ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆန်း(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၃၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၀)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။
ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ် တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ရက်စက်ကြမ်းကြုတ်မှုတွေကိုပေးတဲ့ ရိတ္တာတီထိကျရောက်နေ တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ ဒါကြောင့်ဒီလိုနေ့ရက်မှာတော့ ငွေနဲ့ပတ်သက်ပြီးပြောဆိုလို့ကောင်းတဲ့နေ့ရက်ပါပဲ။ မိမိရ ပိုင်ခွင့်တွေကိုပြန် တောင်း ဆို လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ စနေဂြိုဟ်စိုးမိုးတဲ့နေ့ရက်ဖြစ်တာကြောင့် လူမျိုးကွဲ များနဲ့ဆက်စပ် လုပ်ကိုင် ခြင်း တွေက အလုပ်အကိုင်အကြံအစည်အောင်မြင်ခြင်းတွေ၊တိုးတတ်ခြင်းတွေကိုအထူးကြုံ ရမည်။ ကျန်းမာရေး အားနည်း နေသူများ ဆရာကောင်း၊ဆေးကောင်းနှင့်တွေ့ပြီး ကျန်းမာသွားတတ်ပါတယ်။
ဒီနေ့အမဲသားစားသုံးခြင်းကိုရှောင်ကြည်လိုက်ပါက အဘက်ဘက်ကကံမြင့်သွားပါလိမ့်မယ်။ နိုင်ငံခြားအင် တာဗျူး ကိစ္စများ၊နိုင်ငံခြားသွားဖို့လိုက်ပါဆောင်ရွက်ခြင်းများအဆင်ပြေချောမွေ့ပါလိမ့်မယ်။အလုပ်အကြွေးတွေဆပ် နိုင်မဲ့ နေ့ရက် မျိုးပါပဲ။ ယာဉ်ကားဝယ်ခြင်းများဒီနေ့မှာအထူးရှိနေပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကိုလဲ ဖြစ်အောင် လုပ်သွား နိုင်ပါလိမ့်မယ်။ ပြောလိုတာကအခက်အခဲတွေကို ကောင်းစွာရင်ဆိုင်ကျော်လွှားနိုင်ပါလိမ့်မယ်။
ရန်သဘော ၊အနိဌသဘောဆောင်တဲ့တီထိလဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ အရက်ချက်တာ၊ဓားလှံလက်နက်ပြု လုပ်တာ၊ အလောင်းအစားလုပ်တာတွေ၊စစ်လက်နက်ပြုလုပ်တာ တွေ အထူးဆောင်ရွက်နိုင်ပါတယ်။ စိုက်ပျိုးထား တဲ့ကောက်ပဲ သီး နှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းကိစ္စများဆောင် ရွက်နိုင်တဲ့နေ့ပါပဲ။
ရန်ပြဿနာတွေကို ထိပ်တိုက်မျက်နှာချင်းဆိုင်ဖြေရှင်းခြင်းဖြင့် ပြေလည်အောင်ညှိယူနိုင်ပါလိမ့်မယ်။ ရန်သူစခန်း ကိုချေမှုန်းတာ၊ရန်သူအားလက်ရဖမ်းဆီးတာမျိုးတွေဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။အိမ်အသစ်ဆောက်ရန်၊ ဆိုင်အ သစ်ဆောက်ရန် အိမ်အဟောင်း၊ဆိုင်အဟောင်းတွေကို ဖြိုဖျက်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောာင်းတဲ့နေ့ ရက်ပါပဲ။
ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်သည်။ ရောဂါ ရှာဖွေခြင်း၊ ကုသခြင်းများ ပြုနိုင်သည်။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် ရက်ကောင်းဖြစ်သည်။ မင်္ဂလာကိစ္စမှန်သမျှ ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။ လုပ်ငန်း ကိစ္စများ စတင်ဆောင်ရွက်၍ အကျိုးရှိမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉:၃၇)နာရီမှ ည(၂၀:၂၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။ဒီနေ့မွေး ရင်သွေးငယ်များဟာ ဖွား၊ စန်း၊ ရာသီဖွားဖြစ်ပါသည်။
အနုရာဓ နက္ခတ်သည် နူးညံ့သိမ် မွေ့သော သဘောသဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့် လည်ပွဲများ၊ အခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက်ကောင်းမွန် သော နက္ခတ် ဖြစ်သည်
အနုရာဓနက္ခတ်အချိန်များတွင် ထီထိုးခြင်း၊ မေတ္တာ ရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာ ဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ် လုပ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၁:၅၁) နာရီမှ မွန်းလွဲ(၀၁:၁၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာရာဇ ဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ တူရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ အခက်အခဲတွေကို ကောင်းစွာ ကျော်လွှားနိုင်ကြသူတွေဖြစ်ကြပါတယ်။ စီးပွားရေးအမြင်ရှိတယ်။ ထိုး ဖောက်နိုင်စွမ်းမြင့်မားကြပါတယ်။ ကံကြမ္မာအရ သက်လတ်ပိုင်း အသက် ၂၈ကနေ အသက် ၄၆အတွင်း အကောင်း ဆုံး၊အအောင်မြင်ဆုံးဘဝကိုရရှိ တတ်ပါတယ်။ရာဇယုဂ် ပါသော ကလေးငယ်လို့ မုချဆိုရပါလိမ့်မယ်။ ဘ၀မှာ ခေါင်းဆောင်၊ အကြီးအကဲ ဖြစ်ဖို့ကံ သည် အထူးအားကောင်းနေတာက သူ့ရဲ့ထူးခြားတဲ့ကံပါပဲ။ ငွေကြေးနဲ့ ပညာ အတွက်လည်း ….အင်အားကောင်းမွန် သော ဇာတာရှင်ပါ။ဘ၀ရဲ့ ဒုတိယအရွယ်မှာ …အတိတ်ကံဒါနအလျောက်… မုချမသွေ..ပြည့်စုံအောင်မြင်ရတတ်သော ကံလေးတွေကိုလည်း သယ်ဆောင်လာသော ကလေးသူငယ်လေး ပါပဲ။
ကံကောင်းသောနေ့သားများကတော့ စနေ၊တနင်္ဂနွေ၊ဗုဒ္ဓဟူးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအနီရောင်၊အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၅/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာလူးကြော်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထန်းလျက်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695