ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ယနေ့သည် အရှေ့တောင်လာဘ် ဖြစ်၍ အလုပ်ကိစ္စများ၊ အရေးကြီးကိစ္စများ ဆောင်ရွက်သည့်အခါ၊ ခရီးသွားသည့် အခါ အရှေ့တောင်အရပ်သို့ မျက်နှာပြု၍ လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ယနေ့တွင် အရှေ့တောင်အရပ်သို့ မျက်နှာ ပြု၍ လာဘ်ပွင့် ဂါထာမန္တာန်များ ရွတ်ဆိုခြင်းဖြင့်လာဘ်လာဘပွင့်အောင်ပြုလုပ်နိုင်သည်။
ယနေ့တွင် အနောက်မြောက်အရပ်သည် နတ်နေအရပ်ဖြစ်သဖြင့် ထိုအရပ်ကိုရှောင်ကြဉ်ရမည်။ အနောက်မြောက် အရပ်သို့ မျက်နှာပြု၍ လုပ်ငန်းကိစ္စများ အရေးကြီးကိစ္စများပြုလုပ်ခြင်း အနောက်မြောက်အရပ်သို့ ခရီးသွားခြင်း များကိုရှောင်ကြဉ်ရပါမည်။
စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်တာကြောင့် တောင်အရပ်ကို မျက်မှာမူပြီးတော့ ချစ်ခြင်းမေတ္တာရေးကိစ္စ၊ လူမှု ရေး ကိစ္စ၊ စကားအောင်လိုသောကိစ္စများပြောဆိုဆောင်ရွက်နိုင်ပါတယ်။
လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။
ဒီနေ့ဟာ သမားညိုရက်နဲ့ တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မနက် ၇နာရီ၁၁မိနစ်နောက်ပိုင်းလဆုတ်တီထိ ၅လုံးဖြစ်ပြီးတော့ ငြိမ်းချမ်းခြင်း၊အေးမြ ခြင်းကို ပေးတဲ့ ပုဏ္ဏတီထိပဲဖြစ်ပါ တယ်။ ဒီနေ့ဟာဆံသခြင်း၊ အလှပြင်ခြင်း၊ ခေါင်းလျှော်ခြင်းများဆောင်ရွက် လို့အထူး ကောင်းပါ တယ်။အနုပညာနှင့်ပတ်သက်သော ပစ္စည်းများ ထုတ်လုပ်ဖြန့်ချီ လို့အလွန်ကောင်းပါတယ်။ ဆောင်ရွက် လက် စအလုပ်အော်ဒါများကိုဒီနေ့လက်စသတ်နိုင်ပါ လိမ့် မယ်။
ဒီနေ့ဟာဘုရားထီတင်ခြင်း၊ဆည်မြောင်း၊တံတားများပြုပြင် ထိန်းသိမ်းခြင်းတွေအထူးဆောင်ရွက်လို့ကောင်းပါတယ် ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်များရှာဖွေခြင်း၊ပြည်တွင်းပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ရောင်းချခြင်းတွေအထူးကောင်းပါ တယ်။ ဒီလိုနေ့မျိုးမှာ စုပေါင်းသစ်ပင်စိုက်ပွဲများကျင်းပလို့အထူးကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။အလုပ်အကိုင် အသစ်အတွက်အင်တာဗျူးဝင်ဖြေခြင်းတွေ၊အလုပ်လျှောက်လွှာတင်ခြင်းတွေလဲ အလေးပေးဆောင်ရွက်နိုင်ပါလိမ့် မယ်။ခရီးသွားလို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ပြည်တွင်းခရီးပဲဖြစ်ဖြစ်၊ ပြည်ပခရီးပဲဖြစ်ဖြစ်စတင်လို့ အလွန် ကောင်း တာ တွေ့ရပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၃၆ )နာရီမှ ည(၂၁:၂၈)နာရီအတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ် လုပ်ရန်အတွက်ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သည်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စည်းစိမ်ဥစ္စာများမြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ သင်္ချာဘာာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကိုပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။ ကျောက်မျက် ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ရွှေတွင်းတူးခြင်း၊ ဓာတ်သတ္တုရှာဖွေတူးဖော်ခြင်း၊ အားကစားလုပ်ငန်း များဆောင်ရွက်ခြင်း၊ ဂီတ အနုပညာပြုလုပ်ခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာအဓိပတိ ဖွား၊ ကြတ္တိကာ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ကန်ရာသီဖွား ဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် အာရုံစူးစိုက်မှုအား ကောင်းကြသူတွေဖြစ်ပါတယ်။ ငယ်ရွယ်စဉ် အလယ်တန်းကျောင်းသာဘဝကတည်းက ကြီးလာရင်ဘာလုပ်မယ်ဆိုတာ မိဘမတိုက်တွန်းရဘဲသိနေတတ်ပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်အားကောင်းတာကိုလဲ တွေ့ရပါတယ်။ ငွေကြေး စီးပွားအားကောင်းကြသူတွေဖြစ်ပါတယ်။ အားနည်းချက်က အမျိုးသမီးတွေနဲ့ပတ်သက်ရင် ကံဆိုးမှုတွေကြုံရ တတ်ပါတယ်။ ရေလမ်းခရီးနှင့် စိတ်မချရတဲ့ နေရာတွေမှာ ရေဆော့ခြင်းမျိုးတွေအထူးရှောင်ပါ။ပညာရေးကံမှာလဲ နီးနီးနားနားကျောင်းထက် အိမ်နဲ့ဝေးတဲ့ကျောင်း တွေ၊ သင်တန်းတွေမှာ တက်ရောက်ရတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၂:၅၄) နာရီမှ ညနေ(၀၄:၂၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင်၊အနက်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မီးခြစ်ဆောင် သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မာလကာသီးဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695