ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၈)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၄)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက် ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ ရသေ့ကျော်၊ ရက်ယုတ်မာရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ ၂း၄၀အထိက လဆန်းတီထိ ၇လုံး မင်္ဂလာကျက်သရေကိုပေးတဲ့ ဘဒြာတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ မိတ်ဆွေသစ်တွေ တိုးပွားမဲ့ကာလလဲဖြစ်ပါတယ်။ မိစ္ဆာအာဇီဝတွေနဲ့ အသက်မွေး ခြင်းမျိုးတွေ၊ ဝိသမလော ဘနဲ့စီးပွားရှာခြင်းမျိုးတွေအထူးရှောင်လိုက်ပါ။ လက်မှုပညာနှင့်ပတ်သက်သောလုပ်ငန်းများ၊ မြန်မာ့ရိုးရာမပျက် လုပ်ကိုင်ရသောလုပ်ငန်းများ တိုးတတ်ပါလိမ့်မယ်။ ရှေ့ဟောင်းပစ္စည်းများ ဈေးကောင်းရတတ် ပါတယ်။
ဒီနေ့ရက်မှာ အထက်လူကြီးတွေဆီဝင်ထွက်ခြင်း၊ လိုအပ်ချက်တွေတောင်းဆိုခြင်းများ မလုပ်သင့်ပါဘူး။ အမြင်မကြည် ဖြစ်ရ တတ်ပါတယ်။ ပရဟိတလုပ်ခြင်း၊လူမှုရေးကိစ္စများကူလုပ်ပေးခြင်းမျိုးတွေအထူးဆောင်ရွက် နိုင်ပါတယ်။ စက် ပညာ များ၊နည်းပညာများတီထွင်ကြံဆလို့အလွန်ကောင်းပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်အလုပ်များ စပ်တူရှယ်ယာအလုပ်များအထူးကောင်းပါတယ်။ အလုပ်သစ်စတင်ခြင်းတွေ ဒဲီနေ့မှာအထူးကောင်းပါတယ်။ရေရှည်လုပ်ကိုင်ရသောအလုပ်များအောင်မြင်တိုးတတ်ပါလိမ့်မယ်။ရွှေလုပ်ငန်းများ ကျောက်မျက်ရတနာလုပ်ငန်းများအထူးကောင်းပါတယ်။ ဆည်မြောင်းတာတမံတူးဖော်တာ၊ရေတွင်းရေကန် တူးဖော် တာ မျိုးတွေလဲ အထူးစတင်နိုင်ပါလိမ့်မယ်။
ခန္ဓာကိုယ်ကို အလှပြုပြင်တာ၊ ဆံပင်ပြုပြင်တာ၊ပေါင်းတင်တာ၊ အမွေးနံ့သာလိမ်းကျံတာမျိုးတွေအထူးဆောင်ရွက် နိုင်ပါလိမ့််မယ်။ အိမ်သစ်တတ်ခြင်း၊ဘုရားနေကဇာတင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက် လဲဖြစ်ပါ တယ်။ဆရာအဖြစ်အသက်မွေးသူများ တပည့်မွေးခြင်း၊သင်တန်းဖွင့်ခြင်း၊ သင်တန်းသားသစ်လက်ခံခြင်း တွေကို အထူး ဆောင် ရွက်နိုင်ပါလိမ့်မယ်။ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ အထူးဆောင်ရွက်လို့ အဆင်ပြေပါလိမ့် မယ်။
ယနေ့တွင် ကုန်ပစ္စည်းများကို စတင်မိတ်ဆက်ဖြန့်ချီရန် ရက်ကောင်းဖြစ်သည်။ ပြန့်ပွားလိုသော ပစ္စည်းများကို စတင် မိတ် ဆက် နိုင်ပါသည်။ ရန်ပဋိပက္ခများ ငြိမ်းချမ်းအောင် စီစဉ်နိုင်သည်။ တစ်ပတ်ရစ် ပစ္စည်းဟောင်းများ၊ ရောင်းဝယ် ဖေါက်ကားရန် ရက်ကောင်းဖြစ်သည်။
နေ့လယ် ၁နာရီခွဲအထိဇေဌနက္ခတ်မို့အချစ်ရေး ၊ မေတ္တာရေး စကားပြောခြင်း၊ ထီထိုးခြင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက် ကား ရောင်းဝယ်ခြင်း၊ ပညာစ၍သင်ခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ စာရေးသားခြင်း၊ ပန်းချီ ၊ ပန်းပု ထုခြင်း၊ ကျောက် ဆစ်ထုခြင်း၊ သံထည်ကြေးထည်များ သွန်းလောင်းခြင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ကောင်း၏။
နေ့လယ် ၁နာရီခွဲနောက်ပိုင်းမူလနက္ခတ်မို့ ပန်းချီပန်းပု လုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ဂီတနှင့်အနုပညာဆိုင်ရာများ၊ အဆိုအက သရုပ်ဆောင်ခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်း တူးဖော် ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ အဝီစိ တွင်း တူး ခြင်းများ ကောင်း၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၁၉)နာရီမှ ည(၂၂:၁၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း နေ့စက်(၁)နာရီ (၁၄)မိနစ်လွန် စန်းဓနုရာသီသို့ ပြောင်းသည်။ ကန်ရာသီ ဖွားဖြစ်ပါသည်။ဒီနေ့မွေး ရင်သွေးများဟာ အများနဲ့မတူ သူတို့အတွေး အခေါ်တွေက မူလလူအများအတွေးတွေနဲ့ ကွဲထွက်နေ တတ်ပါတယ်။ဆန်း သစ်တယ်။ခေတ် ရှေ့ပြေး ကြတယ်။ မိဘလက်ငုတ်အလုပ်တွေကို လုပ်ဖို့စိတ်ဝင် မစားကြသူ တွေဖြစ်ပါတယ်။ အတွေး အခေါ်ကောင်းပြီး အသက် ၂၁ထိ မိဘက မလုပ်နဲ့ဆိုရင် လက်တည့်စမ်းပြီး လုပ်လိုစိတ် ရှိကြသူ တွေဖြစ်ပါတယ်။ ငွေကြေးအကူအညီ တွေရ လွယ်ကြသူတွေဖြစ်သလို၊ မိမိတို့ထက်အဘက် ဘက် ကသာလွန် သော အိမ်ထောင်ဘက်များ လဲရရှိတတ်ပါတယ်။ အသက်၂၂ကနေ အသက် ၂၈အတွင်း လုပ်ငန်းခွင်မှာ ထူးထူးခြားခြားရာထူးတိုးတတ်ခြင်း၊ကိုယ် ပိုင်စီးပွားသမားများ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခြင်း ဆိုတဲ့အကျိုး ကျေးဇူးကို ရရှိ တတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀:၂၇) နာရီမှ နေ့လယ်(၁၁:၅၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ညာလက်မှာ ၃ဂဏန်းကို ဘောပင်နဲ့ရေးပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆွမ်းပေါ်သကြားဖြူ၍ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695