loading

8.October.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 8.October.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၉)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်( ၅:၂၆ )နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၆)နာရီမှာ နေဝင်ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ မနက်၁၁နာရီ၁၂မိနစ်အထိတနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာ ကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျိုးဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက် အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  နံနက်(၁၁း၁၂)နာရီအထိ လဆုတ်တီထိ(၉)လုံး ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ  ၁၀လုံးပြောင်းပြီး ပုဏ္ဏတီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ် ပါ တယ်။ ဒီလိုနေ့မျိုးဘာသာရေးကိစ္စအ၀၀ကို အလေးပေး ဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။

ဒီနေ့မှာလူတော်တော်များများထံ အခွင့်အရေးကောင်းတွေရောက်လာတတ်ပါတယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက် တွေ ချ မယ်ဆိုရင်လဲမနက်၈း၂၄ကနေ၁၀း၄၈အတွင်းဆုံးဖြတ်လုပ်ကိုင်တာအကောင်းဆုံးပါပဲ။ဒီနေ့ဟာလက်ထပ် ထိမ်း မြားဖို့ အကောင်းဆုံးနေ့ရက်ပါပဲ။ အကျဉ်းရုံးပဲမင်္ဂလာဆောင်ဆောင်၊ကြီးကျယ်ခမ်းနားစွာပဲမင်္ဂလာပွဲတွေကျင်းပ အထူး ပဲ ကောင်းတဲ့နေ့ရက်ဖြစ်ပါတယ်။

ငွေကြေးရှာဖွေစုဆောင်းလို့အထူးကောင်းပါတယ်။ ငွေကြေးနဲ့ပတ် သက်ပြီးစတင်စုဆောင်းမယ်ဆိုလဲ သင့်တော်တဲ့ နေ့ရက်ပါပဲ။ဒီနေ့မှာစိတ်ကူးထားသမျှလက်တွေ့လုပ်ဆောင်လို့သင့်တော်ပါတယ်။မိမိအတွေးအကြံတွေက လက်တွေ့ အကောင်အထည်ဖော်ရင်အောင်မြင်နိုင်တဲ့နေ့ရက်ပါပဲ။

ဒီနေ့ဟာကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြင့်  အလုံးစုံအောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ သူတစ်ပါး အပေါ်ယုံ ကြည် အားထားပြီးလုပ်ရတဲ့အလုပ်တွေကတော့ ဆုံးရှုံးနစ်နာစရာများတတ်ပါတယ်။ အသက်အရွယ် ကြီးရင့်သော လူကြီးမိဘဘိုးဘွားတွေနဲ့ တွေ့ဆုံအကြံဉာဏ်တောင်းလို့ အလွန်ကောင်းတဲ့နေ့ထူးနေ့မြတ်ဖြစ်ပါ တယ်။

            မိမိတို့ကိုးကွယ်တဲ့ ဆရာတော်ကြီးကို သိက္ခာထပ်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ ကုမ္ပဏီတည်ထောင်ခြင်းကိစ္စများ၊ အရေးကြီးတဲ့လက်မှတ်ရေးထိုးခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်း ပါတယ်။ ဘာသာရေးနဲ့ပတ်သက်သောစကားများ၊လူမှုရေးနှင့် ပတ်သက်သောစကားများ ပြောဆိုခြင်းများ ဆောင်ရွက် လို့ အထူးကောင်းပါတယ်။ ဒီလိုနေ့ရက်မျိုးမှာတော့ အမှုအခင်းတွေ၊ပြဿနာတွေမဖြစ်အောင် နေထိုင် လိုက်ပါ။ ဖြစ်လိုက်ရင်ဖြေရှင်းရန်ခက် ခဲ သွားတတ်ပါတယ်။

ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ် ခြင်း၊ သူငယ်ချင်းများနှင့်လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ် ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုး ခြင်းများ ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၁၆)နာရီမှ ည(၂၁:၀၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါ ထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာ ရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလို ရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ကရကဋ်စန်း၊ပုဏ္ဏဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  ကန်ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ စီးပွားကံနှင့် ပညာကံ အထူးကောင်းကြတာကို တွေ့ရ ပါတယ်။ဓာတ်သဘောအရ အပူ အားကြီးတာမို့ ဘုန်းတို့၊တေဇတို့၊ နေမင်းတို့၊နေရောင် တို့စတဲ့ အပူသဘော ဆောင်တဲ့နာမည်မျိုးတွေကို လုံးဝမမှည့် သင့်ပါဘူး။ ငွေကြေးကံအားကောင်းကြသူတွေဖြစ်ပြီး တော့ ငယ်ငယ် ကတည်း က မိသားစုအထောက်အပံ့တွေကို ရလာ နိုင်တာကိုတွေ့ရပါတယ်။ရပ်ဝေးနိုင်ငံခြားကံအား ကောင်းကြသူတွေဖြစ်တာမို့ ရပ်ဝေးသွားပြီး စီးပွားရှာခြင်းများ၊ နိုင်ငံခြားပညာသင်ပြီး နိုင်ငံခြားမှာပဲ စီးပွားရှာကြသူများ အဖြစ်တွေ့ရလေ့ရှိပါ တယ်။ပညာရေးအားကောင်းကြ သူ တွေဖြစ်တာမို့ မိဘတွေအနေနဲ့သေချာပညာရေးကို ထောက်ပံ့ ပေးနိုင်ရင်အထူး ကောင်းပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၂၀) နာရီမှ ညနေ(၅:၄၉)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ကြာသပတေး၊သောကြာ၊စနေသားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာရောင်၊ခရမ်းရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မုန့်ဟင်းခါးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သခွားမွှေးဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *