၊အနေကဇာတင်တာ၊မိမိရဲ့ အဆောင် ပစ္စည်း တွေကို သိဒ္ဓိတင်တာမျိုးတွေလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားဆင်းတုတော်များစတင်ပင့် ဆောင်ခြင်း၊ ဘုရား၊ ရဟန္တာပုံတော်ကားချပ် များစတင် ချိတ်ဆွဲခြင်းများဆောင်ရွက်လို့အထူးကောင်းပါတယ်။
မိမိအတွက်တကယ်လိုအပ်နေတဲ့ ငွေကြေးတွေအတွက် တစ်ဦးတစ်ယောက်ဆီမှာချေးငှားခြင်းများဆောင်ရွက်နိုင် တဲ့ နေ့ရက်ပါပဲ။ ရေလမ်းခရီးများသွားလာဖို့ကိစ္စကြုံရင်လဲ စိတ်ပူစရာမလိုတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးကံ၊စန်းကံ ကောင်း နေ တဲ့နေ့ရက်ဖြစ်တာကြောင့် …ချစ်သူအားပိုးပန်းခြင်း၊ ချစ်စကားပြောခြင်းများဆောင်ရွက်လို့အထူးကောင် ပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကိုလဲ ဒီနေ့မှာပြန်လည်ချော့မော့နိုင်ပါလိမ့်မယ်။ ဘုရားဖူးခရီးထွက်ခြင်း၊ဥပုသ်သီလ ဆောက် တည် ခြင်းများလဲ ဆောင်ရွက်လို့အထူးကောာင်းတဲ့နေ့ပါပဲ။
ယနေ့ အကြီးအကဲများနှင့် တွေ့ဆုံရန် ရက်ကောင်းဖြစ်သည်။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင် ရွက် နိုင်မည်။ ကုန်သွယ်ရောင်းဝယ်ခြင်းကိစ္စတို့တွင် အညံ့ရှိတတ်သည်။ ငွေကြေးရင်းနှီးမြှုတ်နှံမှုများ မပြု သင့်ပါ။ ယနေ့ ဝယ်ယူ သိုလှောင်သော ကုန်ပစ္စည်းများ ရန်သူမျိုးငါးပါးအန္တရာယ်ကြုံ၍ ပျက်စီးတတ်သည်။ အလော တကြီး ဝယ်ယူခြင်းမပြုရ။ ကုန်ပစ္စည်းအတုအယောင်များ၊ စာရွက်စာတမ်းအတုအယောင်များနှင့် ကြုံတွေ့ရတတ် သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၂:၂၂)နာရီမှ နံနက် (၃:၁၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင် ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း ၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ကုမ်စန်း ည(၉း၂၂)နာရီလွန် စန်းမိန်ရာသီသို့ ပြောင်းသည်။၊ ပြဗ္ဗာဘဒြပိုဒ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ အများအားဖြင့် စိတ်ဓာတ်ကြည်လင် ကြသူတွေ ဖြစ်ကြတယ်။ ဘဝကိုပေါ့ပေါ့ပါးပါးနဲ့သာ ဖြတ်သန်းချင် ကြသူတွေဖြစ်ကြပြီး ငွေကြေးထက် စိတ်ပျော်ရွှင် ချမ်းသာမှုကို လိုလားကြသူတွေဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံးလဲ စိတ်ပျော်ရာအလုပ်တွေမှာသာ ဘဝကိုနှစ်မြုပ် ထား တတ် သူတွေဖြစ်ပါတယ်။ လူချစ်ခင်များသလို အနီးအနား အိမ်နီး နားချင်းတွေကလဲ အထူးခင်မင်တတ် ကြပါ တယ်။ အစိမ်းရောင် များများပါသော အသုံးအဆောင်တွေသုံးခြင်းဖြင့် ကံ ကောင်းစေပါတယ်။ စကားပြန် ဘာသာပြန် လုပ်ငန်းမျိုးတွေမှာ ..အထူးအောင်မြင်နိုင်ခြင်း ပါပဲ။ ထို့အတူဘာသာ စကား ဆိုင်ရာ နယ်ပယ်၊ အိုင်တီနည်းပညာ နယ် ပယ်နဲ့ …လက်မှုပညာရပ်နယ်ပယ်တွေမှာ ..အထူးအကျိုးပေးတတ်ကြ တာကိုလည်း တွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈:၅၄) နာရီမှ နံနက်(၁၀:၃၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အညိုရောင် နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၃၊ ၈ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထိုးမုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695