ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်( ၅:၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၆)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၄)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက် အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မနက် ၇:၅၆ မိနစ်လွန်ပါက တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာ ကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက် အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ကန်း၊သမားညိုရက်နဲ့တိုက်ဆိုင်နေသောနေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မနက် ၇:၅၆ မိနစ်လွန်ပါကလဆန်းတီထိ ၁၄လုံးဖြစ်ပြီးတော့ ဒီနေ့မှာဈေးအသစ်ဖွင့်ခြင်း၊ ဆိုင်အသစ်ဖွင့် ခြင်းများအထူးကောင်းပါတယ်။ ကျန်းမာရေးကတော့ ဒီနေ့မှာအထူး ကောင်းနေပါလိမ့်မယ်။ နာတာ ရှည်ခံစားနေရ သူများ သက်သာခွင့်ရလာပါလိမ့်မယ်။
ဝေးကွာနေတဲ့မိတ်ဆွေတွေနဲ့ပြန်ဆုံရတတ်ပါတယ်။ ကျေးဇူးရှိတဲ့သူက ကျေးဇူးသိတတ်ပြီးလာရောက်ကန်တော့ တာမျိုးတွေအထူးကြုံရတတ်ပါတယ်။ ပျိုးကြဲတာမျိုးတွေ၊ သီးနှံမျိုးစေ့ကြဲတာမျိုးတွေစတင်ဆောင်ရွက်လို့ ကောင်း တဲ့နေ့ပါပဲ။
စားသောက်ကုန်လုပ်ငန်းများ စတင်ဖွင်လှစ်ရောင်းချခြင်း၊ ဆေးခန်း၊ဆေးဆိုင်များ ဖွင့်လှစ်ခြင်းတွေဆောင်ရွက်နိုင် တဲ့နေ့ရက်ပါပဲ။ကျောက်မျက်ရတနာများ ဝယ်ယူခြင်းတွေ ရောင်းချခြင်းတွေလဲ အထူးကောင်းပါတယ်။ မိမိဝယ် ထား တဲ့ခြံမြေတွေကို မြေသန့်မင်္ဂလာပြုလုပ်ခြင်းများ အထူးဆောင် ရွက်လို့ကောင်းပါတယ်။
ဒီနေ့မှာ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုတွေရှောင်လိုက်စေချင်ပါတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေဝယ်တာပဲဖြစ်ဖြစ်၊ အလဲ အထပ်လုပ်တာပဲဖြစ်ဖြစ်သေချာစွာ စစ်ဆေးပါ။အနာအဆာပါတတ်ပါတယ်။ငွေကြေးအပေးအယူကိစ္စများ အငြင်း ပွားဖွယ်ရာကိစ္စတွေမဖြစ်အောင် သတိနဲ့လုပ်ပါ။ တာဝန်ခံပေးခြင်း၊ အာမခံပေးခြင်းရှောင်ပါ။ပြဿနာဟောင်းတွေ ပြန် ပေါ် လာတတ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉:၀၂)နာရီမှ ည(၁၉:၅၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဥတ္တရာဘဒြနက္ခတ်ကအထက်မျှော်နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီး ဆွတ်ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံ ကာခြင်း၊ တံခွန်တိုင် ထူးခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာဘင်္ဂဖွား၊ မိန်စန်း၊ဥတ္တရာဘဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူ ရာသီဖွားဖြစ်ပါ သည်။ဒီနေ့ မွေးသူများဟာအများအားဖြင့် ထူးခြားအောင်မြင် ကြတာ များ တယ်။ မိသားစုမိဘလက်ငုတ်အလုပ်တွေကိုစိတ်ဝင် မစားဘဲ ခေတ်ပေါ်အလုပ်တွေ၊ခေတ်ရှေ့ ပြေးတဲ့ အလုပ် တွေနဲ့အောင်မြင်မှုတွေရရှိတတ်ပါတယ်။ အိမ်ထောင်ရေး ကလဲ မိမိထက်အဘက်ဘက်က သာလွန်သော အိမ်ထောင်ဘက်ကိုရရှိတတ်ပါတယ်။ ကျန်းမာရေးအားကောင်းတဲ့ သူတွေ ဖြစ်ကြပြီးတော်ရုံအဖျားအနားကင်းကြ သူ တွေဖြစ်ပါတယ်။ငွေကြေးကံအားသာချက်ရှိပြီး အမွေရခြင်း၊ ထီ ပေါက် ခြင်း စသောကံအကျိုးပေးကိုရရှိတတ်ကြပါ တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၂၂) နာရီမှ နံနက်(၁၁:၄၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင်၊ပန်းနုရောင််များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၁/၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်သည်းညှပ် လေး ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ခေါပုတ်ကြော် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695