loading

14.August .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 14.August .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆုတ်(၁၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာ လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နံနက်(၁၁း၂၅)နာရီအထိ စနေမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် သောကြာမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

နံနက်(၁၁း၂၅)နာရီနောက်ပိုင်းသောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေ သောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက် အဦးတွေ စတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ တီထိအရတော့ နံနက်(၁၁း၂၅)နာရီအထိ လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ အနိဋ္ဌသဘောဆောင်တဲ့အလုပ်တွေအထူးအဆင်ပြေပါတယ်။ လောင်းကစား ဆန်ဆန် အလုပ် များ၊ဓားလှံလက်နက်ထုတ်လုပ်ခြင်းများ၊ ခဲယမ်းမီးကျောက်ထုတ်လုပ်ခြင်းများလဲ အထူးကောင်း ပါတယ်။

ဒီလိုနေ့ရက်တွေမှာတော့ အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။သံသရာကလွတ်ကြောင်းကိစ္စတွေ ဖြစ်တဲ့ ဝိပဿနာဘာဝနာလဲပွားများလို့အထူးကောင်းပါတယ်။ ဖြေရှင်းရခက်နေတဲ့ ပြဿနာတွေကိုပြေလည်အောင် ဖြေရှင်းနိုင်မဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ ကုသလို့အလွန်ပဲကောင်းပါတယ်။ အနာနဲ့ဆေးတွေ့ မဲ့နေ့ရက်ပါပဲ။

ကားရောင်းခြင်း၊ကားဝယ်ခြင်း၊အလဲအထပ်လုပ်ခြင်းများလဲ ဆောင်ရွက်နိုင်မဲ့နေ့ရက်ပါပဲ။  မိမိစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကိုပိုးသတ်ဆေးဖြန်းတာမျိုးတွေဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ကျောက်မျက်ရတနာရောင်း ဝယ်ရေးကိစ္စများ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ငါးမွေးမြူရေး၊ကြက်မွေးမြူရေးစတဲ့ တိရစ္ဆာန်မွေးမြုရေး လုပ်ငန်း များလဲ အဆင်ပြေအောင်မြင်မှုတွေရလာမဲ့နေ့ရက်ပါပဲ။

အဆင်မပြေလို့လက်လျော့ထားတဲ့အလုပ်များ၊ ခက်ခဲလို့ရှေ့ဆက်ဖို့မလွယ်တဲ့အလုပ်များကို ဒီနေ့မှာပြန်လည်လုပ် ကိုင်ခြင်းဖြင့်အဆင်ပြေမှုတွေကိုရလာတတ်ပါတယ်။ ရပ်ဝေးမှချဲ့ထွင်ထားတဲ့အလုပ်တွေတိုးတတ်ပါလိမ့်မယ်။ ဝေးကွာနေတဲ့မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သောရပိုင်ခွင့်တွေလဲ အပြည့်အဝရလာပါလိမ့်မယ်။

လုပ်ငန်းပြိုင်တွေ၊ မိမိအောင်မြင်မှုကိုမနာလိုတိုက်ခိုက်ကြသူတွေကိုတန်ပြန်တိုက်ခိုက်နိုင်မဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လျှပ်စစ်နဲ့ပက်သက်သာ လုပ်ငန်းတော်တော်များများအဆင်ပြေတတ်ပါတယ်။ electronic ပစ္စည်းရောင်းတဲ့ဆိုင် များ ရောင်းအားတိုးတတ်ပါလိမ့်မယ်။

ယနေ့ အရာရာသတိရှိရမည်။ အကြံအစည်တို့ကို လက်တွေ့ အကောင်အထည်ဖေါ်ရန် အခါကောင်း ကျရောက် နေသည်။ ဝယ်ယူမြှုပ်နှံခြင်းတို့မှ အကျိုးအမြက်ကောင်းများ ရရှိမည်။ ကတိစာချုပ် ချုပ်ဆိုခြင်းမပြုရပါ။ လက်မှုလက်ရာ ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ အရောင်းအဝယ်ပြုရန် ကောင်းသည်။

ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ် ခြင်း၊ သူငယ်ချင်းများနှင့်လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ် ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုး ခြင်းများ ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၃:၅၃)နာရီမှ နံနက်(၀:၄၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ကရကဋ်စန်း၊ပုဏ္ဏဖုသျှ နက္ခတ်၊မွန်းလွဲ၁၂နာရီကျော်ပါက ဖုသျှနက္ခတ် နဲ့စန်းယှဉ်မွေးသူ၊   ကရကဋ်ရာသီဖွားဖြစ်ပါသည်။အမည်ပေးမှန်ရင်မှန်သလို….အောက်ခြေနင်းပြားဘ၀က နေသူဌေး သူကြွယ်ဘ၀ကို …တောင် ရောက်သွားနိုင်တဲ့…ဖွားဇာတာမျိုးဖြစ်ပြီး……နောင်တရစိတ် တစ်မျိုးမျိုးကို…ဘယ်လိုမှ ဖျောက်မရဘဲ…နက်နက်နဲနဲ စွဲနေတတ်တာလည်း …ဒီဇာတာဖွားပဲလို့ ဆိုရပါလိမ့်မယ်။နေရာထိုင်ခင်း ဘယ်သော အခါမှမမြဲပဲ ပြောင်းလည်းနေထိုင်ရကံပါရှိတတ်ပြီး ..တစ်ခါတလေဒီလိုဇာတာမျိုးတွေမှာ စကားအပြောအဆို နဲ့ ဘာသာစကားပညာရပ်တွေမှာ သဒ္ဒါပိုင်းမှာအထူးကျွမ်းကျင်လိမ္မာတတ်ကြပြန်ပါတယ်။အမည်ပေး မှားလိုက်တာနဲ့…. အိမ်ထောင်ရေးကံ ဗြောင်းဆန်နေအောင်လည်း ဆိုးသွားတတ်ကြပြန်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၂၄) နာရီမှ နံနက်(၈:၅၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ စိမ်းပြာရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၃၊ ၈ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နာနတ်ယိုစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *