ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆုတ်(၁၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၁း၄၂)နာရီအထိ သောကြာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကြာသပတေး မြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါ များခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။
ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရက်ကန်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၄၂)နာရီအထိ လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လကွယ်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ဒီလိုနေ့ရက်တွေမှာတော့ တိုးပွားခြင်း၊ပွားစည်ခြင်းကိစ္စတွေအထူးကောင်းပါတယ်။ ဒါကြောင့် လက်ကား စီးပွား ရေးများ၊ ကိုယ်စားလှယ်အလုပ်များ အထူးကောင်းပါတယ်။ လူများများနဲ့ အကျိုးပေးတဲ့အတွက် ပညာသင်ကြား ပေးခြင်းတွေ၊ တပည့်လက်ခံခြင်းတွေ၊ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။
နာမည်ပေးကင်းပွန်းတပ်ခြင်းများအထူးကောင်းပါတယ်။ လုပ်ငန်းနာမည်၊ဆိုင်နာမည်၊ကုမ္ပဏီနာမည်များ ပေးခြင်းတွေ ကိုဒီနေ့မှာဆောင်ရွက်နိုင်သလို ဆိုင်းဘုတ်တင်ခြင်းတွေလဲပြုလုပ်နိုင်ပါတယ်။ ဥပုဒ်သီလဆောက်တည်ခြင်း၊ တရားရှု မှတ်ခြင်း၊ ဝိပဿနာပွားများခြင်းများ လဲအထူးကောင်းပါတယ်။စက်ပစ္စည်းများဝယ်ယူလို့အလွန် ကောင်းပါ တယ်။ စက် အသစ် များကိုစတင်လည်ပတ် ခြင်းများလဲ အထူးကောင်းပါ တယ်။ ကောင်းသောအပြောင်းအလဲတွေ နှင့်တိုးတတ် ခြင်းတွေကို ကြုံရပါလိမ့်မယ်။ လာဘ်လာဘလဲရွှင်လန်းပါလိမ့်မယ်။ရေနှင့်ပက်သက်သောစားသောက်ကုန် လုပ်ငန်း များလဲ တိုးတတ်ပါလိမ့်မယ်။ ရေသန့်လုပ်ငန်း၊ အချိုရည်နှင့် အဖျော်ယမကာလုပ်ငန်းများလဲ အထူးတိုးတတ်ပါတယ်။
ဘာသာရေးနဲ့ပတ်သက်သောအဘိဓမ္မာသင်တန်းများတက်ရောက်ခြင်း၊ယဉ်ကျေးမှုသင်တန်းများတတ်ရောက် သင်ကြား ခြင်း တွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။
ယနေ့ ဘာသာရေးဆိုင်ရာ မြင့်မြတ် သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ အာမခံခြင်း၊ တာဝန်ယူခြင်း မပြုရ။ တစ်ပါးသူစကား အလွယ်တကူ ယုံစားသူ များ အန္တရာယ်ရှိသောနေ့ ဖြစ်နေပါတယ်။ မျက်မြင်မဟုတ်သော ပစ္စည်းတို့ကို ဝယ်ယူခြင်း၊ စရံချခြင်းပြုက ဆုံးရှုံး နိုင်သည်။
ဖုသျှ နက္ခတ်ဖြစ်သည်။ထိုနက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ ပေါ့ပါးပြီး လျင်မြန်သော နက္ခတ်ဖြစ်ပြီး အား ကစား၊ ဇိမ်ခံပစ္စည်းများ၊ စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကု သခြင်း၊ ပညာ ရေးစတင်ခြင်း၊ ခရီး များစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ အလှဆင်ခြင်း၊ အနုပညာလက်ရာ များ လေ့ကျင့် ခန်းနှင့် ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း (ဥယျာဉ် )၊ အထပ်မြင့် အဆောက် အဦး/အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများစသည့် အလုပ် များ ပြုလုပ်ရန်သင့်လျော် သည်။
ဒီနေ့မှာရှောင့်သင့်တာတွေကတော့ ခရီးကိစ္စတွေအလွန်တွေရှောင်လိုက်သင့်ပါတယ်။ လေကြောင်းခရီးကလွဲလို့ အခြား ခရီးတွေရှောင်လို့သင့်ပါတယ်။ အရောင်းအဝယ်နဲ့ပတ်သက်ပြီးစာချုပ်ချုပ်ဆိုတဲ့ အလုပ်တွေကို သတိထား ဆောင်ရွက်ပါ။ ငွေကြေးနဲ့ပတ်သက်ပြီး ချေးခြင်း၊ငှားခြင်းများတွေအထူးရှောင်ရှားသင့်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၃:၄၉)နာရီမှ နံနက်(၀:၄၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ကရကဋ်စန်း၊ဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်ရာသီ ဖွားဖြစ် ပါသည်။ဒီနေ့မွေးသူများဟာ စိတ်တို၊စိတ်ဆတ် တာမျိုးတွေ့ရပါတယ်။ နာမည်ပေးတဲ့အခါတွေမှာတော့ အင်္ဂါနံ စဆ ဇဈည ကို နာမည်နောက်ဆုံး မမှည့်သင့်ပါဘူး။အကျိုးစီးပွားရှာဖွေရာမှာတော့ အလွန်အင်မတန်သွက်လက်ပါ တယ်။ အမည် ပေးသာ မှန်ကန်ခဲ့မယ် ဆိုရင် ဘ၀တိုးတက်အောင်မြင်ရေးအတွက် စိတ်အေးနိုင်သော ဇာတာရှင်လေး ဖြစ်ပြီး …မေတ္တာရေးကံလည်း သင့် တင့်သော အဆင်မှာ ရှိတာမို့….ပညာရေးကံတစ်ချက်ကိုသာ မိဘများက ဂရုစိုက် ဖေး မပေး နိုင်မယ် ဆိုရင် အရမ်း ကောင်း မဲ့ဇာတာရှင်ပါပဲ။ကလေးငယ်ဟာ ထက်မြက်ခြင်း၊ ဖြတ်ထိုးဉာဏ် ရှိခြင်း၊ အကင်း ပါးခြင်းတွေက သူကို အောင် မြင်ဖို့ စွမ်းဆောင်ပေးပါလိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၂၀) နာရီမှ ညနေ(၄:၅၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာလူးကြော် စားသွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695