ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၁)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၉)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်လဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး အခက်အခဲ တွေကို၊ပြဿနာတွေကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခြင်းဖြင့် နားလည်မှုတွေ၊ ပြေလည်မှုတွေရသွား ပါလိမ့်မယ်။ ခြံစည်းကိုကာ၍ ခြံခတ်ခြင်း ကိစ္စတွေ၊အုတ်မြစ်ချခြင်း၊ အိမ်တိုင်ထူခြင်း ကိစ္စတွေလဲ ကောင်းစွာ ဆောင်ရွက်နိုင်ပါ လိမ့်မယ်။
ဘဏ်စာရင်းဖွင့်ခြင်းကိစ္စတွေ၊ငွေကြေးစတင်စုဆောင်းခြင်းကိစ္စတွေလဲ ဒီနေ့မှာစတင်လို့အထူးကောင်းပါတယ်။ ငွေ ကြေးဝန်ဆောင်မှုနှင့်ပက်သက်သောလုပ်ငန်းများ၊ငွေပေးငွေယူကိစ္စများအထူးအဆင်ပြေအောင်မြင်တတ်ပါတယ်။ထီဝါသနာပါသူများ လမ်းသွားရင်တွေ့တဲ့ထီဆိုင်တစ်ခုမှာ ထီကံစမ်းလိုက်ပါ။
ရောဂါရှာဖွေခြင်း၊ဆေးစစ်ခြင်းများလဲအထူးကောင်းပါတယ်။ အိမ်ဆောက်ဖို့အတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူ စု ဆောင်းခြင်းများလဲအထူးဆောင်ရွက်နိုင်ပါတယ်။ ကုန်မာပစ္စည်းအရောင်းဆိုင်များလဲ ရောင်းအားတတ်နိုင်တဲ့နေ့ ရက် ပါပဲ။
Mediaတစ်ခု၊tv channel တစ်ခုစတင်ပြီးတော့ ထုတ်လွှင့်တာမျိုးတွေလဲ ဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများ၊ စာအုပ်ထုတ်ဝေဖြန့်ချီရေးလုပ်ငန်းများ ဒီနေ့မှာ အဆင်ပြေအောင်မြင်တတ်ပါတယ်။ ရှင်ပြု ခြင်း၊ နားသခြင်း၊ပဉ္ဖင်းခံခြင်းအလုပ်များလဲ စတင်ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်သည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်း နိုင်မည်။ ရန် အတိုက်အခံ များ ကျော်လွှားနိုင်မည်။ ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့် လောကု တ္တ ရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင် သ လောက် ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်း တွေရှိ တတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၈:၂၆)နာရီမှ ည(၁၉:၁၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မနက် ၁၁း၃၀မိနစ်အထိဖုသျှ နက္ခတ်ပဲဖြစ်တာမို့ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ပေါ့ပါးပြီး လျင် မြန်သော နက္ခတ် ဖြစ်ပြီး အား ကစား ဇိမ်ခံပစ္စည်းများ၊စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုသခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီးများ စတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ ဝိညာဉ်ရေးလှုပ်ရှားမှုများ၊ အလှဆင်ခြင်း၊ အနုပညာ လက်ရာများ လေ့ကျင့်ခန်းနှင့်ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော် သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦး / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့်တင်ခြင်း၊ နန်းထက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ ပြုလုပ်ရန်သင့်လျော်သည်။လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်းများလဲ တတ်နိုင်ရင်တော့ ဒီနေ့မှာရှောင်လိုက်စေချင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မနက် ၁၁း၃၀မိနစ်အထိဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ထိုအချိန် ကျော် မွေးပါက အသလိဿနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ကျန်းမာ ရေး တော့ ဂရုစိုက် ပေးရမယ်။ချောမောလှပသော ရုပ်ဆင်း လက္ခဏာနှင့် ပြည့်စုံပြီး တောက်ပသော မျက်လုံး ရှိကာ ဆွဲဆောင်မှုအား ကောင်းတတ်ပါ သည်။ မျက်နှာအနေ အထား မှာ ပြည့်ဖြိုးပြီး ကြီးမားကာ လည်ပင်းတုတ် ခိုင်တတ် ပါသည်။ ရင်အုပ် ကျယ်ပြန့်တတ်ပြီး ပခုံး၊ ခါး၊ ဒူးခြေ ဖဝါးကြီးမား တတ်ကာပေါင်တံအလွန်လှပ၍ ခြေသ လုံးတုတ် ခိုင်တတ်ပါသည်။ ၎င်း အပြင် လက်ပြင် ကုန်းတတ် ပါသည်။ မျက်နှာ တွင် မှဲ့ (သို့မဟုတ်)အမှတ် အသားရှိ တတ်ပြီး ယဉ်ကျေးသိမ့်မွေ့သော ဟန်ပန်အမှုအရာ လည်းရှိ တတ်ပါသည်။ပညာ အားနှင့် ငွေကြေးဓနအင်အား ကောင်းတဲ့သူ ဖြစ်တာမို့ ကျန်းမာရေးကို သာဂရုစိုက်ပေးဖို့ အထူး လိုအပ်ပါတယ်။နိုင်ငံရပ်ခြားထိသွားရောက် ပညာ သင်နိုင်တဲ့အထိ ပညာရေးအားကောင်း တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၀၇) နာရီမှ ညနေ(၀၅:၃၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင်၊အဖြူရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၃/၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွား ပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ခေါက်ဆွဲဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695