ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆုတ်(၆)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၅)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ကန်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၇လုံးကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာ တီထိကျရောက်တဲ့နေ့ရက်ပါ ပဲ။ ဒီလိုနေ့ရက်မှာတော့ ဖြန့်ချီရေး ဖြန့်ဖြူးရေးကိစ္စတွေအလွန်ကောင်းတာမျိုးတွေ့ရပါတယ်။ သတင်းဖြန့်ချီခြင်း၊ ကုန်ပစ္စည်းသစ်မိတ်ဆက်ဖြန့်ချီခြင်း၊ စာအုပ်မိတ်ဆက်ဖြန့်ချီခြင်းစသည့်ဖြင့် လုပ်ကိုင်လို့အဆင်ပြေတတ်ပါတယ်။
မင်္ဂလာကိုပေးတဲ့ နေ့ရက်လဲဖြစ်တာကြောင့်ဒီလိုနေ့ရက်တွေမှာတော့ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း တွေ၊ မင်္ဂလာ စကားပြောခြင်းတွေလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူး အဆင် ပြေပါလိမ့်မယ်။ ဆေးဝါးကုသခြင်းတွေ၊ ဆေးစစ်ခြင်းတွေအထူးဆောင်ရွက်လို့အဆင်ပြေပါလိမ့်မယ်။
အရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်မည်ဆိုပါက မွန်းလွဲ ၁း၁၂ မိနစ်မှ ညနေ၃း၃၅အတွင်းဆောင်ရွက်လို့ အထူး ကောင်း ပါလိမ့်မယ်။ စက်ကားနဲ့ပက်သက်သောအလုပ်များ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများလဲ တိုးတတ် နိုင်မဲ့နေ့ ရက်လဲဖြစ်ပါတယ်။
ဆန်ရေစပါးစတင်စိုက်ပျိုးတာ၊မျိုးစေ့ကြဲတာမျိုးတွေလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါလိမ့်မယ်။ ရွှေနှင့်ကျောက် မျက်ရတနာလုပ်ငန်းများတိုးတတ်ပါလိမ့်မယ်။ လက်ဝတ်ရတနာများ ဝယ်ယူခြင်း၊စတင်ဆင်မြန်းခြင်းတွေပြုလုပ်လို့ ကောင်းတဲ့နေ့မျိုးပါပဲ။
ဒီလိုနေ့မျိုးမှာတော့အိမ်ပြောင်းနေရာပြောင်း၊အလုပ်ပြောင်းတာမျိုးတွေလဲ ဒီနေ့မှာဆောင်ရွက်လို့သင့်တော် ပါတယ်။ဒီလိုနေ့မျိုးဟာ လူတိုင်းစိတ်ကျဉ်းကြပ်စရာလေးတွေကြုံရတတ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်နဲ့လုပ်ရင်တော့ အဆင်မပြေတာတွေများတတ်ပါတယ်။ နားမလည်ရင် သိသူတတ်သူကို ဆရာတင်လိုက်ပါ။ ဒီလိုနေ့မျိုးဟာ ပစ္စည်း တစ်ခုကို နားလည်သလိုနဲ့ မစူးစမ်းဘဲ ဝယ်မိရင်တော့ ဂျင်းမိလွယ်တဲနေ့ရက်မျိုးပါပဲ။
အမှုအခင်းနဲ့ပတ်သက်ပြီး ပက်သက်ဆက်နွယ်လာတတ်ပါတယ်။ တတ်နိုင်သလောက်လက်ရှောင်လိုက်ပါ အာမခံ ပေးတာမျိုး ၊လိုက်လံဆောင်ရွက်ပေးတာမျိုးဆိုသတိထားလိုက်ပါ။ယနေ့သည် သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိသောနေ့ဖြစ် ပါ သည်။ အလုံးစုံးသော အခက်အခဲပြဿနာများအားလုံးကို ဖြေရှင်းနိုင်ပါလိမ့်မည်။ အကြီးအကဲများထံ ဝင်ထွက် ရန် ကောင်းပါသည်။ ကုန်ပစ္စည်းများ ဝယ်ယူမြှုပ်နှံ၍ အထူးကောင်းသည်။ ဝေဒနာဖြစ်က ချက်ချင်း ကုသပါ။ ရောဂါပွားတတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂:၂၂)နာရီမှ ည(၂၃:၁၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပြိဿစန်း၊ကြတ္တိကာ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာအခက်အခဲ တွေကိုကောင်းစွာကျော်လွှား နိုင်ကြသူတွေဖြစ်တယ်။ကြီးကျယ်တဲ့ အောင်မြင် မှုတွေ ကိုလဲ ရတတ်သလို၊အဆင်ပြေလာပြီဆိုရင် လုပ်ငန်းတွေတစ်ခုမကကိုင်တွယ်ရသော လုပ်ငန်းရှင်မျိုးဖြစ် တတ်ပါ တယ်။ ရန်အားကြီးသလို အောင်မြင် အားလဲ ကြီးမားကြပါတယ်။ အချစ် ရေးကိစ္စတွေမှာတော့ က မောက်ကမ ဖြစ်လွယ်တဲ့ ဇာတာရှင်ဖြစ်တာမို့ သမီး မိန်းကလေးရင်သွေးငယ်ဖြစ်မယ်ဆိုရင် တော့ အိမ်ထောင်ရေးအထူး သတိ ထားရလိမ့်မယ်။ ကျန်းမာရေးအားကောင်း ကြပေမဲ့ ဘဝမှာအရေပြားရောဂါတွေ၊ အစားမှားဆေးမှားခြင်းတွေ မဖြစ်ဖို့ တော့ မိဘတွေက ဂရုစိုက်ပေး ရပါလိမ့်မယ်။
ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ်လုပ်ရန်အတွက် ကောင်းမွန်သည်။ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင် မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စက်ရေတွင်း မီးရထား လမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ်၊ ပန်းပုပညာ၊ အနုပညာ ၊ အရေးအသား၊ ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသောပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၄) နာရီမှ မွန်းလွဲ(၀၁:၃၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ စနေ၊တနင်္ဂနွေ၊တနင်္လာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၁/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သကြားလုံးစား သွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဇီးယို ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695