loading

30.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 30.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၂၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၉)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။  

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၁လုံး မူလအနေအထားထက်တဆင့်မြှင့်တတ်မှုတွေကိုဖြစ်ပေါ်စေ တဲ့ နန္ဒတီထိလဲဖြစ်ပါ တယ်။ကျန်းမာရေးကတော့အကောင်းများပါတယ်။လူတကာရဲ့အကူအညီတွေကိုရရှိတတ်ပါ တယ်။ စုပေါင်း သွေး လှူ ခြင်းများအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။ ဆံပင်ညှပ်ခြင်း၊ခေါင်းဆေးမင်္ဂလာ ပြုလုပ်ခြင်းများ ဒီနေ့မှာ အလေးပေးဆောင်ရွက်လို့အထူးကောင်းပါတယ်။

ရေဝတီနက္ခတ်သည်ဘေးနှစ်ဖက်မြင်နက္ခတ်ဖြစ်တာမို့ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ်စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချိရေး လုပ်ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်း၏။

ထီထွင်ဖန်တီးမှုကိစ္စတွေကိုဦးစားပေးလုပ်ကိုင်ဆောင်ရွက်ပါ။ တစစနဲ့မြင့်တတ်လာမဲ့အလုပ်တွေကိုဦးစားပေးပါ။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမျိုးတွေ အထူးဆောင်ရွက်နိုင်ပါတယ်။ အလှအပနှင့်ဆိုင်သောစီးပွားရေးများ၊ အနုပညာ၊ ဂီတ၊ဖျော်ဖြေရေးနှင့်ပတ်သက်သော အလုပ်များအထူးတိုးတတ်ပါ လိမ့်မယ်။

အလှကုန်ပစ္စည်းအရောင်းမြှင့်တင်ခြင်းတွေအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ အခွင့် အလမ်းများ၊ ဟောပြောပွဲများကျင်းပလို့ကောင်းပါတယ်။ ပညာဝန်ဆောင်မှုလုပ်ငန်း များအထူးတိုးတတ်နိုင်ပါတယ်။ မြေသန့်မင်္ဂလာအခမ်းအနား၊ပန္နက်တင်အခမ်းအနားများလဲ ကျင်းပဆောင်ရွက်လို့ အထူးသင့်လျော်ပါတယ်။

ယနေ့တွင် သစ်ပင်မစိုက်ရပါ။ ခေါင်းဆေး၊ ခေါင်းလျှော်ပြုက အသက်ရှည်မည်။ ဘာသာရေးဆိုင်ရာ မြင့်မြက်သော ကိစ္စများ ဆောင်ရွက်ရန် အခါမပေးပါ။ နေအိမ်ရှိ ကြည့်မှန်တို့ကို ပြောင်လက်အောင် တိုက်ချွတ်ပါ။ လုပ်ငန်း ခွင်သုံး ပစ္စည်းများ ပြင်ဆင်ခြင်း၊ အသစ်အစားထိုးခြင်းတို့ ပြုလုပ်နိုင်သည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ လုပ်နေကြပစ္စည်းမဟုတ်ပါက ရောင်းမှာဝယ် မှား ဖြစ် တတ်တယ်။ကိုယ်မကျွမ်းကျင်ပါက နားလည်သူနဲ့တိုင်ပင်ပါ။သို့မဟုတ်ပါက လူလိမ်ခံရ တတ်ပါတယ်။ ဘဝ အတွက် အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ် လို့မကောင်း ပါ ဘူး။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည (၂၀:၄၈)နာရီမှည(၂၁:၄၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မိန်စန်း၊ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ကန်  ရာသီဖွားဖြစ်ပါသည်။ဒီ နေ့ မွေးသူ များဟာ စိတ်ပျော်ရာလိုက်ကြသူတွေဖြစ်ပါတယ်။ ဘဝကိုပျော်ပျော်နေ သေခဲဆိုတဲ့ စိတ်မျိုးထား ကြ သူတွေ ဖြစ်ပါတယ်။ ပျော်ရွှင်နေရင် အရာရာကို စိတ်ပါလက်ပါ…လုပ်ကိုင်နိုင်ပေမဲ့ စိတ်ညစ်ပါက ဘာမှမလုပ်ချင် မကိုင်ချင် လောက်အောင် စိတ်ဓာတ်ကျသွားတတ်ပါတယ်။ ဘာသာစကားနယ်ပယ်၊ဂိုက်လမ်းပြသူ၊နိုင်ငံခြားမှာ ပညာရှာစီးပွားရှာ သူ၊ခရီးသွားလုပ်ငန်းများ၊ပညာရေး၊ကျောင်းနဲ့ပတ်သက်သောလုပ်ငန်းများနှင့် အဆင်ပြေတတ်ပါ တယ်။ သက်လတ် ပိုင်း ကာလမှာဘဝဟာ အတတ်အကျများတတ်ပေမဲ့ သက်ကြီးပိုင်းအိုဇာတာကံ အလွန်ကောင်း သူဖြစ် ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈:၅၅) နာရီမှ နံနက်(၁၀:၂၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ရာဟု၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဘိန်းမုန့်စား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်းဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *