ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၇)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်တာမို့အချိန်အခါရွေးပြီးမှ ဆောင််ရွက်ပါ..
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၁၃လုံး စွမ်းအားကိုပေးတဲ့ ဇယျာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ မိမိ အဖွဲ့အစည်းအတွက်၊မိမိကုမ္ပဏီဝန်ထမ်းတွေအတွက် သင်တန်းပေးခြင်းများ၊consaltခေါ်ပြီးအကြံဉာဏ်များ တောင်း ခံ ခြင်းများပြု လုပ်နိုင်ပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်သောကိစ္စများ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေး အတွက် ဆေးဝါးကုသခြင်းများ၊ဆေးစတင်မှီဝဲခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။
စစ်ရေးစစ်ရာနှင့်ပက်သက်သောကိစ္စများ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ စစ်လက်နက်ပြုလုပ်ခြင်း၊ တပ်ဆင် ခြင်း၊စစ်ရေးလေ့ကျင့်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်တတ်ပြုလုပ်ခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ခရီးသွားလို့အလွန်အဆင်ပြေမဲ့နေ့ရက်ပါပဲ။ မည်သည့် ခရီး မဆိုသွားလို့သင့်တော်ပါတယ်။ စီးပွားရေးနဲ့ပတ်သက် သောခရီးများ အကျိုးများပါလိမ့်မယ်။အလုပ်ခန်းများ၊ရုံးခန်းများစတင်ဖွင့်လှစ် လို့ကောင်း တဲ့နေ့ပါ။စာရွက်စာတမ်း နဲ့ပတ်သက်သောကိစ္စများအတွက်စကားပြောဆိုလို့အလွန်ပဲကောင်းပါတယ်။
အသက်မွေးမှုပညာရပ်များစတင်သင်ကြားလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။မြေသန့်မဂ်လာပြုလုပ်ခြင်းတွေ ဆိုင်းဘုတ် တင်ခြင်းတွေအထူးကောင်းမွန်တာကိုတွေ့ရပါတယ်။ မိမိလုပ်ငန်းအတွက် ၊မိမိကုန်ပစ္စည်းအတွက်စတင်ကြော်ငြာလို့ အထူးကောင်း တဲ့နေ့ရက်ပါပဲ။ မေတ္တာရေးရာကိစ္စမျာ အစပျိုးဆောင်ရွက်နိုင်ပါတယ်။ ချစ်ရသူဆီချစ်ခွင့်ပန်တာ၊ သူ အတွက်အမှတ်တရလက်ဆောင်လေးတွေဝယ်ပေး ခြင်းဖြင့် ချစ်ခြင်းတွေခိုင်မြဲတတ်ပါတယ်။
မနက် ၈နာရီ ၁၀မိနစ်အထိကဓနသိဒ္ဓိနက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်ပါက သတ္တဘိသျှနက္ခတ်ဖြစ်ပြီး အထက် မျှော် နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ်တင်ခြင်း၊ ပန်းချီပန်းပု လုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ် ခူးခြင်း၊ လေကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန် တိုင် ထူးခြင်း ကောင်း၏။ဆေးဝါးကုသခြင်းများ စတင်ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။
ယနေ့တွင် တောင်တက်ခရီးမျိုးများ မသွားလာအပ်ပါ။ ယနေ့ သမားကောင်းနှင့် တွေ့ရခြင်း၊ ဆေးစစ်ခြင်း တို့အတွက် အခါကောင်း ကျရောက်နေပါသည်။ အဖိုးတန်ပစ္စည်းများ ဝယ်ယူခြင်း မပြုရပါ။ ငွေရေးကြေးရေး၊ ချေးငှားခြင်း၊ တာဝန်ယူခြင်း၊ အာမခံခြင်း ရှောင်ကျဉ်ပါ။ ပစ္စည်းလှောင်ခြင်း၊ ဂိုဒေါင်သွင်းခြင်းမပြုရ။ ဆုံးရှုံးတတ် ပါသည်။ အရောင်း အဝယ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာနှုတ်ကတိပေးတာမျိုး တွေရှောင်လိုက်စေချင်ပါတယ်။ သူများ ပြဿနာ တွေ၊အမှု အခင်းတွေမှာဝင်ရောက်စွက်ဖက်တာမျိုးတွေ အာမခံပေး တာမျိုးတွေသက်သေ လိုက်ပေးတာ မျိုး တွေအထူးရှောင် လိုက်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၀၀)နာရီမှည(၂၁ :၅၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေ ရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ကုမ်စန်း၊သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်ရာသီဖွားဖြစ် ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် စီးပွားရေးပိုင်းမှာ အားရစရာကောင်းတဲ့အနေအထားကိုရရှိကြတာတွေ့ ရပါတယ်။ သက်လတ်ပိုင်းကာလတွေဖြစ်တဲ့ အသက် ၂၈ကနေ အသက် ၄၆အတွင်း အအောင်မြင်ဆုံး ဘဝကိုရ ရှိတတ်ပါတယ်။ အားနည်းချက်က မိဘတွေနဲ့ အလုပ်ကြောင့်ဝေးနေရ ခြင်း၊အရွယ်ရောက်ပါကအိမ်ထောင်ရေး ကံခေ ခြင်း၊ အစိုးရ အလုပ်နှင့်အကျိုးမပေးခြင်း စသောအားနည်းချက်တွေရှိ တာကိုတွေ့ရပါတယ်။ ငွေကြေးကံကတော့ ဘဝ တစ် လျှောက် လုံးပူစရာမလိုသလို ဘဝနေဝင်ချိန် အိုဇာတာလဲ ကောင်း တဲ့သူတွေအဖြစ်တွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁:၅၇) နာရီမှ မွန်းလွဲ(၁:၂၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊တနင်္ဂနွေ၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့သင်္ဘာသီးမှည့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695