ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆန်း(၁၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ သမားညိုရက် ကျရောက်နေတာမို့ နေ့သားအလိုက် အချိန်အခါပြန်ရွေးပြီးမှဆောင်ရွက်ပါ။
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကျော်ကြားခြင်း ပျော်ရွှင်ခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေ့မျိုးမှာ တော့ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ရောင်းခြင်း၊ ဝယ်ခြင်း၊အမွေခွဲခြင်းတွေလဲ အထူး ဆောင် ရွက် နိုင် ပါတယ်။
မီဒီယာတွင် ကြော်ငြာခြင်း၊ အွန်လိုင်းကနေ ကြော်ငြာခြင်းတွေ ကိုအထူးအလေးပေးဆောင်ရွက်လို့ကောင်းတဲ့နေ့ ရက်လဲဖြစ်ပါတယ်။ မည်သည်လုပ်ငန်းမဆို ဝန်ဆောင်မှုကိုဦးစားပေးလုပ်ကိုင်ရတဲ့ အလုပ်မျိုးတွေအထူးအကျိုး ပေးအောင်မြင်တတ်တဲ့နေ့ရက်ပါပဲ။
မည်သည့်ကုန်ပစ္စည်းမဆို ကုန်ပစ္စည်းအသစ်မိတ်ဆက်ခြင်းများအထူးကောင်းပါတယ်။ ပြန်ပွားလိုသော၊ လူအများ အပြားသိစေလိုသော သတင်းအချက်အလက်တွေကို ဒီနေ့မှာဖြန့်ချီလို့အထူးကောင်းပါတယ်။ဖက်ရှင်ဒီဇိုင်း နှင့် ပတ် သက်သောကိစ္စများ၊ အလှအပနှင့်ပက်သက်သောကိစ္စများ၊ ရတနာများဝယ်ယူ၍စတင်ဆင် မြန်းခြင်း များအထူးဆောင် ရွက်နိုင်ပါတယ်။
ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက် ရတနာ တူးဖော်ခြင်း၊စူးစမ်းရှာ ဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်း ရေကန်နှင့်အဝိစိတွင်းတူး ဖော်ခြင်း များ စာရေးသားခြင်းများ အထူးကောင်းပါတယ်။
ယနေ့တွင် မင်္ဂလာကိစ္စများ ဆောင်ရွက်နိုင်သည်။ အလှူအတန်းကိစ္စများ ဆောင်ရွက်ရန် အခါကောင်း ကျရောက်နေပါသည်။ အတက်ပညာတို့ကို စတင်သင်ကြားနိုင်ပါသည်။ နံနက်(၆း၀၀)နာရီမှ (၈း၂၄)နာရီကြားကာလ များတွင် လုပ်ငန်းသစ်များ စတင်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ရန် အခါသင့်သည်။ ငွေကြေးကိစ္စ စကားပြောဆိုရန် သင့်သည်။
ယနေ့ လုပ်ငန်းစတင်ခြင်းများ မပြုသင့်။ အခက်အခဲများ ဖြေရှင်းနိုင်မည်။ ရပိုင်ခွင့်များ တောင်ဆိုရန် ရက်ကောင်း ဖြစ်သည်။ မြှုပ်နှံထားသော ငွေကြေးများမှ အကျိုးအမြက်ကောင်းများ ရရှိမည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီအတွင်း ပေါ်ပေါက်လာသော အခွင့်အရေးတို့ကို လက်ခံအသုံးချနိုင်သည်။ အရပ်ဝေးနှင့် ဆက်စပ်သော လုပ်ငန်းများ အထူးကောင်းပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၃:၀၂)နာရီမှ ည(၂၃:၅၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ပြုပ္ဗာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ဓနုစန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ နာမည်ပေးက တော်တော်အဓိက ကျတယ်ဗျ။ နာမည်ပေးမှန် သွား ရင် တော်တော်လေး စိတ် ဓာတ်ပိုင်း အားကောင်းသွားပြီးတော့ နာမည်ပေးမှားရင် ရိုင်းသွားတတ်ပါတယ်။ မိဘအသိုင်း အဝိုင်းကောင်းရင်တော့ ပညာတက် ကြီးဖြစ်သွားနိုင်တဲ့ဇာတာရှင် တွေပဲဖြစ်ပါ တယ်။ ငွေကြေးအင်အားတောင့်တင်း ကြပြီး မိသားစုရဲ့ အထောက်အပံ့ကို အပြည့်အဝရရှိတာကိုလဲ အထူးတွေ့ရပါ တယ်။ ကျန်းမာရေးအနည်း ငယ်အားနည်း ချက်ရှိနေ ပြီးတော့ အရွယ်သုံးပါးမှာ တစ်ချိန်တခါတော့ ကျန်းမာရေးအထူး ညံ့ လိမ့်မယ်။ ကိုယ်တွင်းကလိစာ တစ်ခုခု အစား ထိုးရတာ မျိုးကြုံရတတ်တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၄၉) နာရီမှ ညနေ(၆:၂၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ တနင်္လာ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၇၊ ၆ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သာကူ ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695