ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၇)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်( ၅:၂၅ )နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၃)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၇)နာရီမှာ နေဝင်ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြတ်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ရက်ပုပ်၊ဝါရမိတ္တုကြီး၊သမားဖြူရက်များနဲ့ တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ စွမ်းအားတွေကိုဖော်ဆောင်ပေးတဲ့ ဇယတီထိကျရောက်တဲ့နေ့ ရက်ပါပဲ။ မိမိဖြစ်ချင်တာ တွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အနိဋ္ဌအလုပ်တွေမလုပ်ဘဲ သမ္မာအာဇီဝကျကျ အသက်မွေးမှု တွေအထူး အဆင်ပြေနေတာကိုတွေ့ရပါတယ်။
အိမ်သစ်တတ်ခြင်း၊ဆိုင်သစ်ဖွင့်ခြင်း၊ကလေးကင်ပွန်းတပ်ခြင်းများဒီနေ့မှာအလေးထားဆောင်ရွက်နိုင်ပါ တယ်။ဒီနေ့မှာလက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်းတွေ၊ရုံးတတ်လက်မှတ်ထိုးခြင်းတွေလဲ အထူးဆောင်ရွက်လို့ ကောင်း ပါတယ်။စက်ပစ္စည်းအဓိကမဟုတ်တဲ့ လက်မှုလုပ်ငန်းများ ဖွဲ့ဖြိုးတိုးတတ်မဲ့နေ့ရက်ပဲဖြစ်ပါတယ်။
စက်ကားနှင့်ပတ်သက်သောအလုပ်များ အထူး တိုးတတ်နိုင်ပါတယ်။ ခရီးသွားခြင်းများ၊ ယာဉ်ကားဝယ်ယူခြင်း ကိစ္စ များ အဆင်ပြေချောမွေ့ပါလိမ့်မယ်။စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ မိမိစိုက်ခင်းကို ဓာတ်မြေသြဇာ ကျွေးခြင်း မျိုးတွေဒီနေ့မှာစတင်နိုင်ပါ တယ်။ ဒီနေ့မှာ ကုမ္ပဏီအစုစပ်လုပ်ငန်းများ၊ဖက်စပ်လုပ်ငန်းများနှင့် စတော့ ရှယ်ယာ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လို့ကောင်းတဲ့နေ့ပါ။ လုပ်ငန်းခွင်အတွင်း သုံးစွဲနေတဲ့ အသုံးအဆောင် ပစ္စည်းများကို အသစ်အစားထိုးမယ်ဆိုရင် ဒီနေ့မှာဆောင် ရွက်လို့ကောင်းပါတယ်။အမှုအခင်းပြဿနာတွေကိုလဲ ရင်ဆိုင်ဖြေရှင်း ရန်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။
နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက် လိုက်ပါ။
ဒီနေ့မှာ ကာမဂုဏ်လွန်ကျူးခြင်းတွေကိုရှောင်လိုက်ပါ။ အာရုံခံစားတာတွေများနေရင်လျော့ပါ။ မလိုအပ် ဘဲ ငွေ တွေသုံးမိနိုင်တဲ့အတွက်သတိထားပါ။တကိုယ်တည်းလုပ်ကိုင်ခြင်းတွေကအမှားများစေနိုင်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။အိမ်ပြောင်းနေရာပြောင်း၊ရုံးခန်းပြောင်းတွေကိုလဲ တတ်နိုင်သလောက်ရှောင်ပါ။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါ ဘူး။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၂၄)နာရီမှ ည(၂၁:၁၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာ အဒြနက္ခတ်ဖြစ်တာမို့ ဘုရားစေတီ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ တံခွန်တိုင်တည်ခြင်း၊ အလံ ထူ ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းတည်ဆောက်ခြင်း၊ နတ်ကွန်းနတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်း ဆောက် ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မုခ်ဦး ပြဿာဒ်တည်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော် ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသော ရတနာဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုးအသစ်ထိုးခြင်း၊ အာကာသသို့ လွှတ် တင်ရသော လုပ်ငန်းများ၊ လေယာဉ်ပျံသန်းခြင်း၊ ကင်ပွန်းတပ်ခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများ ဆွတ်ခူး ခြင်း ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ကန်ရာသီဖွားဖြစ်ပါ သည်။ဒီနေ့ မွေးသူ များဟာ အိုးကောင်း၊ အိမ်ကောင်းနေရာကောင်းတွေနဲ့နေထိုင်ရတတ်တယ်။ကျန်းမာရေးအားကောင်း ကြသူ များဖြစ်ပြီး တော်ရုံ နှားစေး ချောင်းဆိုးကအစ ဖြစ်လေ့မရှိပါ။ အမိအဘတွေနဲ့ ခွဲနေရတတ်တဲ့ကံမျိုးပါတာကို တွေ့ရပါ တယ်။ စန်းပွင့်ခြင်း၊ လူချစ် လူခင်များခြင်းစသော စန်းအားကောင်းသူ တွေဖြစ်ကြပါတယ်။ အခြေခိုင်မာမှုရှိ တာမို့ အလုပ်တစ်ခုကို သေချာတည်ဆောက်လုပ် ကိုင်ပြီးမှ တော်ရုံပျက်စီး ဆုံးရှုံးတော့မည်..မဟုတ်ပါ။ ငယ်ရွယ်စဉ် ကာလ တွေမှာ အရာရာစူးစမ်းပြီး လျှောက်ကလိတာမျိုးလုပ် တတ်တာမို့ မိဘတွေအနေနဲ့ ကလေးမသိတတ်တဲ့ကာလ တွေမှာတော့ အလွှတ်မဲ့ထားလို့မရပါဘူး။သေချာဂရုစိုက်စောင့်ရှောက် ဖို့လိုအပ်ပါလိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀:၂၄) နာရီမှ မနက်(၁၁:၅၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ကြာသပတေး၊စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင်၊ခဲရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တောထန်းလျက်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရွှေထမင်းဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695