ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ယနေ့သည် အရှေ့မြောက်လာဘ် ဖြစ်၍ အလုပ်ကိစ္စများ၊ အရေးကြီးကိစ္စများ ဆောင်ရွက်သည့်အခါ၊ ခရီးသွားသည့် အခါ အရှေ့မြောက်အရပ်သို့ မျက်နှာပြု၍ လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ယနေ့တွင် အရှေ့မြောက်အရပ်သို့ မျက်နှာ ပြု၍ လာဘ်ပွင့် ဂါထာမန္တာန်များ ရွတ်ဆိုခြင်းဖြင့်လာဘ်လာဘပွင့်အောင်ပြုလုပ်နိုင်သည်။
ယနေ့တွင် အနောက် တောင်အရပ်သည် နတ်နေအရပ်ဖြစ်သဖြင့် ထိုအရပ်ကိုရှောင်ကြဉ်ရမည်။ အနောက်တောင် အရပ်သို့ မျက်နှာပြု၍ လုပ်ငန်းကိစ္စများ အရေးကြီးကိစ္စများပြုလုပ်ခြင်း အနောက်တောင်အရပ်သို့ ခရီးသွားခြင်း များကိုရှောင်ကြဉ်ရပါမည်။
စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်တာကြောင့်အရှေ့အရပ်ကို မျက်မှာမူပြီးတော့ ချစ်ခြင်းမေတ္တာရေးကိစ္စ၊ လူမှုရေး ကိစ္စ၊ စကားအောင်လိုသောကိစ္စများပြောဆိုဆောင်ရွက်နိုင်ပါတယ်။
လက်သမားမြေခံ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင် ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ သမားဖြူ၊မဟာရက်ကြမ်း နဲ့တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မနက် ၁၁နာရီနီးပါးအထိက လဆုတ်တီထိ ၂လုံးဖြစ်ပြီးတော့ အသစ်ဖန်တီးခြင်းတွေ၊ ကျက်သရေ ရှိခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒါကြောင့်ပဲဒီလိုနေ့တွေမှာတော့ ငွေ ကြေးနဲ့ပတ်သက်ပြီးတော့လဲ ရှာဖွေလို့အထူး ကောင်းပါတယ်။ ဘဏ်မှာငွေစာရင်းဖွင့်ပြီး စတင်စုဆောင်း တာမျိုးတွေ ဆောင် ရွက်သင့်ပါတယ်။
ခရီးထွက်လို့အလွန်ပဲကောင်းပါတယ်။ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊အခြားကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်ခရီးထွက် မယ်ဆိုအဆင်ပြေချောမွေ့ပြီး ကြံစည်ထားတာတွေပြည့်မြောက်ရတတ်ပါတယ်။လိုအပ်တဲ့ကုန်စည်များကို ရောင်း ဝယ်ဖောက်ကားခြင်းတွေ၊ စတင်သိုလှောင်ခြင်းတွေပြုလုပ်နိုင်ပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်ပြီး အနည်းငယ်အားနည်းနေတတ်ပါတယ်။ ၇ရက်သားသမီးများဥတုကြောင့်ဖြစ်တဲ့ တုပ် ကွေးရောဂါတွေခံစားရတတ်ပါတယ်။ ခေါင်းဆေး၊ခေါင်းလျှော်ပြုပေးပါက အနာရောဂါကင်းဝေးပါလိမ့်မယ်။ အသက် ရှည် ပါလိမ့်မယ်။ကျက်သရေမင်္ဂလာကိုဖြစ်စေတဲ့နေ့ရက်ဖြစ်တာကြောင့် ဘုရားဆင်းတုတော်များ စတင် ထုလုပ် ခြင်းတွေအထူး ကောင်းပါတယ်။ ဘုရားကားချပ်များ၊ဘုရားရဟန္တာပုံတော်များစတင်ချိတ်ဆွဲခြင်း၊နေရာချ ပူဇော်ခြင်း များ အထူး ဆောင်ရွက်နိုင်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အထူးရပိုင်ခွင့်တွေ တောင်းဆိုလို့ အထူး ကောင်း ပါ တယ်။ ကြွေး တောင်းလို့သင့်တော်တဲ့နေ့ရက်ပါပဲ။
အဝတ်အစားအသစ်များဝယ်ယူခြင်းတွေ၊ အလှပန်းပျိုးပင်များစတင်စိုက်ပျိုးခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်ထဲအလှဆင်ခြင်း၊ မိမိဆိုင်မိမိရုံးခန်းအလှဆင်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ စားသောက်ကုန်လုပ်ငန်း များ၊ရာသီပေါ်လုပ်ငန်းများတိုးတတ်မဲ့နေ့ရက်ပါပဲ။ ဌာနဆိုင်ရာနှင့်ပတ်သက်သောအလုပ်များ၊မင်းအစိုးရနှင့်ပတ် သက်သောအလုပ်များ အထူးအဆင်ပြေတိုးတတ်နိုင်ပါတယ်။ မိမိဆိုင်၊မိမိလုပ်ငန်းကို MEDIAမှာစတင်ကြော်ငြာ ခြင်းတွေဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၄၄)နာရီမှ ည(၂၁:၃၆)နာရီအတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါ ဘူး။
မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူး ရှောင်အပ်ပါတယ်။
အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မိဿစန်း၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ကန် ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ပညာအရာမှာ ထူးချွန် ထက် မြက် သူပါ။ ဆရာကောင်းနဲ့မတွေ့ရင်တော့ ပင်ကိုယ်စိတ်ကိုက self studyလုပ်နိုင်ကြသူ တွေဖြစ်ပါ တယ်။ မိဘအား ဆရာအားနဲ့သာ ပံ့ပိုးလိုက်မယ်ဆို အထူးချွန်ဆုံးပညာရှင် ဘဝကို ရရှိတတ်ပါတယ်။ အောင်မြင်မှုရဲ့ ဆိုးကျိုးလို့ပြောရ နိုင်တာက ရန်သူပေါများခြင်း၊ အများနဲ့တစ်ယောက် တိုက်ခိုက် ခံရခြင်းတွေကြုံရတတ်ပါတယ်။အဿဝဏီနက္ခတ်ရှင်ဖြစ်တာမို့ စိတ်ကူးဥာဏ်ကောင်းမည်။ ဥာဏ်ကြီးတယ်။ အကြံ အစည်ကောင်းရှိသူဖြစ်လာလိမ့်မယ်။ စိတ်တည်ကြည်တယ်။ ကတိတည်မည်။ချမ်းသာမဲ့ကံမျိုးစေ့ပါတယ်။ အမည်ရဲ့ နောက်ဆုံးမှာ တနင်္လာ သို့မဟုတ် စနေနံဖြင့် အဆုံးသတ်ပြီး မှည့်ခေါ်မိထားမယ်ဆိုရင် အဆိုပါရန်အနှောက် အယှက် တို့ သည် မလွှဲမသေ အားကြီးစွာ ကြုံကြိုက်ကြရတတ်စမြဲ။ဘဝမှာ အမိအဘက သာလုပ်ငန်းရှင်ဖြစ်မယ်ဆို ရင်လဲ မိဘအလုပ် တွေကိုလက်ဆင့်ကမ်းအမွေခံဖြစ်လာနိုင်တဲ့ထိကို မိဘကအားကိုးရနိုင် တာကိုတွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၂၅) နာရီမှ ညနေ(၀၅:၅၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ စနေ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ သနပ်ခါးရောင်၊အဖြူရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သပြေပန်း တစ်ခက် ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဩဇာသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695