ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံ ကျရောက်နေတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရက်တံခွန်၊ မဟာရက်ကြမ်း ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်ကျရောက်နေပြီး ကြွယ်ဝခြင်း၊ ကောင်း မြတ်ခြင်း၊ပျော်ရွှင်ကြည်နူးခြင်းတွေကိုကိုယ်စားပြု တဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ မည်သည့်နယ်ပယ်တွင်မဆို ဝန်ဆောင်မှုပေးရတဲ့အလုပ်တွေက ဒီနေ့မှာအောင် မြင်တတ်ပါတယ်။ Marketing ဆင်းတာမျိုး၊ မီဒီယာကဖြစ်စေ၊ online ကနေဖြစ်စေ မိမိကုန်ပစ္စည်းကို ကြော်ငြာ ခြင်းများလဲ ဒီနေ့မှာအထူးဆောင်ရွက်နိုင်ပါတယ်။
နွမ်းပါးသူကိုဒီနေ့မှာထောက်ပံ့ပေးကမ်းခြင်းများလဲဒီနေ့မှာအထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ အဝတ်အစား၊ဒီဇိုင်း၊ ဖက်ရှင်နှင့်ပတ်သက်သောကိစ္စအ၀၀မှာ တိုးတတ်အောင်မြင်ပါလိမ့်မယ်။ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းတွေ၊ staff party ပွဲများကျင်းပခြင်းတွေလဲ ဒီနေ့မှာအထူးဆောင်ရွက်သွား နိုင်ပါလိမ့်မယ်။ မိတ်ဆွေသစ်ဖွဲ့ခြင်းများ လဲဆောင် ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့မှာခရီးကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ အပျော်ခရီးများပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက်သောခရီးပဲဖြစ်ဖြစ် အဆင်ပြေနိုင်ပါလိမ့်မယ်။မိမိအိုးအိမ်များကို အလှဆင်ခြင်း၊ဆေးသုတ်ခြင်း မိမိရုံးခန်းကို မွမ်းမံပြင်ဆင်ခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်းပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ငွေပေးငွေယူကိစ္စများ၊အာမခံခြင်းများ၊ ဘဏ်ကိစ္စ များလဲ အထူး ဆောင်ရွက်နိုင်ပါလိမ့်မယ်။
အချစ်ရေး၊မေတ္တာရေးနဲပတ်သက်တဲ့ ကိစ္စအ၀၀လဲ ဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။ အလှကုန်လုပ်ငန်း၊လူသုံးကုန်ပစ္စည်း ရောင်းချခြင်းလုပ်ငန်း၊ အရည်နှင့်ပတ်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ အထူးပဲတိုးတတ်အောင်မြင်နိုင် တဲ့နေ့ပါပဲ။
ဖုသျှ နက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ပေါ့ပါးပြီး လျင်မြန်သော နက္ခတ် ဖြစ်ပြီး အား ကစား ဇိမ်ခံပစ္စည်းများ၊စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုသခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီးများ စတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ ဝိညာဉ်ရေးလှုပ်ရှားမှုများ၊ အလှဆင်ခြင်း၊ အနုပညာ လက်ရာများ လေ့ကျင့်ခန်းနှင့်ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦး / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့်တင်ခြင်း၊ နန်းထက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ ပြုလုပ်ရန်သင့်လျော်သည်။လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်းများလဲ တတ်နိုင်ရင်တော့ ဒီနေ့မှာရှောင်လိုက်စေချင်ပါတယ်။
ဒီနေ့ဟာ အသွားအလာ၊ အနေအထိုင်အထူးဂရုစိုက်ရမည့်နေ့ရက် ဖြစ်နေပါတယ်။ မတော်တဆ ထိခိုက်မှုများ ဖြစ်တတ်သည်။ မြောက်အရပ်သို့ ဦးတည်သွားလာစဉ် အန္တရာယ်ကြုံတွေ့ရတတ်သည်။ နံနက် (၄း၃၀)နာရီမှ (၆၀၀)နာရီကြား အထူးသတိရှိရမည်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၁:၄၃)နာရီမှ နံနက် (၂:၃၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ကရကဋ်စန်း၊ ဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ ကရကဋ်ရာသီဖွား ဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် စိတ်ခက်ထန်ကြသူတွေဖြစ်တယ်။ မဟုတ်တာလာလုပ်ပါက ငုံ့ခံနေကြ မည်မဟုတ် ပေ။ ဒီလိုနေ့မွေးသူတွေဟာ လက်ဝှေ့သမားများ၊အားကစားသမားများ၊ စစ်လက်နက်ကို ကိုင်တွယ် အသုံးပြု ရသူများ၊ အဆောက်အဦးတည်ဆောက်သူများနှင့် စက်ပိုင်ဆိုင်ရာအင်ဂျင်နီယာများအဖြစ် လက်တွေ့ဘဝမှာ အများ အပြားမြင်ရ လေ့ရှိပါတယ်။စူးစမ်းတတ်တဲ့အကျင့်လေး ပါတာမို့အရာရာသိလွယ်တတ်လွယ်ကြပါတယ်။ အတု ခိုး လွယ်သူဖြစ်တာမို့ မိဘတွေကသာ ကလေးရှေ့မှာ စရိုက်ကြမ်းကြမ်းတွေထုတ်ပြရင် ကလေးစရိုက်ကြမ်းသွားနိုင်ပါ တယ်။ ဒါလေးတော့ အထူးသတိထားပါ။တော်မယ်၊ ထက်မယ်၊ သွက်မယ်၊ ခေါင်းဆောင်စိတ်ရှိမယ်။ လက်မြန် ခြေမြန် စိတ်မြန် ဇာတာအမျိုးအစားပါ။ အကျိုးစီးပွားရှာဖွေရာမှာ ထက်မြက်တဲ့ ဖွားဇာတာအမျိုးအစား မုချဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၂၇) နာရီမှ ညနေ(၅:၀၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ် ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၃၊ ၈ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ထိုးမုန့်စား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပဲထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695