loading

26.October .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 26.October .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၂)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်( ၅:၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၅)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၅)နာရီမှာ နေဝင်ပါတယ်။ 

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ မနက် ၁၁နာရီနီးပါးထိ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့် ပတ် သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက် တာမျိုးတွေ အထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာ  ရက်ရာဇာ၊သမားညို၊ရက်ယုတ်မာရက်နဲ့တိုက်ဆိုင်နေသောနေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိ အရတော့မနက် ၁၁နာရီနီးပါးအထိ လဆန်းတီထိ ၁၂လုံး ကျရောက်နေပြီး ကျော်ကြားခြင်း၊ ကံကောင်း ခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ဒါကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သောအလုပ်များ အထူးကောင်းပါတယ်။အစားအသောက်နှင့်ပတ်သက်သောအလုပ်အကိုင်များ၊အဝတ်အစားနှင့်ပတ်သက်သောအလုပ်အကိုင်များအထူးကောင်းပါတယ်။အဆင်ပြေတိုးတတ်မှုတွေကြုံရနိုင်ပါတယ်။လူတိုင်းဇွဲရှိရှိလုပ်ဆောင်ကြည့်ပါ။ယာဉ်ကား နှင့် ပတ်သက် သော အလုပ်များ၊စက်ကားယန္တရားငှားရမ်းတဲ့အလုပ်များအထူးကောင်းပါတယ်။ မိမိလုပ်ချင် တာ တွေ ကို အားထည့်လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။လက်ရှိအလုပ်တွေကို ထပ်ချဲ့တာ၊ဆိုင်ခွဲဖွင့်တာ မျိုးတွေကောင်းပါ တယ်။စာရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းစပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ပန်းပုထုခြင်း စတဲ့အနုပညာဖန်တီးမှုတွေကို ဆောင် ရွက်နိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။

ကျက်သရေမင်္ဂလာရှိအောင်နေထိုင်လေကံကောင်းလေပါပဲ။ သမ္မာ အာဇီဝဖြင့်အသက်မွေးခြင်းတွေ၊ သုစရိုက် ဆယ်ပါး ဖြည့်ကျင့်ခြင်းတွေလဲဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ဒီလိုနေ့မျိုးမှာ ခေါင်းဆေးခြင်း၊ခေါင်းလျှော် ခြင်းများ ပြု လုပ်ခြင်းဖြင့် ကျန်းမာရေးနဲ့ပက်သက်ပြီးတော့အနာ ရောဂါကင်းပါလိမ့်မယ်။ အထက်လူကြီးများ၊ ဌာနဆိုင်ရာလူကြီး များနှင့် တွေ့ဆုံဆွေးနွေးလို့အထူးကောင်းတဲ့ကာလ ပါပဲ။

ဒီလိုနေ့ရက်တွေမှာ ခန်းဝင်ပစ္စည်းဝယ်တာမျိုးတွေ၊အိမ်ထောင်ပရိဘောဂအသစ်တွေလဲလှယ်တာမျိုးတွေ အထူးပဲ ဆောင်ရွက်နိုင်ပါတယ်။ အိမ်ခန်းဖွဲ့ မလွတ်ကင်းတဲ့သစ်ပင်များကိုခုတ်လဲှခြင်းမျိုးတွေ ဆောင်ရွက်လို့အထူး ကောင်း ပါ တယ်။ လယ်ယာစိုက်ပျိုးရေးနှင့်ပက်သက်သောအလုပ်တွေ အထူးပဲအဆင်ပြေပါ လိမ့်မယ်။

ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ စေ့စပ်ခြင်းတွေ၊ ရုံးတတ်လက်မှတ်ထိုးခြင်းတွေ လဲဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ ဒီနေ့မှာကုမ္ပဏီတစ်ခုစတင်တည်ထောင်ခြင်းတွေ၊ ဆိုင်များ၊လုပ်ငန်း သစ်များ စတင်ဆိုင်းဘုတ်တင်ဖွင့်လှစ် ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာများ ဝယ်ယူမယ် ဆို ရင်လဲ ဒီနေ့မှာဝယ်ယူလို့အထူး သင့်တော်ပါတယ်။

မိမိချစ်ရသူကို ချစ်ကြောင်း၊ကြိုက်ကြောင်းမေတ္တာစကားပြောဆိုခြင်းများ အထူးဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။ ဈေးများ၊စူပါမားကတ်များ၊ အထည်ဆိုင်များ၊ အလှပြင်ဆိုင်များ ရောင်းအားတိုးတတ်မှုတွေရှိလာနိုင်တဲ့ နေ့ရက်မျိုးပါပဲ။  

ယနေ့တွင် ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုက လူနတ်ချစ်ခင်မည်။ ယနေ့တွင် အိမ်ခြံမြေ ရောင်းဝယ်ခြင်း များ မပြုရပါ။ လျှို့ဝှက်သတင်းများ ပေါက်ကြားတတ်သည်။ ရန်ပဋိပက္ခများ ရင်ဆိုင်ဖြေရှင်းရန် ရက်ကောင်း ဖြစ်သည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာစကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူ မျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉:၀၆)နာရီမှ ည(၁၉:၅၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင် ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း ၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မိန် စန်း၊ပြဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  တူရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ စိတ်ကူး အကြံ အစည်ကောင်းကြပါ တယ်။ ပညာဖြင့်အသက် မွေးနိုင် ကြ တယ်။အမိအဘ တွေရဲ့ အထောက်အပံ့ကို အပြည့်အဝရ တယ်။ နာမည်ကို ဗုဒ္ဓဟူး နံနဲ့ အဆုံးသတ်မှတ်ထားရင်တော့ ဖခင်နဲ့အဆင် မပြေခြင်း၊ ဖခင်အကျိုးမခံစားရခြင်း ဆိုတာမျိုး ဖြစ်ရတတ်ပါတယ်။ ငွေကြေးကံအားကောင်းကြတယ်။ အိမ်ထောင် ဘက်ကံ ကောင်းကြပါတယ်။ အိုး အိမ်တိုက်တာ ခြံကားများဖြင့် စည်းစိမ်ခံစားရမဲ့ကံရှိတာကိုတွေ့ရပါတယ်။ တစ်ခုသိထား ရမှာက တွေ‌ဝေစိတ်တွေကို ဖျောက်ထားဖို့လိုပါတယ်။ အပျော်အပါးကိုလိုက်စားတာမျိုးရှောင်ပါ။ အစလုပ်မိပါက မကောင်းတဲ့ကိစ္စတွေကို ဖျောက်ဖျက်ရခက်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁:၁၇) နာရီမှ ညနေ(၀၂:၄၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ သောကြာ၊တနင်္လာ၊အင်္ဂါသားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအဖြူရောင်၊ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၉/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကျောက်ကျောလေးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဘူးသီးကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *