loading

8.November .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 8.November .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၂)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ တီထိအရတော့မနက် ၉နာရီခွဲနောက်ပိုင်းလဆုတ်တီထိ ၁၁လုံး  ဆေးရုံးသစ်ဖွင့်လှစ်ခြင်းတွေ၊ ဆေးဆိုင်၊ဆေးခန်းစတင်ဖွင့်လှစ်ခြင်းတွေအထူးကောင်းပါတယ်။ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းတွေ၊ ဝန်ထမ်းတွေကိုdinner လိုက်ကျွေးခြင်းတွေကိုအထူးဆောင်ရွက်သင့်ပါတယ်။မိမိလိုချင်တာတွေ ကိုလဲ ရအောင်ယူနိုင်မဲ့နေ့ရက်ပါပဲ။ အလုပ်အကိုင်အဆင်ပြေအောင်မြင်နေကြသူများ သတိထားရမဲ့အချက်ကမနာ လိုတိုက်ခိုက်မဲ့သူတွေများနေ တတ်ပါ တယ်။

    ဒီနေ့မှာ အလုပ်ကိစ္စအသစ်များဆောင်ရွက်မည်ဆိုပါက မနက်၈း၂၄ကနေ မနက် ၁၀◌း၄၈ အတွင်းဆောင် ရွက်နိုင်ရင်ပိုကောင်းပါတယ်။ဘာသာရေးနှင့်ဆိုင်သောကိစ္စအ၀၀တွေဖြစ်တဲ့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ  ပြုလုပ်ဆောာင် ရွက်နိုင်ပါလိမ့်မယ်။  ဒါ့အပြင်ဘုရားဖူးထွက်ခြင်း၊ဥပုသ်သီလဆောက်တည်ခြင်း၊ ဘာသာရေးအလှူ အတန်းပွဲများကျင်းပခြင်းတွေလဲဆောင်ရွက်နိုင်ပါလိမ့်မယ်။မိရိုးဖလာကိုးကွယ်နေတဲ့နတ်များအားပူဇော်ခြင်း၊ပသ ခြင်း များ ဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ ရပ်ဝေးမှာချဲ့ ထွင်ထား တဲ့အလုပ်တွေက ပိုမိုအောင်မြင်မှုတွေရလာတတ်ပါ တယ်။ အလုပ်ရှာခြင်း၊ အလုပ်သစ်လျှောက်ခြင်း ကဒီနေ့မှာအချိန်ကောင်းပါပဲ။

ကုန်သွယ်ခြင်း၊ကုန်ကူးခြင်း၊ကုန်ရောင်းကုန်ဝယ်လုပ်ခြင်းများလဲ ဒီနေ့မှစတင် ဆောင်ရွက်နိုင်ပါတယ်။  အရည်နှင့် ပတ်သက် သောရေသန့်၊အအေး၊အချိုရည်လုပ်ငန်းများ အဆင်ပြေအောင်မြင်မှုတွေရလွယ်ပါ တယ်။ အိမ်သစ်တတ် ခြင်း၊ ဘုရားနေကဇာတင်ခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၈:၁၅)နာရီမှ ည(၁၉:၀၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပြုဗ္ဗဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊  တူရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ လူအများကို ကောင်းစွာ စောင့်ရှောက်နိုင်ကြသူတွေဖြစ်ပါတယ်။ မိသားစုထဲမှာ တမူထူး ခြားစွာနဲ့ အောင်မြင်မှုတွေကိုယူဆောင်ပေး နိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။ ငွေကြေးအင်အားတောင့်တင်း အောင် လုပ်ဆောင်နိုင် ကြပြီးတော့ အချစ်ရေး၊အိမ်ထောင် ရေးမှာ တော့ ကံခေလေ့ရှိတာကိုအထူးတွေ့ရပါတယ်။အမည်ပေး အလွန်ချွတ် ချော်သူ အချို့မှ အပ …များလှစွာသော ဗုဒ္ဓဟူး/ရာဟု ရာဇဖွားတွေသည် ကြာသပတေးဂြိုလ်အိပ် ဖြစ် သော.. သက်လတ်ပိုင်း ၂၈အ၀င်ကနေ ၄၆အတွင်းမှာ …ချမ်းသာကြွယ်၀မှုကို ခံစားရသူများလှပါတယ်။ အများအားဖြင့် ကုန်သည်လောကနဲ့ ကုန်ပစ္စည်းလက်ကားဖြန့်ဖြူး သည့်နယ်ပယ်မှာ အောင်မြင်ချမ်းသာကြသူ များပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၁:၄၉) နာရီမှ မွန်းလွဲ(၀၁:၁၅)နာရီအတွင်း ကျရောက် နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင်၊အစိမ်းရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆/၅/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့မြောက်အရပ် မျက်နှာမူပြီး အရဟံဂုဏ်တော်ကိုသက်စေ့ရွတ် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထမင်းသုပ်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *