ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆုတ်(၁၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၇း၃၁)နာရီအထိ ကိတ်မြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။
ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
နံနက်(၇း၃၁)နာရီကျော်ပါကရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင် ခံရ တတ်ခြင်း စသော အကျိုး ကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်း တံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ သမားညို၊ နဂါးပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၇း၃၁)နာရီအထိ လဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ခန္ဓကိုယ်ပေါါ်သို့ ကျောက်မျက်ရတနာများ၊အဆောင်ရတနာများ စတင်ဆင်မြန်းခြင်း တွေအထူးကောင်းပါ တယ်။ အဝတ်အစားအသစ်များချုပ်လုပ်ခြင်း၊စတင်ဝတ်ဆင်ခြင်းများလဲ ပြုလုပ်သင့် တဲ့နေ့ရက်ပါပဲ။
ဒီနေ့မှာ ဘဏ်လုပ်ငန်းများ၊အာမခံလုပ်ငန်းများ အဆင်ပြေပါလိမ့်မယ်။ ဘဏ်စာရင်းအသစ် ဖွင့်ပြီးတော့ငွေစတင် စုခြင်းများ လဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ အချစ်ရေးကိစ္စအ၀၀ဆောင်ရွက်လို့ကောင်းပါတယ်။ချစ်ရသူကို ကိုယ့်ကို ချစ်လာ အောင် စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ ချစ်ရသူကိုဖွင့်ပြောဖို့ အကောင်းဆုံးနေ့ရက်ပါပဲ။
ငွေကြေးနဲ့ပတ်သက်ပြီး ငွေပေးငွေယူကိစ္စများ၊ ကြွေးယူခြင်း၊ကြွေးတောင်းခြင်းများလဲအထူးဆောင်ရွက်နိုင်ပါ လိမ့် မယ်။ ဘာသာရေးနှင့်ပတ်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းကိစ္စများလဲ အထူးပဲဆောင်ရွက်နိုင်ပါ လိမ့် မယ်။ ခရီးသွားခြင်းများအထူးကောင်းပါတယ်။ ယာဉ်ရထားနဲ့ပတ်သက်သောအလုပ်များလဲ အဆင်ပြေအောင်မြင်တတ် ပါတယ်။ စားသောက်ကုန်လုပ်ငန်းများ အဆင်ပြေတိုးတတ်မှုတွေကြုံရတတ်ပါတယ်။
ရေတွင်းရေကန်တူးခြင်းများ၊ အဝီစိတွင်းတူးခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ဘုရားတည်ခြင်း၊နေကဇာ တင် ခြင်း၊ထီးတင်ခြင်းများလဲအထူးကောင်းပါတယ်။ဖက်ရှင်ဒီဇိုင်းနှင့်ပက်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။ ဒီဇိုင်းနာများ စိတ်ကူးကောင်းတွေရလာတတ် ပါတယ်။ယနေ့တွင် ကုန်ပစ္စည်းအသစ်များ စတင်မိတ်ဆက်နိုင်ပါသည်။ ပဋိပက္ခများ ငြိမ်းချမ်းအောင် ဖြေရှင်းနိုင် ပါသည်။ မင်္ဂလာရေးရာ အဖြာဖြာကို ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။
ယနေ့ အသွားအလာ သတိရှိပါ။ အနောက်အရပ်သို့ ဦးတည်၍ အပျော်ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပါ။ နေ့(၁း၃၀)နာရီမှ (၃း၀၀)နာရီကြားကာလများတွင် အန္တရာယ်ဖြစ်ပေါ်နိုင်သည်။ ရင်းနှီးမြှုပ်နှံခြင်းများ ရှောင်ရှားရ မည်။ ယခင်ဆောင်ရွက်မှုမှန်သမျှ ရှောင်ကြဉ်ရမည်။ ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းနိုင်မည်။
မိဂသီ နက္ခတ်သည် အစပြုခြင်း ၊ ခရီးများများအတွက် သင့်တော်ပါ သည်။ ဤနက္ခတ် သည် နူးညံ့ သိမ်မွေ့သော သဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ၀တ်စုံသစ် ဝတ်ဆင်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်မှု၊ ပွဲတော်များ၊ လယ်ယာ လုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသောနက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည် ကင်ပွန်း တပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုးခြင်း များ ကောင်း၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၀:၀၁)နာရီမှ နံနက်(၀:၅၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မေထုန်စန်း၊မိဂသီ နက္ခတ်ဖြစ်ပြီး မနက်၇နာရီကျော်ပါက အဒြနက္ခတ်နဲ့ စန်း ယှဉ်မွေးသူ၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ဒီ နေ့မွေးသူများဟာအများအားဖြင့် စိတ်ချမ်းသာမှုကိုလိုလားကြပါ တယ်။ ပျော်ပျော်ပါးပါးနဲ့ စိတ်လက်ကြည်သာစွာနဲ့ဘဝ ကိုဖြတ်သန်းလိုကြသူတွေဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစိုးရိမ် စရာမရှိပေမဲ့ အသုံးအဖြုန်းကြမ်းတဲ့ မိမိစိတ်ကို တော့ပြုပြင်ဖို့အထူးလိုအပ်ပါတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ကံခေတတ်သူတွေဖြစ်တာမို့ ဒီနေ့မွေးရင်သွေးဟာ ယောကျ်ားလေးဖြစ်မယ်ဆိုရင် အိမ်ထောင်ရေးမှာ အားနည်းချက် ဖြစ်ပေါ်လာတတ်ပါတယ်။ ဘာသာစကားသင်ကြားရ လွယ်ကူတဲ့သူတွေဖြစ်တာမို့ မိခင်ဘာသာစကားအပြင်အခြား ဘာသာ စကားတွေကိုလဲ ထူးထူးခြားခြားတက်မြောက်မဲ့ သူတွေအဖြစ်တွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈:၅၉) နာရီမှ နံနက်(၁၀:၃၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ စိမ်းပြာရောင် နှင့် နက်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၉၊ ၄ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လမုန့်စား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးမုန့်ကြော်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695