ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလကွယ်ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၃၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၈)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံအရ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဒီနေ့ဟာ ရက်ရာဇာကျရောက်နေတဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ တည်ကြည်ခြင်း၊ရှင်းသန့်ခြင်းတွေကိုပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ စိတ်လက်ချမ်းသာမှု၊အေးချမ်းမှုတွေကိုပေးတဲ့ တီထိလဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်မှာတော့ ဥပုသ်သီလ စောင့် တည်ခြင်း၊တရားနာယူခြင်းများအထူးကောင်းပါတယ်။
လုပ်လက်စအလုပ်တွေကိုရှေ့တိုးဆောင်ရွက်လို့အထူးကောင်းပါတယ်။အခက်အခဲများကိုဖြေရှင်းရန်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။ လူတော်တော်များကတိသစ္စာမတည်ကြည်တာမျိုးတွေတော့ဖြစ်တတ်ပါတယ်။ ကြာသပတေးဂြိုဟ်ပိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် အိမ်ထောင်ပြုလို့ကောင်းပါတယ်။
အလုပ်ဟူသမျှအဆင်ပြေတိုးတတ်ခြင်းကိုတွေ့ကြုံရတတ်ပါတယ်။ အထိုင်အလုပ်တွေပဲဖြစ်ဖြစ်၊လှုပ်ရှားသွားလာရ တဲ့အလုပ်တွေပဲဖြစ်ဖြစ်အထူးတိုးတတ်ပါလိမ့်မယ်။ အေးအေးဆေးဆေးနဲ့ ခံစားပြီးလုပ်ရတဲ့အလုပ်တွေအထူး တိုး တတ်ပါလိမ့်မယ်။စာပေရေးသားခြင်း၊ ကဗျာစပ်ခြင်း၊သီချင်းရေးခြင်း၊ ပန်းချီဆွဲခြင်းစတဲ့အလုပ်တွေကိုဦးစားပေး လုပ်ကိုင်လို့အထူးကောင်းပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီးအထူးတိုးတတ်ပါလိမ့်မယ်။ ပညာရေးဆွေးနွေးပွဲများ၊စာတမ်းဖတ်ပွဲများအထူး တိုးတတ်ပါလိမ့်မယ်။ရုပ်ရှင်အနုပညာလုပ်ငန်းများ၊စတင်နိုင်ပါတယ်။ ရေနံသဘာဝဓာတ်ငွေ့အပါအဝင် သတ္တုတူး ဖော်ရေးလုပ်ငန်းများအထူးတိုးတတ်နိုင်တာကိုတွေ့ရပါတယ်။
ရေနှင့်ပတ်သက်သော ပင်လယ်စာလုပ်ငန်းများ၊ အချိုရည်၊အအေး၊ရေသန့်လုပ်ငန်းများလဲ တိုးချဲ့လုပ်ကိုင်နိုင်တဲ့ နေရက်ပါပဲ။ အလှူအတန်းနဲ့ပက်သက်သောကိစ္စများ အမျှဝေရေစက်ချခြင်းများလဲ အထူးဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။တရားရှုမှတ်တာ၊ပရိတ်ပဌာန်းရွတ်ဆိုပူဇော်တာ၊ သမထဘာဝနာပွားများတာများ မျိုး အထူးကောင်းပါတယ်။ မိဘဘိုးဘွားတွေနဲ့ ကျေးဇူးရှိသူတွေကို တတ်နိုင်တာလေးနဲ့ ကန်တော့တာမျိုးတွေလဲ အထူးပဲဆောင်ရွက်နိုင်ပါ လိမ့်မယ်။ကွယ်လွန်သွားပြီဖြစ်တဲ့မိဘဘိုးဘွားတွေရှိရင်လဲ ထိုသူတွေအတွက် ရည်စူးပြီးကုသိုလ်ဒါနလုပ်တာ၊အလှူ ပေးတာမျိုးတွေအထူးပဲဆောင်ရွက်သင့်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉:၅၃)နာရီမှ ည(၂၀:၄၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။
ဟဿတနက္ခတ်ကျရောက်တာမို့ အိမ်ခြံမြေအရောင်းအဝယ်ပြု လုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေ ဖြန့်ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ် ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်း ဝယ်ပြုလုပ်ခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ကန်ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့ မွေးသူများဟာဘာသာစကားစွမ်းရည်ပြည့်ဝပြီး မိခင်ဘာသာစကားအပြင်၊ အခြားဘာသာ စကားများကို အနည်း ဆုံး နှစ်မျိုးလောက်တက်မြောက်ကြလိမ့်မယ်။ ဘာသာစကားသင်တန်းတွေတက်ဖို့ ကလေးက တောင်းဆိုရင် မိဘတွေ ခွင့်ပြု ပေးသင့်ပါတယ်။ အများအားဖြင့်စိတ်ကူးအကြံဥာဏ်ကြီးမားကြပါတယ်။ လိုအင်ဆန္ဒ တွေများပြား နေတတ် ပါတယ်။ငွေကြေးရှာဖွေရလွယ်ကူပါတယ်။ အားနည်းချက်က ဘဝအောင်မြင်ရေးနောက် ကျ သူတွေ ဖြစ်ပါ တယ်။ အသက်၄၀ကျော်မှသာ ဘဝအောင်မြင်ရေးအားကောင်းကြတာကိုတွေ့ရပါတယ်။ သူတစ်ပါးကို ကောင်းစွာ ထောက်ပံ့ နိုင်သော စွမ်းရည်မျိုး ရှိတတ်ကြပြီး..နယ်လုပွဲတွေ၊.နေရာလုပွဲတွေမှာ လက်ဦးအောင် တိုက် ခိုက်နိုင် စွမ်း လည်း ရှိတတ် ကြပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၈:၅၅) နာရီမှ မနက်(၁၀:၂၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ရာဟု၊စနေ၊သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ကြာသပတေး၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မရမ်းရောင်၊နက်ပြာရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၈/၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လမုန့်စား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အစိမ်းကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695