loading

5.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 5.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆုတ်(၅)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၄)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရလဆုတ်တီထိ(၆)လုံး ကျော်ကြားမှုတွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီ လိုနေ့ရက်မှာတော့ ရေနဲ့ဆက်စပ်သော လုပ်ငန်းများ အထူးကောင်းပါတယ်။ ပင်လယ်စာလုပ်ငန်းများ၊ ရေသန့် နှင့် အချိုရည်လုပ်ငန်းများအထူးအဆင်ပြေ တိုးတတ်ပါလိမ့်မယ်။ ဖျော်ဖြေရေးလုပ်ငန်းများ၊ ဂီတ၊အနုပညာလုပ်ငန်းများ အဆင်ပြေတိုးတတ်မဲ့နေ့ရက်ပါပဲ။

ဝန်ထမ်းအလုပ်များ၊လခစားအလုပ်များ လုပ်ကိုင်နေသူတွေ၊ အလုပ်တွေထဲမှာပေါ့ပေါ့ပါးပါးလုပ်ကိုင်ပါ။ သိပ်ပြီး ပူပင် သောကတွေမများဘဲလုပ်ကိုင်ရင်အဆင်ပြေပါလိမ့်မယ်။ ဒီလိုနေ့မျိုးဟာတွေးပြီး ၊စဉ်းစားပြီးလုပ်ရတဲ့ စိတ်အလုပ် များ၊ အမှုအခင်းဖော်ထုတ်ခြင်းများ၊အထူးကောင်းပါတယ်။

နက္ခတ်အရ ဘရဏီနက္ခတ်ကအောက်ငုံ့နက္ခတ်ဖြစ်တာမို့ရေတွင်းရေကန်တူးခြင်း၊အုတ်မြစ်ကျင်းတူးခြင်း၊ မြေတူး ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓါတ်သတ္တုတူး ဖော် ရှာဖွေခြင်း၊ ရွှေတွင်း တူး ခြင်း၊ ကလေးထမင်းခွံ့ခြင်း မင်္ဂလာ ပြုရာ၏။

အနုပညာနဲ့ပတ်သက်သော အတတ်ပညာရှင်များကတော့ ဖန်တီးမှုအသစ်တွေ၊စိတ်ကူးအသစ်တွေကို လုပ်ဆောင်လို့ အထူးကောင်းပါတယ်။ မိမိလိုချင်တာတွေကိုလဲ ရအောင်ဖန်တီးနိုင်ပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေ ထက်မိမိအောက် လက်ငယ်သားတွေ သားသမီးတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးခြင်းဖြင့် အောင်မြင်မှုတွေတိူးမဲ့နေ့ပါပဲ

ဒီနေ့မွန်းလွဲ ၁း၃၀ကနေညနေ၃း၀၀အထိအတွင်းကမတော်တဆထိခိုက်မှုတွေအလွန်ပဲဖြစ်ရတတ်ပါတယ်။ ဒီနေ့မှာ ထီ ကံ မြင့်မားနေတတ်ပါတယ်။ ထီကံစမ်းလို့အလွန်ကောင်းတဲ့နေ့ပါ။ ရေတွင်းရေကန်တူးချင်သူများ၊ အဝီစီ တွင်းတူးချင်သူများဒီနေ့မနက် 8နာရီကနေ 8နာရီ 50အတွင်းစတင်တူးဖော်လို့အလွန်ကောင်းပါတယ်။ ဒီနေ့မှာမည် သည် ပစ္စည်းမဆို ပစ္စည်းငှားရမ်းခြင်းလုပ်ငန်းများလဲတိုးတတ်နိုင်တာကိုလဲတွေ့ရပါတယ်။

ယနေ့တွင် ကာမမကြူးအပ်ပါ။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ အရောင်းထိုင်း ပစ္စည်း များ ဈေးကွက်တင်၍ အရောင်းအဝယ်သွက်လက်မည်။ လူအများ စကားကတိပျက်ယွင်း တတ်သည်။ လှောင် ကုန် များ ပြန်လည်ရောင်းချရန် ရက်ကောင်းဖြစ်သည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၂၆)နာရီကြား စတင်ဆောင်ရွက် သော ကိစ္စတို့မှ ထူးခြားသော ကောင်းခြင်းများ ပေါ်ထွန်းလာမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂:၂၆)နာရီမှ ည( ၂၃:၁၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ဘရဏီနက္ခတ် မိဿစန်း ညနေ(၄)နာရီလွန် စန်းပြိဿရာသီသို့ ပြောင်း သည်။  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် စိတ်မြန်သူ၊စိတ်ဆတ်သူတွေဖြစ်ကြပါတယ်။ တစ်ခုခု ကို အပြောက နောက်၊ လူက အရှေ့ကိုအရင်ရောက်နေတတ်ပါတယ်။  ငွေရှာရလွယ်ကူပြီး အသက် ၂၆ကနေ ၃၅ အတွင်း ဘဝအာမခံချက် ရှိတဲ့ အလုပ်တွေအခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်။ ကြိုးစားရင် ကြိုးစား သ လောက် ထွန်းပေါက်နိုင်တာမျိုး ဘဝ အောင်မြင်ရေးအတွက် စိတ်ပူစရာလုံးဝမလိုပါဘူး။ အမျိုးသမီးအနှောက် အယှက်ရှိတာမို့ တစိမ်းမိန်းကလေးတွေကို လုံးဝအကြွင်းမဲ့ ယုံကြည်လိုက်လို့ မသင့်ပါဘူး။ ဆွေမျိုးသားချင်းတွေနဲ့လဲ အဆင်မပြေ ဖြစ် ရတတ်ပါတယ်။ သိပ်ထက် မြက် တဲ့ဖွားဇာတာအမျိုးအစားပါ။ တော်မယ်၊ ထက်မယ်၊ သွက်မယ်၊ ခေါင်းဆောင်စိတ်ရှိ မယ်။လက်မြန်ခြေမြန်စိတ်မြန် ဇာတာအမျိုးအစားပါ။ အကျိုးစီးပွားရှာဖွေရာမှာ ထက်မြက်တဲ့ ဖွားဇာတာအမျိုး အစား မုချဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၀) နာရီမှ ညနေ(၄:၄၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊အင်္ဂါ၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နာနတ်သီးစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဘိန်းမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြmn         န်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *