loading

1.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 1.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါ များ ခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။ 

ဒီနေ့ဟာ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထီ(၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ  ဖြစ်ပါတယ်။လုပ်ငန်းသစ်များ စတင်‌ဆောင်ရွက် နိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ပူးပေါင်းဆောင်ရွက်သော ကိစ္စများ အထူးအဆင်ပြေမည်။ အနုပညာနှင့် ဖန်တီးသောကိစ္စ များ ဈေးကွက်တွင် ရောင်းချနိုင်မည်။ လောကီ၊ လော ကုတ္တရာ မင်္ဂလာအဖြာဖြာ ဆောင်ရွက်ရန် သင့်သည်။ဆင်းရဲခြင်း၊ဗလာနတ္ထိဖြစ်ခြင်းတွေကိုပေးတဲ့ ရိတ္တာတီထိ ကျ ရောက် တဲ့နေ့ရက်ပါပဲ။ဒီနေ့ဟာ ကျန်းမာရေးနဲ့ပတ်သက်သောကိစ္စအ၀၀ဆောင်ရွက်လို့အထူးကောင်းပါတယ်။ အကြီး အကဲများ၊ဆရာသမားများထံ သြဝါဒခံယူလို့အလွန်ကောင်းပါတယ်။ မြုပ်နှံထားတဲ့  ငွေကြေးရင်းနှီးထားမှု တွေ ကနေ တဆင့် အကျိုးအမြတ်တွေရလာပါလိမ့်မယ်။ လှောင်ကုန်ပစ္စည်းများ ပြန်လည်ရောင်းချရန်ကောင်းသော ရက် ဖြစ်လေသည်။ အနုပညာနှင့်နွယ်သော ပစ္စည်းပစ္စယတွေထုတ်လုပ်ဖြန့်ချီရန်ကောင်းသောရက်ဖြစ်လေသည်။

အတိတ်ကလုပ်ခဲ့တဲ့ ကုသိုလ်ဒါနတွေရှိခဲ့ရင်ဒီလိုနေ့မျိုးမှာပြန်အကျိုးပြုတတ်ပါတယ်။ ဒါကြောင့်ထီဝါသနာပါသူများ ထီကံစမ်းလို့အလွန်ကောင်းပါတယ်။ မိမိဖြစ်ချင်တာတွေကိုလဲဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အခက်အခဲကြုံ လဲ လက်မလျှော့တဲ့သူတွေအတွက် အထူးကံကောင်းမဲ့နေ့ရက်ပါပဲ။ပြည်တွင်းပြည်ပဈေးကွက်များကို မိမိကုန်ပစ္စည်း ပေါက်ရောက်အောင် ဆောင်ရွက်တဲ့ကိစ္စမှန်သမျှအဆင်ပြေတိုးတတ်ပါလိမ့်မယ်။

စုပေါင်းပြီးလုပ်ရတဲ့ကိစ္စမှန်သမျှအဆင်ပြေပြေလွယ်ကူအောင်မြင်တတ်ပါတယ်။ ကြန့်ကြာနေတဲ့ကိစ္စမှန်သမျှဒီနေ့ မှာလွယ်ကူပြီးမြောက်သွားပါလိမ့်မယ်။ ရန်သူအားသုတ်သင်ခြင်း၊ရန်သူစခန်း ကိုသိမ်းပိုက်ခြင်း၊ဖမ်းဆီးခြင်းများ ဆောင် ရွက်နိုင်သလို ကောက်ပဲသီးနှံများကိုပိုးသတ်ဆေးဖြန်းခြင်းများလဲ အထူး ဆောင်ရွက်နိုင်ပါတယ်။

  ဓားလှံလက်နက်များထုတ်လုပ်ခြင်း၊ ခဲယမ်းမီးကျောက်များထုတ်လုပ်ခြင်းနှင့် အရက်သေစာများ ထုတ်လုပ် ရောင်း ချခြင်းများလဲဒီနေ့မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။လျှပ်စစ်နဲ့ပတ်သက်သောလုပ်ငန်းများ အထူး အဆင် ပြေ တတ် ပါတယ်။ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များရောင်းအား တတ်ပါလိမ့်မယ်။ လက်လျော့လိုက်ပြီး မလုပ်ဖြစ်ဘဲ ပစ် ထား တဲ့အလုပ်တွေကိုပြန်လည်လုပ်ကိုင်ဆောင်ရွက်ကြည့်ပါ။အထူးပဲအဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။ ငွေကြေး အတွက်လဲ ရပိုင်ခွင့်တွေကိုရလာပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်တဲ့ငွေများ၊လက်လွန်ထားတဲ့ငွေများ ပြန်ရလွယ်တဲ့ နေ့ ရက် တွေပါပဲ။

ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ် ခြင်း၊ သူငယ်ချင်းများနှင့်လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ် ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုး ခြင်းများ ကောင်း၏။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၆:၄၄)နာရီမှ ညနေ(၁၇:၃၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊  မေထုန်စန်း နေ့စက်(၁၂)နာရီ (၂၃)မိနစ်လွန် စန်း ကရကဋ်ရာသီသို့ ပြောင်း သည်။ပုဏ္ဏဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူ များဟာ အိုးကောင်း၊ အိမ်ကောင်း နေရာကောင်းတွေနဲ့နေထိုင်ရတတ်တယ်။ကျန်းမာရေးအားကောင်းကြသူများဖြစ်ပြီး တော်ရုံ နှာစေး ချောင်းဆိုးက အစ ဖြစ်လေ့မရှိပါ။ အမိအဘတွေနဲ့ ခွဲနေရတတ်တဲ့ကံမျိုးပါတာကို တွေ့ရပါ တယ်။ စန်းပွင့်ခြင်း၊ လူချစ် လူခင်များခြင်း စသော စန်းအားကောင်းသူ တွေဖြစ်ကြပါတယ်။ အခြေခိုင်မာမှုရှိ တာမို့ အလုပ်တစ်ခုကို သေချာတည်ဆောက်လုပ် ကိုင် ပြီးမှ တော်ရုံပျက်စီး ဆုံးရှုံးတော့မည်..မဟုတ်ပါ။ ငယ်ရွယ်စဉ် ကာလ တွေမှာ အရာရာစူးစမ်းပြီး လျှောက်ကလိ တာ မျိုးလုပ် တတ်တာမို့ မိဘတွေအနေနဲ့ ကလေးမသိတတ်တဲ့ကာလ တွေမှာတော့ အလွှတ်မဲ့ထားလို့မရ ပါဘူး။သေ ချာ ဂရုစိုက်စောင့်ရှောက် ဖို့လိုအပ်ပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၃၀) နာရီမှ နံနက်(၁၁:၅၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊  စနေ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊  ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်၊ရွှေအိုရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၈/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပရုတ်ဆီလေး အနည်း ငယ်လိမ်း သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်ဆွဲကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *