loading

17.August .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 17.August .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆန်း(၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာ လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ ည(၆း၃၅)နာရီအထိ ဗုဒ္ဓဟူးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ မဟာရက်ကြမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ည(၆း၃၅)နာရီအထိ လဆန်းတီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါ တယ်။

အားကစားပွဲများကျင်းပခြင်းတွေ၊ဂျင်းဆော့ခြင်း၊ အားကစားရုံများဖွင့်လှစ်ခြင်းကိစ္စတွေလဲ အထူးဆောင် ရွက်နိုင်ပါ တယ်။အိမ်ခြံမြေရောင်းဝယ်ခြင်းလုပ်ငန်းများ၊အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများလဲ အထူးဆောင်ရွက် လို့ကောင်း တဲ့နေ့ရက်ပါပဲ။

ကုန်စည်ပြပွဲများ၊ဈေးရောင်းပွဲတော်များကျင်းပလို့ အထူးကောင်းပါတယ်။ မိမိကုန်ပစ္စည်းကိုအရောင်းမြှင့် တင်ခြင်း အလုပ်များလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးကတော့ အထူးကောင်းပါတယ်။ကျန်းမာရေး နဲ့ပတ်သက် သောကိစ္စအ၀၀ကိုလဲ အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။

အလှအပနှင့်ဆိုင်သောလုပ်ငန်းများ၊ အလှကုန်ပစ္စည်းရောင်းချခြင်းလုပ်ငန်းများ၊အထူးအဆင်ပြေမှုတွေ ကြုံရတတ် ပါတယ်။ ဖက်ရှင်ဒီဇိုင်းနှင့်ပက်သက်သော SHOW ပွဲများကျင်းပလို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ဆန်ဆီဆေးဆားစတဲ့ အင်္ဂါနံနှင့်ပတ်သက်သောအလုပ်တွေ အထူးကောင်းပါတယ်။ ဆေးဖော်တာ၊ဆေးဝါး ထုတ်လုပ် ဖြန့်ချီတာ၊ ဆေးခန်းသစ်၊ဆေးရုံသစ်ဖွင့်လှစ်တာမျိုးတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။

ထီကံစမ်းခြင်းတွေကတော့ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ ထီဝါသနာပါသူတွေကတော့ ထီကံစမ်း လို့ အလွန်ပဲကောင်းပါတယ်။ တထ အက္ခရာပါသောထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။

မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ဆွတ်ခူးတာ၊ရိတ်သိမ်းတာမျိုးတွေအထူးကောင်းပါတယ်။ဥယျဉ် ခြံလုပ်ငန်း များလဲတိုးချဲ့လို့အလွန်ပဲကောင်းပါတယ်။ သောကြာဂြိုဟ်စိုးမိုးတဲ့နေ့ရက်ဖြစ်တာကြောင့် အိမ်ထောင် ပရိဘောဂ များ၊ခန်းဝင်ပစ္စည်းများ၊TV အောက်စက်များ၊SOUND BOX များဝယ်ယူလို့အထူးကောင်းတဲ့နေ့ပါပဲ။

ဒီနေ့မှာရှောင်သင့်တာတွေကတော့ ဘုရားဖူးခရီးကလွဲလို့ အခြားခရီးကိစ္စတွေရှောင်သင့်ပါတယ်။ မိဘတွေ နဲ့ အတိုက် အခံမလုပ်ဘဲ မိဘစကားနားထောင်နေသင့်တဲ့နေ့ရက်ပါပဲ။ အချစ်ရေးနဲ့ပတ်သက်ပြီး စကားတစ်ခွန်းစ နှစ်ခွန်းစ များရာကနေပြီးတော့ လမ်းခွဲရသည်အထိဖြစ်ရတတ်ပါတယ်။ ရှယ်ယာအလုပ်များ အချင်းချင်းယုံကြည်မှု တွေ ပျောက်ဆုံး နေတာမျိုးတွေတွေ့ရကြုံရတတ်ပါတယ်။

            ဒီနေ့ဟာ အသွားအလာ၊ အနေအထိုင် အထူးဂရုစိုက်ရမည့်နေ့ဖြစ်ပါတယ်။ အရှေ့တောင်အရပ်သို့ ဦးတည်၍ အပျော်ခရီးသွားလာခြင်းများ ရှောင်ပါ။ ည/နေ့ (၃း၀၀)နာရီမှ (၄း၃၀)နာရီကြားကာလများတွင် မတော်တဆ ထိခိုက် မှုအန္တရာယ် ဂရုစိုက်ပါ။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တော တောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါ တယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ် ပါတယ်။

မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၃:၄၁)နာရီမှ နံနက်(၀:၃၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ သိဟ်စန်း၊မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  ကရကဋ်ရာသီဖွား ဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေဘယ်လိုပဲရှိနေပါစေ …ကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ ပညာ အရာမှာ အထွတ်အထိပ်ကိုရောက်နိုင်တာမို့ မိဘတွေကသာ supportလုပ်နိုင်မယ်ဆို အတိုင်းထက်အလွန်အောင် မြင်နိုင် ကြသူတွေဖြစ်ပါတယ်။အနာဂတ်ကိုတွေးခေါ်နိုင်စွမ်းမြင့်မားကြတယ်။ ငယ်စဉ်အချိန်တွေမှာမိဘတွေရဲ့ အလုပ် ကြောင့် အဖေ(သို့မဟုတ်) အမေနဲ့ အနေဝေးရတတ်ပါတယ်။ နာမည်ပေးမှန်ကန်ရင်တော့ ကြီးကျယ်တဲ့ချမ်း သာအောင်မြင်မှု ကိုရရှိပြီးတော့ နာမည်ပေးမှာရင်တော့ အပေါင်းအသင်းအပျော်အပါးများပြီးတော့ မဟုတ်တဲ့ကိစ္စတွေ မှာ အချိန် ကုန် သွားတတ်ပါတယ်။ ယောင်္ကျားလေးတွေဆိုရင် ယစ်ထုပ်ကြီးဘဝရောက်သွားတတ်ပါတယ်။ နာမည်ကို နားလည်တတ် ကျွမ်း တဲ့ဆရာတွေဆီမှာသေချာမေးဖို့လိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၅) နာရီမှ ညနေ(၃:၂၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ငွေရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၇၊ ၉ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကန်စွန်းဥ စားသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါပုတ် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *