ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၅)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင် ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ကြာသပတေးမြေခံအရမိမိကြံစည်စိတ်ကူးထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ခိုင်ခန့် တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ် တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်တာမို့ အချိန်အခါ ရွေးပြီးမှဆောင်ရွက်ပါ။
ဒီနေ့ဟာ အမြိတ္တစုတ်၊ ရက်ကန်း၊ သမားညို၊ ရှမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ စိတ် ရဲ့အေးချမ်းမှုတွေ၊ တည်ကြည်ရှင်းသန့်မှုတွေကိုပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ဒီနေ့ဟာ အထူးမွန်မြတ်သောနေ့ရက်ပဲဖြစ်ပါတယ်။ အလုံးစုံသောမင်္ဂလာကိစ္စများ လဲဆောင် ရွက် လို့ကောင်းပါတယ်။ အဆင့် မြင့် အတတ်ပညာများလေ့လာရန်အခွင့်အရေးကြုံရတတ်ပါတယ်။ ကုန် သွယ်စီးပွား ရေးရာကိစ္စများဆောင်ရွက်နိုင်ပါ တယ်။ ရွှေငွေလက်ဝတ်ရတနာများဝယ်ယူမယ်ဆိုဒီနေ့ကအလွန် ကောင်းပါတယ်။
ဂါထာမန္တန်သိဒ္ဓိတင်ခြင်းတွေ၊အဓိဋ္ဌာန်ဝင်ခြင်းတွေ၊အိမ်ပြောင်းရွှေ့ခြင်းတွေ၊ အိမ်တတ်လုပ်ခြင်းတွေအတွက် အထူး ရက်ကောင်းတဲ့နေ့လဲဖြစ်ပါတယ်။ကုမ္ပဏီကိုစတင်ဖွင့်လှစ်ခြင်းတွေ၊ စက်ပစ္စည်းဝယ်ခြင်း၊ ထီထိုးခြင်း၊ငွေကြေးချေး ငှားခြင်းတွေကိုလဲ ဆောင်ရွက်လို့သင့်ပါတယ်။ အလုပ်တစ်ခုခုမှာ ရှယ်ယာစတင်ဝင်ရောက်ခြင်းများဒီနေ့မှာစတင် နိုင်ပါလိမ့်မယ်။
စိတ်ထဲလိုချင်နေတဲ့ငွေကြေးအကူအညီတွေ့လက်တွေ့ရလွယ်တဲ့နေ့ရက်လဲဖြစ်ပါတယ်။စိတ်နှလုံးအေးချမ်းအောင် ဆောင်ရွက်တဲ့ကိစ္စမှန်သမျှအဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းသစ်များစတင်ခြင်းတွေ၊ အလုပ်သစ်စတင်လျှောက်ခြင်း တွေအထူးကောင်းပါတယ်။ အသက်မွေးဝမ်း ကြောင်းပညာပဲဖြစ်ဖြစ်၊ ကျောင်းပညာရေးပဲဖြစ်ဖြစ် ပညာရပ်နှင့် ပတ် သက်သောအလုပ်စီးပွားများအထူးကောင်း ပါတယ်။
ရေနှင့်ပတ်သက်သော အချိုရည်၊အအေး၊ရေသန့်လုပ်ငန်းများ အထူးအောင်မြင်နိုင်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်တွေ မှာ တွေးနိုင်လေ စဉ်းစားနိုင်လေ လမ်းမှန်ပေါ်ရောက်လေပါပဲ။ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သံယော ဇဉ်ကို ဦးစားပေးပြီး လုပ်ကိုင်ဆောင်ရွက်မိရင်တော့ အမှားများတတ်ပါတယ်။သတိထားဖို့ပါ။
ဒီနေ့မှာရှောင်သင့်တာတွေကတော့ အရက်သေစာသောက်စားခြင်း၊ဆဲဆိုခြင်းတွေမလုပ်သင့်ပါ။ လုပ်မိပါကကံ အထူး ညံ့ သွားတတ်ပါတယ်။ ကောင်းသောစကားပြောပြီး ကောင်းစေလိုတဲ့စေတနာနဲ့ အကြံပေးပြောပြရင်တောင် အပြစ် မြင် တတ် တဲ့နေ့ရက်မျိုးပါပဲ။ နှုတ်နဲ့ပြီး ကိုယ်နဲ့မဆိုင်ရင်ဝင်မပါတာအကောင်းဆုံးပါပဲ။
ဖုသျှ နက္ခတ်ဖြစ်သည်။ထိုနက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ ပေါ့ပါးပြီး လျင်မြန်သော နက္ခတ်ဖြစ်ပြီးအားကစား၊ဇိမ်ခံပစ္စည်းများ၊ စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုသခြင်း၊ပညာ ရေးစတင်ခြင်း၊ ခရီး များစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ အလှဆင်ခြင်း၊ အနုပညာ လက် ရာ များ လေ့ကျင့် ခန်းနှင့် ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း (ဥယျာဉ် )၊ အထပ်မြင့် အဆောက် အဦး/အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများစသည့် အလုပ် များ ပြုလုပ်ရန်သင့်လျော် သည်။
အဆိုးအညံ့များ လွှမ်းမိုးနေသောနေ့ရက်ဖြစ်နေ၍ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။ အမြိတ္တစုတ်ရက် ဖြစ်နေ၍ ပြဿနာဟောင်းများကို အဆင်ပြေအောင် ဖြေရှင်းဆောင်ရွက်နိုင်မည်။ နံနက်(၈း၂၄)နာရီမှ နံနက်(၁၀း၄၈) နာရီအတွင်း ဆောင်ရွက်သောကိစ္စတို့မှ ကောင်းသော အကျိုးဆက်များ ရရှိမည်။ ငွေပေး၊ ငွေယူကိစ္စမှန်သမျှ သတိ နှင့် ဆောင်ရွက်လုပ်ကိုင်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၆:၄၁)နာရီမှ ညနေ(၁၇:၃၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီ နေ့မွေးသူများဟာအများအားဖြင့် စိတ်ချမ်းသာမှုကိုလိုလားကြပါ တယ်။ ပျော်ပျော်ပါးပါးနဲ့ စိတ်လက်ကြည် သာစွာ နဲ့ဘဝ ကိုဖြတ်သန်းလိုကြသူတွေဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစိုးရိမ် စရာမရှိပေမဲ့ အသုံးအဖြုန်းကြမ်းတဲ့ မိမိ စိတ်ကို တော့ပြုပြင်ဖို့အထူးလိုအပ်ပါတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ကံခေတတ်သူတွေဖြစ်တာမို့ ဒီနေ့မွေး ရင် သွေး ဟာ ယောကျ်ားလေးဖြစ်မယ်ဆိုရင် အိမ်ထောင်ရေးမှာ အားနည်းချက် ဖြစ်ပေါ်လာတတ်ပါတယ်။ ဘာသာ စကား သင်ကြားရ လွယ်ကူတဲ့သူတွေဖြစ်တာမို့ မိခင်ဘာသာစကားအပြင်အခြား ဘာသာ စကားတွေကိုလဲ ထူးထူး ခြား ခြား တက် မြောက်မဲ့ သူတွေအဖြစ်တွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉:၅၇) နာရီမှ နံနက်(၁၀:၅၁)နာရီအတွင်း ကျရောက် နေ ပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နက်ပြာရောင်၊အဖြူရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၈/၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာလူးကြော်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘယာကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695