ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၇)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ် တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၂း၄၄)နာရီအထိ ကိတ်မြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၂း၄၄)နာရီအထိ လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ကျော်ကြားမှုတွေကိုပေးတဲ့ နန္ဒတီထိကျရောက်မဲ့ နေ့ရက် ပါပဲ။ဒီနေ့ဟာ ပျော်ပွဲစားထွက်တာ၊ ပျော်ပွဲ ရွှင်ပွဲ ကျင်းပတာ၊ မိတ်ဆွေဟောင်း၊မိတ်ဆွေသစ်တွေနဲ့အတူ မိတ်ဆုံစား ပွဲကျင်းပတာ မျိုးတွေပြုလုပ်နိုင်တဲ့ နေ့ရက်ပါပဲ။
အစိုးရများကျမ်းသစ္စာကျိန်ဆိုခြင်းတွေ၊ နန်းတတ်ဘိသိခံခြင်းတွေပြုလုပ်သင့်တဲ့နေရက်ပါပဲ။ အလုပ်နဲ့ ပတ်သက်ပြီး မိမိကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ အင်တိုက်အားတိုက် နည်းလမ်းအသွယ်သွယ်နဲ့ကြော်ငြာခြင်းများ လဲ စတင်နိုင် ပါတယ်။ ဒီလိုနေ့ရက်မျိုးမှာ မိမိတို့စိတ်ကူးအကြံအစည်အတိုင်းသာ ရှေတိုးဆောင်ရွက်ခြင်းဖြင့်အောင်မြင်မှု တွေကိုရရှိပါ လိမ့်မယ်။
ဒီနေ့မှာအရေးကြီးတဲ့ကိစ္စများ၊ဆုံးဖြတ်များလုပ်ဖို့မသင့်တဲ့နေမျိုးပါ။ဒါပေမဲ့မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့ မနက် ၈း၅၉မှ မနက်၁၀း၄၈အတွင်းပြုလုပ်ပါလို့မှာချင်ပါတယ်။ ဒီနေ့မှမျိုးစေ့ချခြင်း၊ပျိုးကြဲခြင်းများ လဲဆောင်ရွက်နိုင်ပါ တယ်။ ဒါအပြင်ရတနာပစ္စည်းရှာဖွေတဲ့လုပ်ငန်းများ အထူးအဆင်တတ်တဲ့နေ့ရက်ပါပဲ။
ပညာအတတ်များ စတင်သင်ကြားနိုင်သည်။ တည်ဆောက်မှုများ ဆောင်ရွက်ရန် ကောင်းသည်။ အလုပ် သစ်များ စတင်ဖွင့်လှစ်နိုင်ပါသည်။ မင်္ဂလာကိစ္စများ စတင်ဆောင်ရွက်ရန် အခါသင့်ပါသည်။ အရောင်းထိုင်း ပစ္စည်း များ လက်ဆောင်၊ လက်ကျန်ပစ္စည်းများ ဈေးကွက်တင်၍ အကျိုးရှိမည်။
ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်နေပါတယ်။ ပြန့်ပွားလိုသော သတင်းစကားများ ကြော်ငြာနိုင်သည်။ သောကြာဂြိုဟ်နောက်ပြန်သွားခြင်း စတင်၍ ဈေးကွက်စီးကြောင်းများ ပြောင်းလဲနိုင်မည်။ အခြေ အအနေသစ်များ ရုတ်ချည်းပြောင်းလဲနိုင်သည်။ ငွေကြေးနှင့် ကုန်သွယ်ရေးရာကိစ္စများတွင် မတည်မငြိမ် လှုပ်ရှား မှုများ ဖြစ်ပေါ်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၁:၁၉)နာရီမှ နံနက် (၂:၁၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဟဿတနက္ခတ်ကျရောက်တာမို့အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေဖြန့် ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်းဝယ်ပြုလုပ်ခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ကန်စန်း၊ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်ရာသီဖွား ဖြစ်ပါ သည်။လူချစ်လူခင်များတတ်ပါတယ်။ ကူညီမဲ့သူ တွေပေါ များ ကြတကိုအထူးတွေ့ရတယ်။ မိမိအခက် အခဲ ဖြစ်လာ ရင်တော့ ငွေအားလူအားထောက်ပံ့မဲ့သူတွေ အများအပြား တွေ့ရတတ်ပါတယ်။ စက်ပစ္စည်းနှင့်စစ်လက် နက်ပစ္စည်း များကိုင်တွယ် အသုံးပြုရာမှာ အန္တရာယ်ရှိနိုင်တဲ့သူဖြစ်တာမို့ ထိုပစ္စည်းတွေနဲ့ခပ်ဝေးဝေးနေသင့်ပါတယ်။ သူတစ်ပါး တွေ ကြားမှာ လည်း မကြာခဏ ..ကြားညှပ်ခံနေရတတ်တဲ့ ကံပိုင်ရှင်တွေပါ။ပညာရပ်တွေ ခက်ခက်ခဲခဲ မရမက ..ကျားကုတ်ကျားခဲ သင်ယူရင်း ကြီးပြင်းလာတတ်ကြသူများ ဖြစ်ကြပြီး …မေတ္တာရေးကံ ကလည်း အားနဲလှ သူတွေပါပဲ။ပရဟိတ အသင်းအဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေ၊ နိုင်ငံရပ်ခြား အသင်းအဖွဲ့တွေ၊ ပညာရေးအသင်း အဖွဲ့တွေမှာ ပတ်သက်ဆက်နွယ်နေရတတ်သော ကံပိုင်ရှင်ဖြစ်ပါ လိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၂၀) နာရီမှ နံနက်(၈:၅၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၂၊ ၉ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သရက်သီး အချဉ်ပေါင်း စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းသီးမှည့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695