ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။
ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံကျရောက်နေတာ ဖြစ်ပါတယ်။တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျိုး ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ ရန်သဘော၊ဗလာနတ္ထိသဘောကိုဆောင်တဲ့ရိတ္တာတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက် တွေမှာ အမဲလိုက်ခြင်း၊အရက်ချက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းစတဲ့အနိဌနဲ့ဆိုင် တဲ့အလုပ်များဆောင်ရွက်နိုင်တဲ့ နေ့ပါပဲ။ ခဲယမ်းလက်နက်များပြုလုပ်ခြင်းများ၊ရန်အတိုက်အခံပြုခြင်းများလဲ ဒီနေ့ မှာ ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။
အရေးပေါ်မှာဖြစ်ပေါ်နေတဲ့အနာရောဂါပဲဖြစ်ဖြစ်၊ကိုယ်တွင်းမှာဖြစ်တဲ့အနာရောဂါပဲဖြစ်ဖြစ် ခွဲစိပ်ကုသရမယ် ဆိုရင်ဒီနေ့ဟာဆောင်ရွက်လို့အထူးသင့်လျော်တဲ့နေ့ရက်ပါပဲ။ပြည်တွင်းပြည်ပသို့မိမိကုန်ပစ္စည်းကိုတင်ပို့ခြင်းတွေ ကုန် စည်ဒိုင်အသစ်များစတင်ဖွင့်လှစ်ခြင်းတွေဒီနေ့မှာဆောင်ရွက်လို့ကောင်းပါတယ်။ စပါးများကိုစတင်စပါးကျီ သွင်း ခြင်း၊ ကုန် ပစ္စည်းသိုလှောင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။အားကစားနှင့် ပတ်သက်သောလုပ် ငန်းများ အထူးတိုးတတ်မဲ့နေ့ပါပဲ။ အဖိုးများသောအားကစားပစ္စည်းများဝယ်ယူ မယ်ဆိုရင်လဲဒီနေ့ဟာဝယ်ယူလို့ သင့် တော်တဲ့နေ့ရက်ပါပဲ။
ပြည်ပအလုပ်အကိုင်ရှာဖွေခြင်း၊အင်တာဗျူးခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ရေနံ၊ ရွှေနှင့်ကျောက်မျက်ရတနာတူးဖော်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။ ခရီးကိစ္စများ သွားလာ လုပ်ကိုင်လို့ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ အထူးသဖြင့်လေကြောင်းခရီများအဆင်ပြေချော့မွေ့တတ်ပါတယ်။
ဘာသာရေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ အစည်းအဝေးလုပ်ခြင်း၊အနာဂတ်လုပ် ဆောင် သွားမဲ့ကိစ္စတွေအတွက်တိုင်ပင်ဆွေးနွေးခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။
စာပေနှင့်စာရေးကိရိယာဆိုင်၊ရွှေနှင့်ကျောက်မျက်ရတနာဆိုင်များစတင်ဖွင့်လှစ်ခြင်းမျိုးဒီနေ့မှာစတင်ဆောင်ရွက် နိုင်ပါလိမ့်မယ်။ အိမ်ခြံမြေရောင်းဖို့ ဝယ်ဖို့ိစီစဉ်ထားသူများ ဒီနေ့မှာပွဲဖြစ်ပြီး အဆင်ပြေသွားပါလိမ့်မယ်။
ယနေ့ တောင်တက်ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပါ။ ဆေးဝါးစတင်ကုသရန် ရက်ကောင်း ဖြစ်နေပါတယ်။ ဆေးစစ်ခြင်း၊ သမားပြခြင်းများလည်း ပြုလုပ်နိုင်မည်။ မင်္ဂလာကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ နားမလည်တဲ့ပစ္စည်များ အရောင်းအဝယ်လုပ်ပါကရောင်းမှား၊ ဝယ်မှား ပြဿနာများ သတိရှိပါ။ ကုန်ပစ္စည်းသစ်များ ဈေးနှုန်းကျဆင်း၍ မူလလက်ဟောင်းပစ္စည်းများ ဈေးနှုန်းမြင့်တတ်မည်။ ဆေးဝါးပစ္စည်းများ ဝယ်ယူရာတွင် သတိရှိပါ။ အတုအယောင်များ ဖြစ်တတ်သည်။
မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၁:၃၁)နာရီမှ နံနက် (၂:၂၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ သိဟ်စန်း၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်ရာသီဖွား ဖြစ်ပါ သည်။ အလွန်စူးစမ်းစိတ်ရှိသူ၊ စုံစမ်းရာတွင် မြန်ဆန်ပြီး …ထက်မြက်သူ၊ ဈေးကွက်ဖောက်နိုင်သူ၊ သူတစ်ပါး ကွန်ယက် နယ် ပယ်ကိုဖောက်ဝင်နိုင်သူ အဖြစ် တွေ့ရှိကြရပါမယ်။ဒါကြောင့်လည်း..လူ့လောက နယ်ပယ်မှာ…ထပ်ဆင့်ထိုးဖောက်နိုင် သော …စွန့်စားဝံ့သူများအဖြစ်ရပ်တည်နိုင်ကြခြင်း ဖြစ်ပါတယ်။ဒီဇိုင်းသစ်တီထွင် ဖန်တီးနိုင်သော စွမ်းရည်လည်းရှိ ကြ ပါ တယ်။ သူတို့ရဲ့ စကေးကကို…မူလပုံစံကိုဖျက်ဆီးပြီး ဒီဇိုင်းသစ် အမြင်သစ်ဖြင့် စွန့်စားလုပ်ဆောင်နိုင်သော စကေး မျိုး ဖြစ်ပါတယ်။ဘဝတွင် ဥစ္စာဓန တိုးပွားရေးမှာ အထောက်အကူပြုခြင်း…လူမှုဆက်ဆံရေးနယ်ပယ်တွင် အရေး ပါ သော အဆက်အသွယ်များ ရရှိပြီး ထိုအဆက်အသွယ်များ ၏ အကူညီဖြင့် ကံကောင်းစေတတ်ခြင်း ကံကို ရရှိစေတတ် ကြပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၂၄) နာရီမှ မွန်းလွဲ(၁၂:၁၂)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ ကြာသပေတး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၇၊ ၉ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်သုပ်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဧလမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695