loading

17.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 17.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၁)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူး ပင် ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ ရှမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းတည့် ၁၂နာရီအထိလဆန်းတီထိ ၂လုံး၊ထိုအချိန်ကျော်ပါက အောင်မြင်မှုတွေ၊ စွမ်းအား တွေ ကိုပေးတဲ့ ဇယျာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ မိမိအတွက်ကောင်းသောလိုအင်တွေပြည့်ဝရ တတ်ပါ တယ်။ ကျန်းမာရေးက တော့ဒီနေ့ရက်တွေမှာ အိပ်ရာထဲလဲနေသူတွေကတောင်နလန်ပြန်ထူတတ်ပါတယ်။ လိုအပ်တဲ့ ခွဲစိပ်ကုသ မှုများလုပ်ရမယ်ဆိုရင်တော့ ဒီနေ့မှာလုပ်ဆောင်လို့အောင်မြင်တတ်ပါတယ်။ စစ်လက်နက် ဝယ်ယူ ခြင်း များ၊စစ်ရေး လေ့ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။

ခရီးနဲ့ပတ်သက်ပြီးတော့လဲ  အဆင်ပြေချော့မွေ့ပါလိမ့်မယ်။ ကုန်သည်စီးပွားများ ဈေးကောင်းရ တတ်ပါ တယ်။ သူများ တွေရဲ့ကတိတွေကိုတော့ လွယ်လွယ်မယုံသင့်တဲ့နေ့ပါ။ ဆေးဖော်ဆေးစပ်ရန်ကောင်းသော နေ့ရက် ဖြစ်ပါ တယ်။ ဘာလုပ်လုပ်သေချာမှလုပ်ပါ။ အဲလိုမှမဟုတ်ရင်စတင်လိုက်တဲ့ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စနှင့် အပြီးမသတ် ဖြတ်ရတတ်ပါတယ်။ မိမိကုန်ပစ္စည်းကို ကြော်ငြာခြင်းများစတင်လို့ အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။

ကြော်ငြာဆိုင်းဘုတ်များ၊ကြော်ငြာတဲ့  BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်း ခြင်း ဝယ်ခြင်းအလုပ်များ၊ကြားကနေအဆင်ပြေအောင်အကျိုးဆောင်ပေးရတဲ့အလုပ်များ  ပိုမိုအဆင်ပြေ  တတ်ပါ တယ်။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပက်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်

ယနေ့ ကုန်ပစ္စည်းအသစ်များကို စတင်မိတ်ဆက်နိုင်ပါသည်။ သမားပြသခြင်း၊ ဆေးဝါးကုသခြင်းများ အတွက် ရက် ကောင်းဖြစ်သည်။ သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိသော နေ့ရက်ဖြစ်သည်။ အလုံးစုံသော အခက်အခဲများ ဖြေရှင်းနိုင်မည်။ သူတစ်ပါးအပေါ် ယုံကြည်လွှဲအပ်ပြီးလုပ်သော ကိစ္စမှန်သမျှ အထူးရှောင်ကျဉ်ပါ။ 

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊ တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၃၉)နာရီမှည(၂၂:၃၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့် မယ်။ မိမိတို့ အတိတ် ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလို ရင် ကူညီမဲ့သူပေါ် လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်

မနက်၁၁နာရီအထိကတော့ ဟဿတနက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်ပါက စိတြနက္ခတ်ဖြစ်ပါတယ်။ စိတြနက္ခတ် ဖြစ်တာ ကြောင့် အနေကဇာတင်ခြင်း၊ ရှင်ပြုနားသခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေး စကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ်လုပ်ခြင်း၊ မိတ်ဆုံ ပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေ ဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း နံနက်(၁)နာရီ (၁၄)မိနစ်လွန် စန်းတူ ရာသီသို့ ပြောင်းသည်။  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် နာမည်ပေးမှန်ဖို့အထူးလိုပါ တယ်။ မူလကံကအား ကောင်း ပြီး သားဆိုပေမဲ့ နာမည်ကို သောကြာနံတွေ၊စနေနံတွေနဲ့ အဆုံး သတ်မှည့် လိုက်ရင် တော့ အထူးကံညံ့သွား တာ၊ ကလေးဘဝဆို စာကို စိတ်မဝင်စားတာ၊ရိုင်းစိုင်းတာမျိုးတွေထိ ဖြစ်လာတတ်ပါတယ်။ နာမည်ပေးမှန်ရင်တော့ ပညာရေးကံ အထူးကောင်း တာ ကိုတွေ့ရပါတယ်။ သားသမီးတွေကို ပညာရေးမှာ ထိပ်ဆုံး ရောက်အောင်မြင်ချင်တဲ့မိဘများအတွက် စိတ် ချမ်း သာရမဲ့ ဖွားဇာတာမျိုးပဲဖြစ်ပါတယ်။ အရေ ပြား နဲ့ အာရုံကြော လေးတွေ အနဲငယ် အားနဲလွယ်သည့် ဇာတာရှင်လေး တွေ လည်း ဖြစ်တယ်။ အပူလောင်တာ၊ အရေ ပြားထိခိုက်တာ မျိုးလေးတွေ ၊ အာရုံကြောထိခိုက်တာမျိုးလေးတွေ မဖြစ်အောင် တော့ ဂရုစိုက်ပေးရမယ့် ဖွားဇာတာ လေးတွေပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၃၅) နာရီမှ ညနေ(၀၆:၀၆)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊သောကြာ၊စနေသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပေါက်စီစားသွား ပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဟောလစ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *