ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညနေ(၄း၀၇)နာရီအထိ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဒီနေ့ဟာ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရက်ရာဇာရက်ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ(၄း၀၇)နာရီအထိ လကွယ်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာ အလုပ်နဲ့ပတ်သက်ပြီးလဲ အထိုင်အလုပ်ပဲဖြစ်ဖြစ်၊ လှုပ်ရှားသွားလာလုပ်ကိုင်ရတဲ့အလုပ်ပဲ ဖြစ်ဖြစ်အလုပ်နဲ့ပက်သက် ရင်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့မှာ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ မွေးရပ်မြေကိုပြန်တဲ့ ခရီးပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက် သောခရီးပဲဖြစ်ဖြစ် ခရီးကိစ္စတွေစတင်လို့အလွန်ပဲကောင်းတာကိုတွေ့ရပါတယ်။
ဘာသာရေးနဲ့ပတ်သက်သော ဘုရားဆင်းတုတော်ထုလုပ်ကိုးကွယ်ခြင်း၊ဘုရားတည်ခြင်း၊မုခ်ဦးတည်ဆောက်ခြင်း၊ ရှင်ပြုခြင်း၊ နားသခြင်း၊ရဟန်းခံခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
ပညာရပ်အသစ်များစတင်သင်ကြားခြင်း၊ ပညာရေးနဲ့ပက်သက်ပြီးတော့ သင်တန်းဖွင့်ခြင်းတွေလဲအထူးကောင်းပါ တယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများလဲအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်းများ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများတိုးတတ်ပါတယ်။
ပြဿနာဟောင်းများ ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။ အရောင်းထိုင်းပစ္စည်းများ မူလလက်ဟောင်းပစ္စည်းများ အရောင်းအဝယ် ဈေးကွက်ကောင်း သောနေ့ ဖြစ်ပါသည်။ နံနက်(၇း၃၀)နာရီမှ (၉း၀၀)နာရီအတွင်း တစ်ပါးသူပေးသောကတိကို လုံးဝမယုံစားပါနှင့်။ ကိုယ်တိုင်လည်း ကတိမပေးရပါ။
ယနေ့ အရေးကြီးသောာကိစ္စမှန်သမျှ နေ့လည်(၁၂း၀၀)နာရီမတိုင်မီ ပြီးမြောက်အောင် ဆောင်ရွက်ပါ။ မွန်းလွဲပိုင်းတွင် ဆောင်ရွက်သော ကိစ္စမှန်သမျှ သတိရှိပါ။ ညနေ(၄း၃၀)နာရီမှ (၆း၀၀)နာရီအတွင်း အသွားအလာ အထူးသတိရှိပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၃:၄၅)နာရီမှ နံနက်(၀:၄၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
အဿလိဿနက္ခတ်မို့ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဓာတ်သတ္တုရှာဖွေ တူးဖော်ခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ကျောက်မျက်ရတနာတူးခြင်းလုပ်ငန်းများ ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ကရကဋ်စန်း ည(၆)နာရီကျော်ပါက စန်းသိဟ်ရာသီသို့ ကရကဋ်ပြောင်းသည်။ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ ဘဝအောင်မြင်မှုအားကြီးကြသူတွေ ဖြစ် ပါ တယ်။ ကိုယ်ပိုင်စီးပွားနဲ့အောင်မြင်လွယ်ပါတယ်။ ဝန်ထမ်းအလုပ်ကိုတော့ အထူးရှောင်သင့်ပါတယ်။ဘ၀မှာ ခေါင်း ဆောင်၊ အကြီးအကဲ ဖြစ်ဖို့ကံ သည် အထူးအားကောင်းနေတာက သူ့ရဲ့ထူးခြားတဲ့ကံပါပဲ။ ငွေကြေးနဲ့ ပညာ အတွက် လည်း ….အင်အားကောင်းမွန်သော ဇာတာရှင်ပါ။သို့သော် ပညာသင်ကြားရေးပိုင်းမှာတော့ နဲနဲ …ဂရုစိုက်ပေး ရပါ မယ်။ ပညာရေးတွင် လိုင်းရွေးခြယ်မှု မှားယွင်းခြင်း၊ နေရာပေးမခံရသဖြင့် စသည်ဖြင့်ကံလေးတွေကိုတော့ မုချ ရင် ဆိုင်ရ ပါလိမ့်မယ်။ဘ၀ရဲ့ဒုတိယအရွယ်ဖြစ်တဲ့ အသက်၂၈ကစလို့ ဘဝက တဟုန်းထိုးအောင်မြင်သွားတတ်ပါ တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၀) နာရီမှ မွန်းလွဲ(၁:၄၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၅၊ ၇ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးမုန့်ကြော်စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထိုးမုန့်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695