loading

15.October .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 15.October .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၃၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၉)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဥစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ရက်ပုပ်၊သမားဖြူ၊ဝါရမိတ္တုကြီး ကျရောက်နေတဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ပျော်ရွှင်ခြင်း၊ကြွယ်ဝခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက် ပါပဲ။ဒါကြောင့်ပဲ ဒီလိုနေ့မျိုးတွေမှာ အပျော်အပါးကိစ္စတွေအတွက်အချိန်ပေးလို့သင့်ပါတယ်။ အပန်းဖြေခြင်း၊အနား ယူခြင်း၊ အိမ်မှာ တီဗီကြည့်ခြင်း၊ ကာရာအိုကေဆိုခြင်းများလုပ်ဆောင်သင့်ပါတယ်။ ဒီနေ့ဟာပင်ပန်းခဲ့သမျှအတွက် အနားပေးသင့်တဲ့ နေ့ရက် မျိုးပါပဲ။

            မိမိရဲ့ဝန်ထမ်းတွေကိုလဲ လက်ဆောင်ပေးခြင်းတွေလုပ်ပေးသင့်တဲ့နေ့ရက်ပါပဲ။ ပါတီပွဲများ၊ညစာစားပွဲများ၊ မိတ်ဆုံစားပွဲများကျင်းပခြင်းတွေအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ယာဉ်စက်ကားများရောင်းဝယ်ခြင်းတွေ၊မြေသန့်မင်္ဂလာပြုလုပ်ခြင်းတွေကိုလဲ အထူးကောင်းပါတယ်။ ရွှေငွေ လက်ဝတ်ရတနာများကို စတင်ဆင်မြန်း ဝတ်ဆင်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ ငွေကြေးစတင်စုဆောင်းဖို့ ဘဏ်စာရင်းဖွင့်ခြင်းများစတင်လို့ကောင်းတဲ့ နေ့ရက် ပဲ ဖြစ်ပါတယ်။ 

ယနေ့တွင် မင်္ဂလာကိစ္စမှန်သမျှ ရှောင်ကျဉ်ပါ။ ပစ္စည်းလှောင်ခြင်း၊ ဂိုဒေါင်သွင်းခြင်းများ မပြုရပါ။ ဆုံးရှုံးမည်။ လုပ်ငန်း သစ်များ စတင်ခြင်းမပြုရပါ။ တစ်ပိုင်းတစ်စဖြစ်မည်။ တစ်ပါးသူအပေါ် ယုံကြည်လွှဲအပ်ခြင်း မပြုရပါ။ ယနေ့တွင် ရွှေ အဝင်မတော်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉:၄၉)နာရီမှ ည(၂၀:၄၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါ လိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေး အညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

စိတြနက္ခတ်ဖြစ်ပြီးတော့ ည၈နာရီအချိန်ကျော်လွန်ပါက သွာတိနက္ခတ်ဖြစ်တာမို့ စာအုပ်စာရေးကိရိယာ လုပ်ခြင်း၊ စာပေ ဖြန့်ချိရေး လုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ် ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မေတ္တာစကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွား လာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံ ပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်း ဝယ်ခြင်း၊ ဆံသ လုပ်ငန်း၊ ဆိုင်ကယ်၊ ဆိုက်ကား ရောင်းဝယ် ပြုလုပ်ခြင်း ကောင်း၏။ စာပေလုပ်ငန်း၊ စာပေ ဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  တူစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ ဒီလိုနေ့ ရက် တွေမှာမွေးဖွားလာကြသူတွေဟာ အများ အားဖြင့် ပညာစရိုက်အားကြီးကြပါတယ်။ မိဘတွေသာ ပံ့ပိုးပေးရင် ပညာအရာမှာ အထွဋ်အထိပ်ကိုရောက် နိုင်ကြပါလိမ့်မယ်။ အသက်၂၁နှစ်အထိ မေတ္တာရေးကံတည်ငြိမ်မှု အားနဲ သလို..၊ အသက် ၃၀ကနေ ၄၆နှစ် ကြား သက် လတ်ပိုင်းကာလတစ်လျှောက်မှာတော့ ပညာဖြင့် ကောင်းစွာ အသက် မွေးနိုင်သော ကံအနေအထား ပါရှိလာကြသော ကလေးသူငယ်ပါပဲ။ ဓနဥစ္စာကံ နဲ့ ပညာကံမှာတော့ …မူလကံ အရကိုပင်လျှင် အားသာချက် ပါရှိလာသော ဇာတာရှင် ကလေးငယ်ပဲ ဖြစ်ပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်း ပေါ များ ခြင်း နဲ့ …ပညာရှင်များ၏ ပံ့ပိုးပေးမှုကို ခံစားရတတ် ခြင်း ကံများ …ကိုလည်းတွေ့ရကြောင်းပါဗျ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၁၆) နာရီမှ ညနေ(၀၅:၄၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင်၊အနီရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၅) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပျားရည်အနည်းငယ် သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ထမင်းကြော် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *