loading

11.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 11.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆုတ်(၁၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ သမားညို၊ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ(၁၂)လုံး ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ (၃)လုံးသို့ ပြောင်းသည်။  ကျော်ကြားမှုတွေဖြည့်စွမ်းပေးရတဲ့ ဘဒြာ တီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ ဒီနေ့ဟာ လုပ်ငန်းနဲ့ပတ်သက် ပြီးတော့ အားရစရာကောင်းတဲ့အချက်တွေရှိပါလိမ့်မယ်။ ဒါအပြင် ငြိမ်းချမ်းသော ဆက်နွယ်သောကိစ္စမှန်သမျှလဲ ဆောင်ရွက်လို့ကောင်းပါတယ်။ ကလေးငယ်တွေကိုအာ ဟာရစတင်ကျွေးမွေးခြင်း တွေ၊သက်ကြီးရွယ်အိုတွေကို ဖြည့် စွက် စာစတင်မှီဝဲခြင်းတွေဆောင်ရွက်နိုင်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ မိမိစိုက်ခင်းကို ဓာတ်မြေသြဇာကျွေးခြင်းမျိုးတွေဒီနေ့မှာစတင်နိုင်ပါ တယ်။ ဒီနေ့မှာ ကုမ္ပဏီအစုစပ်လုပ်ငန်းများ၊ဖက်စပ်လုပ်ငန်းများနှင့် စတော့ရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လို့ ကောင်းတဲ့နေ့ပါ။

ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ရေစက်ချခြင်းများလဲ ဆောင်ရွက်လို့ကောင်းတဲ့နေ့ ရက်ပါပဲ။ ကားရောင်းခြင်း၊ကားဝယ်ခြင်းနှင့် အလဲအထပ်လုပ်ခြင်းများလဲ  ဒီနေ့မှာဆောင်ရွက်လို့ကောင်းပါတယ်။ မိမိလိုချင် တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူလို့သင့်တော်တဲ့နေ့ရက်လဲဖြစ်ပါတယ်။

ပညာရေးဝန်ဆောင်မှုများ၊စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများကျင်းပနိုင်သလို ပညာ စတင်သင်ယူလို့ကောင်းတဲ့နေ့မျိုးလဲဖြစ်ပါတယ်။ ပင်လယ်စာနှင့် ရေထွက်ပစ္စည်းများရောင်းဝယ်ခြင်းတွေ၊ အလှ ပြင် ဆိုင်၊ ဆံသဆိုင်အသစ်များ ဖွင့်လှစ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း သုံးစွဲနေတဲ့ အသုံးအဆောင်ပစ္စည်းများကိုအသစ်အစားထိုးမယ်ဆိုရင် ဒီနေ့မှာဆောင် ရွက်လို့ ကောင်းပါတယ်။အမှုအခင်းပြဿနာတွေကိုလဲ ရင်ဆိုင်ဖြေရှင်းရန်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။ မိမိသိ လိုတဲ့ သတင်းအချက်အလက်များကို စုံစမ်းရန်ကောင်းတဲ့ရက်လဲဖြစ်ပါတယ်။

ဒီနေ့မှာ ကာမဂုဏ်လွန်ကျူးခြင်းတွေကိုရှောင်လိုက်ပါ။ အာရုံခံစားတာတွေများနေရင်လျော့ပါ။ မလိုအပ် ဘဲ ငွေတွေ သုံးမိနိုင်တဲ့အတွက်သတိထားပါ။ ဒီနေ့မှာခရီးကိစ္စများ အဆင်မပြေတာတွေများနေတတ်ပါတယ်။ လိုရာခရီး မရောက်တာ၊ အချိန်မမှီတာတွေဖြစ်လွယ်ပါတယ်။ အထူးသဖြင့်ဆွေမျိုးသားချင်းတွေထံလည်ပတ်သွား လာခြင်း တွေ ကို တတ်နိုင်သလောက်လျှော့ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂:၀၃)နာရီမှ ည(၂၂:၅၄)နာရီအတွင်း အတွင်း ဖြစ် ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံ အလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်း အကျိုး သွားများ ရရှိနိုင်ပါတယ်။

ဖုသျှ နက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ပေါ့ပါးပြီး လျင်မြန်သော နက္ခတ် ဖြစ်ပြီး အား ကစား ဇိမ်ခံပစ္စည်းများ၊စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုသခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီးများ စတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ ဝိညာဉ်ရေးလှုပ်ရှားမှုများ၊ အလှဆင်ခြင်း၊ အနုပညာ လက်ရာများ လေ့ကျင့်ခန်းနှင့်ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦး / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့်တင်ခြင်း၊ နန်းထက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ ပြုလုပ်ရန်သင့်လျော်သည်။လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်းများလဲ တတ်နိုင်ရင်တော့ ဒီနေ့မှာရှောင်လိုက်စေချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာမရဏ ဖွား၊ ကရကဋ်စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ မရဏဖွား ဖြစ် ပေမဲ့ ငွေကြေးကံအားကောင်းကြသူများဖြစ်ပါတယ်။ အလုပ်တွေကိုကောင်း စွာ လုပ် နိုင်စွမ်းရှိကြတယ်။ အကူ အညီပေးလိုစိတ်ပြင်းထန်တယ် ။ ဒုက္ခရောက်ရင် မကယ်ရမနေနိုင်ကြသူတွေ ဖြစ်ပါ တယ်။ ငွေကြေးရှာဖွေရလွယ် ကူပြီး ဘာလုပ်လုပ်အရင်းအနှီးလိုပါက ပေးမဲ့ကမ်းမဲ့သူတွေတွေပေါများကြတာကိုတွေ့ရ ပါတယ် မွေးစကနေ ၁၅နှစ်အတွင်း အိုးအိမ်နေရာထိုင်ခင်းအပြောင်းအလဲဖြစ်လေ့ရှိပါတယ်။ ထို၁၅နှစ်အတွင်း အချိန် များသည် မျက်စိထိခိုက်လွယ်တာမို့ မျက်စိကျန်းမာရေးကိုတော့ အထူးဂရုစိုက်ရပါလိမ့်မယ်။ မျက်စိအားနည်းတာ၊ ဖုန်းအကြည့် များ တာ၊ မျက်စိကို ဘောလုံးလိုမျိုးတစ်ခုခုထိမှန်ပြီး တိမ်ဖြစ်တာမျိုးတွေသတိထားပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့မနက်(၀၇:၂၅) နာရီမှ မနက်(၈:၅၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊စနေ၊အင်္ဂါသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ပန်းနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ထိုးမုန့်စား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့နန်းကြီးသုပ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *