ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လပြည့်နေ့ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၃၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၈း၀၅)နာရီအထိ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
နံနက်(၈း၀၅)နာရီနောက်ပိုင်းကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင် ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါ တယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၈း၀၅)နာရီအထိ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာတော့ မိမိတို့ဖြစ်ချင်တာတွေကိုအားထည့်လုပ်သွားနိုင်ပါလိမ့် မယ်။ အထိုင်အလုပ်တွေပဲဖြစ်ဖြစ်၊ လှုပ်ရှား ရုန်းကန်ရတဲ့အလုပ်တွေပဲဖြစ်ဖြစ်တိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့် မယ်။ဒါကြောင့်ပဲမိမိတို့ အလုပ်ထဲမှာ အား ထည့်ရင်ထည့်သလောက် တိုးတတ်နိုင်ပါလိမ့်မယ်။
သတ္တဘိသျှနက္ခတ်ကအထက်မျှော်နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ် ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန် တိုင် ထူခြင်း ကောင်း၏။
ကဗျာစပ်ခြင်း၊စာရေးခြင်း၊ဝတ္ထုဆောင်းပါးရေးသားခြင်းတွေကိုဆောင်ရွက်ခြင်းဖြင့် စာကောင်းတစ်ပုဒ် ဖြစ်လာတတ် ပါတယ်။မင်္ဂလာကိစ္စအ၀၀လဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျန်းမာရေးကတော့အထူး အား ကောင်းပါတယ်။ ဆေးဝါးဓာတ်စာစားခြင်းတွေ စတင်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ကလေးငယ်တွေကို ထမင်းခွံခြင်း၊ အာဟာရစတင် ကျွေးမွေးခြင်းတွေကို အထူးကောင်းပါတယ်။ အသက် ၆၀ကျော်ပြီးတွေဖြစ်တဲ့လူကြီးတွေအတွက် ဖြည့်စွက်စာများ မှီဝဲခြင်းမျိုးအထူးကောင်းပါတယ်။
ဒီလိုနေ့ရက်တွေမှာတော့သီလစောင့်တည်ခြင်း၊ ဘဝနာပွားများခြင်း၊ ဘုရားဖူးထွက်ခြင်းများ အထူးဆောင် ရွက် လို့ကောင်းပါတယ်။ ပန်းချီဆွဲခြင်း၊ပန်းပုထုခြင်း၊မြန်မာမှုလုပ်ငန်း စတဲ့အနုပညာနဲ့နွယ်တဲ့အလုပ်တွေကိုလဲ လုပ်ကိုင် ဆောင် ရွက် လို့အထူးကောာင်းပါတယ်။
မိမိတို့ မိရိုးဖလာကိုးကွယ်တဲ့ နတ်တွေကို ပသတာ၊တင်မြောက်တာမျိုးတွေအထူးပဲဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။ အအေး၊အချိုရည်၊ရေသန့် စတဲ့အရည်နဲ့ပက်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ ထုတ်လုပ်ဖြန့်ချီ ခြင်းများလဲ အထူးကောင်းပါတယ်။ ပဋိပက္ခများလဲ ဖြေရှင်းရန်အထူးကောင်းပါတယ်။ မြှပ်နှံထားတဲ့ငွေကြေးတွေလဲ ပြန်ဖော်လာ နိုင်မဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ အရောင်းထိုင်းပစ္စည်းများလဲ ဈေးကွက်မှာပြန်လည်အရောင်းသွက်လာမဲ့နေ့ရက်ပါပဲ။ ရှေ့ဟောင်းပစ္စည်းများ တန်ဖိုးတတ်မဲ့နေ့ရက်ပါပဲ။
ယနေ့ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။ အနောက်တိုင်းအယူအဆအရ ထူးကဲသော လပြည့်နေ့ဟု သက်မှတ်ပါသည်။ အပြာရောင်လဝန်းနေ့ ဖြစ်သည်။ လှောင်ကုန်ပစ္စည်းများ ရောင်းချ၍ အမြက်အစွန်းရရှိမည်။ ကုန်စည်စီးစင်းမှုလမ်းကြောင်း အပြောင်းအလဲများ ရှိနိုင်သည်။ အလုပ်ရှာဖွေ လျှောက််ထား ခြင်းများ ပြုနိုင်သည်။ ငွေကြေး၊ ပစ္စည်းငှားခြင်း မပြုရ။ ယနေ့ချုပ်ဆိုသော စာချုပ်စာတမ်းများ တည်မြဲမှုမရှိပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၂:၄၆)နာရီမှ ည(၂၃:၃၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ကုမ်စန်း၊ သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ စိတ်ကူး အကြံ အစည်ကောင်းကြပါ တယ်။ ပညာဖြင့်အသက် မွေးနိုင် ကြ တယ်။အမိအဘ တွေရဲ့ အထောက်အပံ့ကို အပြည့်အဝရ တယ်။ နာမည်ကို ဗုဒ္ဓဟူး နံနဲ့ အဆုံးသတ်မှတ်ထားရင်တော့ ဖခင်နဲ့အဆင် မပြေခြင်း၊ ဖခင်အကျိုးမခံစားရခြင်း ဆိုတာမျိုး ဖြစ်ရတတ်ပါတယ်။ ငွေကြေးကံအားကောင်းကြတယ်။ အိမ်ထောင် ဘက်ကံ ကောင်းကြပါတယ်။ အိုး အိမ်တိုက်တာ ခြံကားများဖြင့် စည်းစိမ်ခံစားရမဲ့ကံရှိတာကိုတွေ့ရပါတယ်။ တစ်ခုသိထား ရမှာက တွေဝေစိတ်တွေကို ဖျောက်ထားဖို့လိုပါတယ်။ အပျော်အပါးကိုလိုက်စားတာမျိုးရှောင်ပါ။ အစလုပ်မိပါက မကောင်းတဲ့ကိစ္စတွေကို ဖျောက်ဖျက်ရခက်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၃၉) နာရီမှ ညနေ(၃:၁၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အညိုရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၄၊ ၃ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးမုန့်ကြော်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695